ခရစ်တော်က ဖော်ပြခဲ့သည့် သမ္မာတရားကို အသိအမှတ်မပြုသည့် လူ့ ပြဿနာ၏ သဘောသဘာဝကား အဘယ်နည်း။ ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောမထားသည့် လူ၏အကျိုးဆက်ကား အဘယ်နည်း။

ခရစ်တော်က ဖော်ပြခဲ့သည့် သမ္မာတရားကို အသိအမှတ်မပြုသည့် လူ့ ပြဿနာ၏ သဘောသဘာဝကား အဘယ်နည်း။ ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောမထားသည့် လူ၏အကျိုးဆက်ကား အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယေရှုကလည်း၊… သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။ ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။… ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၈:၄၂-၄၇)

“ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား။” (၁ ရှင်ယောဟန် ၄:၂-၃)Read More »

Advertisements

【Live】ဧဝံဂေလိတရားဗီဒီယို – သခင် ပြန်ကြွလာပြီး စာစောင်ကို ဖွင့်လေပြီ

 

ကြည့်ရှုသူများ ခင်ဗျာ မင်္ဂလာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့@တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုကြတဲ့အတွက်@ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအားလုံးက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့@ စာစောင်ငယ်အကြောင်းကို သိကြပါတယ်။ ဒါပေမယ့် စာစောင်က ဘာကို ရည်ညွှန်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆရှိကြပါတယ်။ လူတစ်ချို့က စာစောင်ဟာ သမ္မာကျမ်းစာကို@ရည်ညွှန်းတာဖြစ်တယ်လို့ ယုံကြတယ်။ ဒါပေမဲ့ တချို့ကလည်း ကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့အတိုင်း ယုံကြည်ကြတယ်။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။… ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ… အဘယ်သူမျှမတတ်နိုင်။…တယောက်ကိုမျှ ရှာ၍မတွေ့…” (ဗျာဒိတ်ကျမ်း ၅:၁-၃) “ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီ” (ဗျာဒိတ်ကျမ်း ၅:၄-၅) စာစောင်ငယ်ကို တံဆိပ်ခုနှစ်ခုနဲ့ ခတ်ထားတယ်၊ စာစောင်ပါ အကြောင်းအရာကို ဗျာဒိတ်ကျမ်းထဲမှာ@မရေးမှတ်ထားဘူးဆိုတာနဲ့ ပြန်ကြွလာတဲ့ သခင်ကလွဲလို့@ဘယ်သူမှ ဒါကို မဖွင့်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ နေ့တိုင်း ကျမ်းစာကို ကျွန်တော်တို့ ဖတ်မှတော့ အဲဒါက ဘယ်လိုလုပ်ပြီး စာစောင်ငယ် ဖြစ်နိုင်မှာလဲဒီတော့ စာစောင်ငယ်က ဘာကို တကယ်ရည်ညွှန်းတာလဲ အဲဒါက ဘယ်လိုပွင့်မှာလဲ သခင်ယေရှု ပြောခဲ့တာက၊ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား@အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) သခင်က သူနောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ကို သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး@သမ္မာတရားအားလုံးဆီ လမ်းပြမယ်လို့@ပရောဖက်ပြုခဲ့တယ်။ အခုက နောက်ဆုံးသော ကာလရဲ့ အဆုံးသတ်ဖြစ်နေပါပြီသခင် ပြန်ကြွလာနှင့်ပြီးပြီဖြစ်သလို စာစောင်နဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်ပြီးပါပြီ။ ဒီတော့ ဖွင့်ထားပြီးဖြစ်တဲ့ ဒီစာစောင်က နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတဲ့ သခင် ဖော်ပြတဲ့ သမ္မာတရားနဲ့ ဘာများပတ်သက်မှုရှိပါသလဲ ဒီအရာအားလုံးအပြင် နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ပါ။Read More »

ဧဝံဂေလိ ဂီတ | ဘုရားသခင်ကိုသိသူမှ ဘုရားကို ကြောက်ရွံ့ရိုသေပြီး မကောင်းသော အကျင့်ကို ရှောင်နိုင်သည်

knows-God-can-fear-God

Myanmar Gospel song 2019 | ဘုရားသခင်ကိုသိသူမှ ဘုရားကို ကြောက်ရွံ့ရိုသေပြီး မကောင်းသော အကျင့်ကို ရှောင်နိုင်သည်


မကောင်းမှုကို ရှောင်ရန် ဘုရားရှင်ကို ကြောက်ရွံ့တတ်ရမည်။
ချစ်ကြောက် မှုကိုရရှိဖို့
သင်ဘုရားအကြောင်း သိရှိရမည်။
ဘုရားအကြောင်းသိဖို့ သူ့နှုတ်ကပတ်တော်
ကို လိုက်နာကျင့်သုံး
သူ့ဆုံးမပဲ့ပြင်မှု နှင့် စစ်ကြောစီရင်မှုကို မြည်းကြည့်
ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်
ဆက်စပ်နေသောအကြောင်းအရာများစွာရှိ
ဘုရားကို သိကျွမ်းခြင်းနှင့် သက်ဆိုင်သည်။
ဘုရား ကိုသိသူမှ ဘုရားကိုကြောက်ရွံ့ပြီး
မကောင်းမှုကို ရှောင်နိုင်သည်

Read More »

တရုတ်နိုင်ငံတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း

ခရစ်ယာန်, ဆုတောင်း, ပရောဖက်ပြုချက်, ယုံကြည်ခြင်း, အသင်းတော်

၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိခြင်းနှင့် ကျွန်ုပ်တို့၏ စစ်မှန်သည့်မေတ္တာတို့ဖြင့် ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတို့ကို ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများထံ သက်သေခံခဲ့ပါသည်။ ၎င်းတို့၏ခေါင်းဆောင်များထံမှ အစွန်းရောက်ခုခံမှုနှင့် အသရေဖျက်မှုတို့ခံရမည်ဟု ကျွန်ုပ်တို့ မျှော်လင့်မထားခဲ့မိပါ။ ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာဖြင့် ဆုတောင်းရန်နှင့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ အမှုပြုရန် တောင်းခံရေးအတွက်သာ အနန္တတန်ခိုးရှင်ဘုရားသခင် ထံတော်ရှေ့ လာနိုင်ကြပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးကျယ်လှသော အမှုကို ကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ နေရာအမျိုးမျိုးရှိ အသင်းတော်များ၏အဖွဲ့ဝင်ဦးရေ အလျင်အမြန်တိုးပွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများစွာ ဖြစ်ပေါ်ခဲ့ပြီး ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးမှ လူများစွာတို့သည် ဘုရားသခင်၏ ဗျာဒိတ်များကို လက်ခံရရှိခြင်း သို့မဟုတ် ထိုနိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို တွေ့ခဲ့ရခြင်းကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ပြန်လာခဲ့ကြ၏။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်က အမှုမပြုခဲ့ပါက လူသားအနေဖြင့် အဘယ်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့ အသိတရားရသွားသည်မှာ၊ ကျွန်ုပ်တို့သည် သမ္မာတရားအချို့ကို နားလည်သော်လည်း ကျွန်ုပ်တို့၏ လူသားခွန်အားနှင့်သာ အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပါ။ ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးမှလူများ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးနောက် ထိုသူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းဖြင့် ၎င်းတို့၏နှလုံးသားများတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို တဖြည်းဖြည်း သေချာသွားခဲ့ကြကာ အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းတို့တွင် စစ်မှန်သောယုံကြည်ခြင်းနှင့် နာခံမှုတို့ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဂိုဏ်းဂဏတိုင်းနှင့် ဂိုဏ်းကွဲတိုင်းမှလူတို့သည် ပလ္လင်တော်ရှေ့သို့ ချီမခြင်းခံခဲ့ရပြီး ၎င်းတို့စိတ်ကူးယဉ်ခဲ့သကဲ့သို့ “သခင်နှင့် မိုးကောင်းကင်တွင်ဆုံစည်း” ရန် မျှော်မှန်းမထားတော့ပေ။Read More »

Myanmar Gospel Song | ဘုရားဟာကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာလည်းရှိ

ကောင်းကင်ဘုံ, ခရစ်ယာန်သီချင်း, ဘုရားသခင်, ဘုရား၏အနန္တတန်ခိုး

Myanmar Gospel Song | ဘုရားဟာကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာလည်းရှိ


ဘုရားဟာ ကမ္ဘာမြေပေါ်ရှိစဉ် လူ့နှလုံးသားထဲမှာလက်တွေ့ကျ။
ကောင်းကင်ဘုံ ရှိစဉ် ဘုရားဟာ သတ္တဝါအားလုံးရဲ့
အုပ်စိုးသောအရှင် ဖြစ်တယ်
ဘုရားဟာ တောတောင်ရေမြေကို ကျော်ဖြတ် ခရီးနှင်ပြီး
လူသားမျိုးနွယ်အကြား ညင်သာစွာ လမ်းလျှောက်ခဲ့
ဘုရားဟာကောင်းကင်ဘုံနှင့် မြေကြီးပေါ်မှာလည်းရှိ
အရာ ခပ်သိမ်း ရဲ့အကြား မှာ ဘုရားသခင်ရှိ
လူအပေါင်း တို့ရဲ့ကြားမှာ ဘုရားသခင်ရှိ
လူဟာ ဘုရားနှင့် နေ့စဉ်ထိတွေ့နိုင် ပြီး
လူဟာ ဘုရားနှင့် နေ့စဉ်တွေ့လည်းတွေ့ မြင်နိုင်

Read More »

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် – ခရစ်ယာန်ဘာသာကို မည်သို့ နားလည်သင့်သနည်း (အပိုင်း ၆/၈)

ခရစ်ယာန်ဘာသာ၊ ကက်သလစ်အယူဝါဒနှင့် အရှေ့အောက်သိုဒေါ့စ် အသင်းတော်အားလုံးတို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်သည့် ဘာသာတရားများဖြစ်သည်မှာ အများက သိရှိထားသည့်အချက်ဖြစ်သည်။ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဖြစ်တည်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နိုင်ငံတော်ခေတ်ထဲက ခရစ်တော်၏ အသင်းတော်ဖြစ်ပြီး ခရစ်ယာန်ဘာသာ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်အသင်းတော်တစ်ခု ဖြစ်သည်ကို တရုတ်ကွန်မြူနစ်ပါတီက အဘယ်ကြောင့် ငြင်းဆိုပါသနည်း။ ခရစ်ယာန်ဘာသာဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။Read More »

ခရစ်တော်သည် ဘုရားသခင်၏သားတော်လော သို့မဟုတ် ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်လော။

ခရစ်တော်, ဆုတောင်း, ရွေးနှုတ်ခြင်း, သခင်ယေရှု, သမ္မာကျမ်းစာ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄: ၈-၁၁)Read More »

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ သန့်စင်ပေးပြီး ကယ်တင်သနည်း။

ကယ်တင်ခြင်း, ကယ်တင်ရှင်, ခရစ်တော်, ယုံကြည်ခြင်း, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂: ၄၇-၄၈)

“သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆: ၁၂-၁၃)Read More »

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် – ခရစ်တော်ကို စီစီပီမှ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းနောက်ကွယ်က တကယ့် ရည်ရွယ်ချက်များ (အပိုင်း ၇/၈)

ကျေးဇူးတော်ခေတ်၌ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ချိန်တွင် သူသည် အပြင်ပန်းမှ လူသားတစ်ဦးနှင့် တူသော်လည်း ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ခဲ့သည်။ ဤအရာက သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့နှစ်ဦးလုံးသည် လူ့ဇာတိ၌ရှိသော ခရစ်တော်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို ပြသပါသည်။ သို့သော် စီစီပီသည် ခရစ်တော်ကို ငြင်းပယ်ပြီး ရှုတ်ချဖို့ ၎င်း၏ အစွမ်းရှိသမျှ လုပ်ဆောင်နေသည်။ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်မှာ အဘယ်နည်း။Read More »

ဧဝံဂေလိ၏ ဂီတ | ဘုရားရဲ့အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်

ကယ်တင်လွတ်မြောက်ခြင်းအမှု, ကယ်သင်ခြင်း, ဧဝံဂေလိတရား, ဧဝံဂေလိ၏ ဂီတ

Myanmar new Gospel song 2019 | ဘုရားရဲ့အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်

I
ဘုရားအမှုတော်၊ အမှုတော်၊ ဘယ်သူမှဘယ်တော့မှ မဟန့်တားနိုင်။
ဘုရားသည် အာဗြံဟံ
ကိုသားတစ်ယောက်ရမယ်လို့ ကတိပေးခဲ့တုန်းက
မဖြစ်နိုင်ဘူးလို့ သူထင်ခဲ့
လူတွေ ဘာလုပ်လုပ်
ဘယ်လို တွေးတွေးဘုရားနဲ့မသက်ဆိုင်ပါ။
အားလုံးဟာ ဘုရားအချိန်နဲ့ အစီအစဉ်အတိုင်း
ရှေ့ဆက်သွားမှာပါ။ ဒါဟာသူ့အမှုတော်ရဲ့ နိယာမပါ။
လူနှင့်အရာခပ်သိမ်းသည်
ဘုရား၏ စီမံခန့်ခွဲမှု ကိုမထိပါးနိုင်။
အားလုံးဟာ အစီအစဉ်တိုင်း ပြီးမြောက်မယ်
အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်၊ ဘယ်တော့မှ မဟန့်တားနိုင်ပါ။
အမှုတော်ကို ဘယ်တော့မှမဟန့်တားနိုင်

Read More »