ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, ဆုတောင်း, သက်သေခံချက်များ, သမ္မာတရား, အသင်းတော်

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ

identity-and-position-of-God

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ

I
အရာခပ်သိမ်းအား ဘုရားပိုင်တယ်
အရာခပ်သိမ်းအား ခန့်ခွဲသောဘုရား
အားရာအားလုံးအား သူပေး
ဘုရားရဲ့နေရာနှင့် သဘာဝ
အရာခပ်သိမ်းတို့ရဲ့အရှင် အရာအားလုံးဖန်ဆင်းရှင်
အရာခပ်သိမ်းတို့၌ ပင်ကိုလက္ခဏာ တစ်မူထူးခြား
လူသားနဲ့ ဝိညာဉ်တွေ ဖန်ဆင်းခြင်းခံသတ္တဝါ
ဘယ်အကြောင်းကြောင့်ဖြစ်စေ
ဘုရားနေရာ မဝင်ရောက်နိုင်ရာ
အာဏာတန်ခိုးခပ်သိမ်း ပိုင်သူ
အရာအားလုံး အုပ်စိုးသူ
သူဟာ ဒို့အားလုံးရဲ့ တစ်ပါးတည်းသောဘုရားဖြစ်သည်
ဘုရားဖန်ဆင်းခြင်းထဲ၌ အသက်ရှင် သွားလာနိုင်သည်
အရာအားလုံးထက် သူ မြင့်မားစွာ ဝဲပျံနိုင်သည်
သူ နှိမ့်ချလျှက် ကိုယ်တိုင်လူ့ဇာတိ ခံယူပြီး
ပူဆွေး ဝမ်းနည်းမှု ပျော်ရွှင်ခြင်းတွေ မျှရင်း
တစ်ချိန်တည်းစီမံအုပ်ချုပ်မှု
ကံကြမ္မာခပ်သိမ်းတွေရဲ့အတွက်
ဦးတည်ချက်တို့သတ်မှတ်
လူ့ကံကြမ္မာလမ်းမှန်ပြရင်း
အသက်ရှိလူတိုင်း သိကျွမ်းသင့်သော ဘုရားသခင်ဖြစ်သည်
လူသားမျိုးနွယ်စုတိုင်း
ဘုရားကို ယုံကြည်ကိုးစား
နောက်တော်လိုက်၍ ဘုရားအုပ်စိုးခံစေပါ
သူ့ အုပ်စိုးခြင်းအားလက်ခံ ကံကြမ္မာအား စီမံပေး
လူသားအားလုံးနဲ့ အသက်ရှိသူတိုင်းအတွက်
တစ်ခုတည်းသော ရွေးမည့်အရာ သင် ရွေးရမည့်အရာ ဖြစ်သည်

Read More »