ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်) Lyrics

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်) Lyrics

ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာဝန်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။Read More »

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း

ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ, ဧဝံဂေလိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။Read More »