ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့

ကယ်တင်ခြင်း, ကရုဏာ, သက်သေခံချက်, သမ္မာတရား, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။Read More »