အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်လော။

ဆုတောင်း, ယေရှု, ဝိညာဉ်တော်, သခင်ယေရှု, သမ္မာတရား

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့၏။ ပညတ်တော် ကာလတွင် ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်များကို ထုတ်ပြန်လျှက် လူသား မျိုးနွယ်၏ဘဝကို လမ်းပြကာ လူသားတို့အား ဘုရားသခင်ကို ကိုးကွယ်ရမည် ဖြစ်ကြောင်းနှင့် အပြစ်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်းတို့ကို အသိပေးခဲ့၏။ သို့ရာတွင် ပညတ်တော်ကာလ၏ နောက်ဆုံးအဆင့်များ ရောက်လာသည့်အခါ လူသားမျိုးနွယ်၏ ပျက်စီးမှုသည် ပိုမိုပြင်းထန်လာကာ လူတို့သည် ပညတ်များကို မကြာခဏ ချိုးဖောက်လျှက် ယေဟောဝါကို ပြစ်မှားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ ချိုးဖောက်မှုများကြောင့် ပြစ်တင် ရှုတ်ချခံရခြင်းနှင့် အသတ်ခံရခြင်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားအသွင်ခံယူလျှက် သခင်ယေရှု ဖြစ်လာ၏။ လူသားမျိုးနွယ်အတွက် သူသည် လက်ဝါး ကပ်တိုင်တွင် သံမှိုဆွဲရိုက်ခံရကာ လူသားကို အပြစ်မှ ကယ်နုတ်ခဲ့၍ လူတို့အား ဘုရားသခင် ရှေ့မှောက်လာကာ ဘုရားသခင်ကို ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ အပြစ်များအတွက် ခွင့်လွှတ်ခံရခြင်းနှင့် ဘုရားသခင်၏ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများ၏ ကြွယ်ဝမှုအောက်တွင် နေထိုင်ခြင်းများ ပြုလုပ်နိုင်စေခဲ့၏။ သို့ရာတွင် လူတို့၏ အပြစ်များသောသဘာဝကို ဖြေရှင်းရန်လိုသေးလျှက် ထိုသူတို့သည် မကြာခဏ အပြစ် ကျူးလွန်ခဲ့၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုခံယူကာ တဖန်ပြန်၍ ဇာတိပကတိခံယူခဲ့သည်။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း၊ လူသားမျိုးနွယ်၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခြင်း၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ်မှ နာခံမှုမရှိခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ရပ်စဲစေခြင်း၊ လူသားတို့ ဘုရားသခင်ကို အမှန်စင်စစ် လိုက်နာကာ ကိုးကွယ်ခြင်းနှင့် အဆုံးတွင် သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိစေခြင်းစသည့် သခင်ယေရှု၏အမှုကို အခြေခံလျှက် ကယ်တင်ခြင်းနှင့် သန့်စင်ခြင်းတို့အတွက် သမ္မာတရားခပ်သိမ်းကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်။ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏အမှုတို့သည် ကွဲပြား၍ ခံယူခဲ့သော နာမတော်များနှင့် ဖော်ပြခဲ့သော စိတ်နေသဘောထားတို့ ကွဲပြားသော်လည်း သူ၏အမှု၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသားကို ကယ်တင်ရန်ဖြစ်ကာ အမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောကြားသည့်အတိုင်း “ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။Read More »