သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ကျေးဇူးတော်, ခရစ်တော်, သခင်ယေရှု, သမ္မာကျမ်းစာ, ဧဝံဂေလိတရားတော်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။Read More »