အခြားလူများနှင့် အတူ အလုပ်လုပ်ဖို့ ကျွန်မ သင်ယူခဲ့သည်

ခရစ်ယာန်, ဆုတောင်း, သမ္မာတရား, အသင်းတော်, ဧဝံဂေလိ

လီဟန်၊ ကျင်းရှီစီရင်စု

ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။Read More »

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

I
နှစ်ထောင်ချီ ကုန်လွန်
ဘုရားပေးသော အလင်းနဲ့လေထုကိုလူသားများ ရရှိခံစားဆဲ
ဘုရားကိုယ်တိုင် မှုတ်သွင်းသော ဇီဝအသက်နဲ့
လူသားတို့ အသက်ရှင်နေဆဲ
ဘုရားဖန်ဆင်းသော လက်ရာ ပင်လယ်ငါးများ၊
ကျေးငှက် နှင့် ပန်းမန်များ၊
ပိုး မွှားများနဲ့ လူသားများ သာယာနေဆဲ
ဘုရားပေးသော အရာအားလုံးတို့၌ လူသားများ ပျော်မွေ့
နေ့နဲ့ည ရယ် အလှည့်ကျပြောင်းလဲလျက်ရှိ
ရာသီဥတုတွေ ပုံမှန် လှည့် ပတ် ဆဲ
မိုးပေါ်ပျံသော ဘဲငန်းများ ဆောင်းခါ ထွက်ခွာ၍
နွေမှာ ရောက်လာကြ
ရေမှာ ကူးခပ်နေသော ငါးများ သူတို့နေထိုင်ရာ
မြစ်နဲ့အင်းအိုင်တွေက လုံးဝ မခွာ
နွေအချိန်များတွင် မြေ ပြင် ပေါ်ရှိ ပုစဉ်းရင်ကွဲလေးများ
ရွှင်မြူးစွာ ဟစ်အော်ကြ
ဆောင်းရာသီ မြက်ခင်းတွေကြားက
ပုရစ်တွေ လေညင်းနဲ့အတူ တေးဆို ကြ
ဘဲငန်းများ က အုပ်စုဖွဲ့ကာ သိမ်းငှက်များ က တစ်ကိုယ်တည်းနေ
သမင်တွေ မြက်ပင်၊ ပန်း ပင် နဲ့ မကွဲမကွာရှိစဉ်
ခြင်္သေ့တွေ က အစာရှာ
ခပ်သိမ်းသောအရာများ၌ သက်ရှိသတ္တဝါတိုင်း
ထပ်ခါခါ ရောက်လာလိုက်၊ ထွက်သွားလိုက်

Read More »