ဧဝံဂေလိ ဂီတ | လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်

ကယ်တင်ခြင်း, ခရစ်ယာန်ဓမ္မသီချင်း, သခင်ယေရှု, အသက်, MYANMAR GOSPEL SONG

အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်

Read More »

Advertisements

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။

ကျေးဇူးတော်, ခရစ်ယာန်ဘာသာ, ယေရှု, ရွေးနှုတ်ခြင်း, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။Read More »

စာတန်၏ ချည်နှောင်ခြင်းများကို လွှတ်ချခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်

စာတန်၏ ချည်နှောင်ခြင်းများကို လွှတ်ချခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်

မိုမို ဟီပိန်းမြို့၊ အန်ဟွိုင်ဒေသ

ကျွန်မ ဘုရားသခင်ကို မယုံကြည်မီက မည်သည့်အရာကိုပြုသည်ဖြစ်စေ နောက်မှာကျန်ခဲ့ခြင်း မျိုး မည်သည့်အခါမျှ မဖြစ်လိုပါ။ ကျွန်မက အားလုံးထက်သာနေသရွေ့ မည်သည့် အခက်အခဲမျိုးကိုမဆို လက်ခံရန် ဆန္ဒရှိပါသည်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင် ကျွန်မ၏ သဘောထားက ထိုအတိုင်းသာဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်”အနာမခံရင် အသာမစံရ ဘူး”ဆိုသည့် စကားပုံကို ကျွန်မ ခိုင်မာစွာယုံကြည်ခဲ့ပြီးလျှင် ကျွန်မ၏ ထိုစိတ်သဘောထားကို ကျွန်မ၏ တွန်းအားအတွက် သက်သေအနေဖြင့် မြင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မအား သမ္မာတရားကိုဖွင့်ပြသည့်အခါတွင် နောက်ဆုံး၌ ကျွန်မသည် စာတန်ချည်နှောင်မှု အောက်တွင် အသက်ရှင်နေထိုင်နေကြောင်း၊ သူ့၏ အုပ်စိုးမှု အောက်တွင် နေထိုင်နေကြောင်း ကျွန်မ သိမြင်ခဲ့ရသည်။Read More »

Myanmar Gospel song (ခရစ်တော်ရဲ့အမှုတော်နဲ့ဖော်ပြချက်သည် သူ့ပင်ကိုသဘာဝကို အတည်ပြု)

I
ခရစ်တော်ရဲ့ ပင်ကိုသဘာဝကို
သူ့အမှုတော်နှင့် ဖွင့်ပြချက်များက အတည်ပြု
နှလုံးသားစစ်နဲ့ ယုံကြည်သူကို သူ စုံလင်စေ
ကောင်းကင်ဘုံ ဘုရားသခင်ကို သူ ကိုးကွယ်၊
အဖရဲ့အလိုတော်ကို ရှာဖွေ
၎င်းအချက်အားလုံး သူ့သဘာဝ၏ အတည်ပြုချက်များပင်
သူ့ပင်ကို သဘာဝ၏ ဖွင့်ပြချက်များပင်
သူ၏ဖွင့်ပြချက်များသည် တုပထားခြင်းမဟုတ်ပါ
နှစ်ပေါင်းများစွာ လူတို့၏ သင်ယူလေ့လာခြင်းမှမဟုတ်
သူ့ကိုယ်သူ လေ့လာရရှိသည်မဟုတ််ပါ၊ မွေးရာပါပင်ကို ဖြစ်တာ

Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း

I
ဘုရားသခင်ခြေရာတော်များအားကျွန်ုပ်တို့ရှာဖွေနေသည်ဖြစ်၍၊
ဘုရား၏အလိုတော်အားရှာဖွေ ဖို့ ရှာဖွေရအုံးမည်၊
နူတ်ကပတ်တော်နှင့်ဖွင့်ဟခြင်းများရှာဖွေရအုံးမည်။
နူတ်ကပတ်တော်နှင့်ဖွင့်ဟခြင်းများရှာဖွေရအုံးမည်။
ဘုရား၏အသစ်သောစကားရှိသောအရပ်တွေမှာ
ဘုရားသခင်၏အသံတော်ရှိ၊ အသံတော်ရှိလေ၏
ဘုရား၏ခြေလှမ်းများရှိသောအရပ်တွေမှာ
ဘုရား၏ဆောင်ရွက်မှုရှိ၊ ဘုရား၏ဆောင်ရွက်မှုများရှိ။
ဘုရား၏ဖော်ပြချက်ရှိသောအရပ်တွေမှာ
ဘုရားသခင်၏ ပေါ်ထွန်းခြင်းထိုရပ်၌ရှိပါ၏
ဘုရား၏ ပေါ်ထွန်းခြင်း ရှိသောအရပ်တွေမှာ
သမ္မာတရား၊ လမ်းခရီး အသက်လည်း ရှိပါ၏

Read More »

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည်

all-things-are-perfect

ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ မွေးမြူရေးသတ္တဝါများ အပါအဝင်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့်၊ မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင် ဤအရာများ အားလုံးသည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သည်၊ ထို့အပြင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင်ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့်အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် သတ္တဝါအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ ကွဲပြားမှုများနှင့်မဆိုင်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခြင်းခံရသည်။…Read More »

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလောာ) အပိုင်း နှစ်

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”Read More »

ခရစ်ယာန်ဘာသာ ရုပ်ရှင် (ကောင်းကင်နိုင်ငံတော်သားများ)

သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ရိုးသားသော သူတို့သာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်၊ ရိုးသားသော သူတို့သာ နိုင်ငံတော်၏ လူများ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ ဤရုပ်ရှင်က ခရစ်ယာန်ဖြစ်သည့် ချင်နူ၏ ဘုရားနှုတ်ကပတ်တော်နှင့် ဆိုင်သော အတွေ့အကြုံ နှင့် ဘဝတွင် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့ ရှာဖွေခြင်းဖြစ်စဉ်ကို ပြောပြပါသည်။ ချင်နူမှာ ဆရာဝန်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူမ၏ နေ့စဉ်အသက်တာတွင် သူမ၏ ကိုယ်ကျိုးနှင့် ဂုဏ်ကို ထိခိုက်စေသည့် အမှုအရာများနှင့် ကြုံရချိန်တွင် သူမသည် လိမ်လည်ပြီး မလှည့်ဖြားပဲ မနေနိုင်သေးပါ။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံဆုံရာတွင်၊သူမသည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်သည်၊ သို့သော် တစ်ချိန်ပြီးတစ်ချိန် သမ္မတရားကို ရှာဖွေခြင်းမှတဆင့်၊ သူမ၏ မရိုးသားမှုနှင့် တကိုယ်ကောင်းဆန်မှု၊ စိတ်မချရသော ဆိုးယုတ်သည့် သဘာဝတို့၏ အရင်းအမြစ်ကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်။ သူမ၏ လိမ်လည်တတ်မှုနှင့် သူမ၏ နှလုံးသားထဲရှိ မရိုးသားမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား သူမ စတင် အာရုံစိုက်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သူမ၏ တာဝန်ကို ထမ်းဆောင်စဉ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြီးအကျယ် ညှင်းဆဲမှုခံရချိန်တွင်၊ သူမသည် မုသားတစ်ခုကို ပြောမည့်အစား သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ ငြင်းဆိုခဲ့သည်။ သူမသည် ဘုရားသခင်အတွက် နှစ်သက်ဖွယ်ဖြစ်သော၊ ထူးကဲသော သက်သေကို ခံခဲ့သည်။ ချင်နူသည် တဖြည်းဖြည်း ရိုးသားသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ နာခံနိုင်လာသည်။ ဤသို့ဆိုလျင် သူမ၏ ဇာတ်လမ်းသည် အမှန်တကယ်တွင် မည်သို့နည်း။Read More »

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, ဆုတောင်း, သက်သေခံချက်များ, သမ္မာတရား, အသင်းတော်

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ

identity-and-position-of-God

ခရစ်ယာန်သီချင်း | ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ

I
အရာခပ်သိမ်းအား ဘုရားပိုင်တယ်
အရာခပ်သိမ်းအား ခန့်ခွဲသောဘုရား
အားရာအားလုံးအား သူပေး
ဘုရားရဲ့နေရာနှင့် သဘာဝ
အရာခပ်သိမ်းတို့ရဲ့အရှင် အရာအားလုံးဖန်ဆင်းရှင်
အရာခပ်သိမ်းတို့၌ ပင်ကိုလက္ခဏာ တစ်မူထူးခြား
လူသားနဲ့ ဝိညာဉ်တွေ ဖန်ဆင်းခြင်းခံသတ္တဝါ
ဘယ်အကြောင်းကြောင့်ဖြစ်စေ
ဘုရားနေရာ မဝင်ရောက်နိုင်ရာ
အာဏာတန်ခိုးခပ်သိမ်း ပိုင်သူ
အရာအားလုံး အုပ်စိုးသူ
သူဟာ ဒို့အားလုံးရဲ့ တစ်ပါးတည်းသောဘုရားဖြစ်သည်
ဘုရားဖန်ဆင်းခြင်းထဲ၌ အသက်ရှင် သွားလာနိုင်သည်
အရာအားလုံးထက် သူ မြင့်မားစွာ ဝဲပျံနိုင်သည်
သူ နှိမ့်ချလျှက် ကိုယ်တိုင်လူ့ဇာတိ ခံယူပြီး
ပူဆွေး ဝမ်းနည်းမှု ပျော်ရွှင်ခြင်းတွေ မျှရင်း
တစ်ချိန်တည်းစီမံအုပ်ချုပ်မှု
ကံကြမ္မာခပ်သိမ်းတွေရဲ့အတွက်
ဦးတည်ချက်တို့သတ်မှတ်
လူ့ကံကြမ္မာလမ်းမှန်ပြရင်း
အသက်ရှိလူတိုင်း သိကျွမ်းသင့်သော ဘုရားသခင်ဖြစ်သည်
လူသားမျိုးနွယ်စုတိုင်း
ဘုရားကို ယုံကြည်ကိုးစား
နောက်တော်လိုက်၍ ဘုရားအုပ်စိုးခံစေပါ
သူ့ အုပ်စိုးခြင်းအားလက်ခံ ကံကြမ္မာအား စီမံပေး
လူသားအားလုံးနဲ့ အသက်ရှိသူတိုင်းအတွက်
တစ်ခုတည်းသော ရွေးမည့်အရာ သင် ရွေးရမည့်အရာ ဖြစ်သည်

Read More »