
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။…” “ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန် ၁၄:၆၊၁၀-၁၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။Read More »