Clip 5 နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းကြား ဆက်နွယ်မှု

ဘာသာရေးလောကတွင်၊ သခင့်အမည်နာမကို သိမ်းဆည်းသရွေ့၊ သခင်၏ ကတိတော်ကို ခိုင်မြဲစွာ ယုံကြည်ပြီး သခင့်အတွက် အပင်ပန်းခံပြီး အလုပ်လုပ်သရွေ့၊ သခင်ပြန်လည်ကြွလာသည့်အခါတွင် ချီဆောင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု ယုံကြည်သူ များစွာရှိသည်။ သခင့်ကို ဤနည်းဖြင့် ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်ပါသလား။ ကျွနု်ပ်တို့သည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်မခံလျှင် ကျွနု်ပ်တို့သည် အတိအကျ မည်သို့ဖြစ်မည်နည်း။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည် “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။… ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)။ ပို၍ အသေးစိတ် နားလည်ရန် ကျေးဇူးပြု၍ ဤ တိုတောင်းသည့် ဗီဒီယိုအား ကြည့်ရှုပါ။

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ကခုန် ချီးမွမ်းခြင်း | ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ

အမှုတော် ဆောင်ရွက်ကာ လူကို ကယ်တင်ဖို့
နောက်ဆုံးသောကာလ၏ ခရစ်တော် ပေါ်ထွန်းခဲ့ပြီ။
လူကို ရေလောင်းခြင်း၊ ကျွေးမွေးခြင်းနဲ့ လမ်းပြခြင်းအားဖြင့်
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သူ ထုတ်ဖော်ပြသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည်
နွေးထွေးမှုနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။
ကျွန်ုပ်တို့ နှလုံးသားကို သိမ်းပိုက်တော်မူသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား ကျွန်ုပ်တို့ စားသောက်ပြီး
ခံစားနှစ်သက်ကြသည်။
စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊
ဆင်ခြင်တွေးတောခြင်း၊ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်
သန့်ရှင်းသောဝိညာဉ်တော်သည်
ကျွန်ုပ်တို့ကို ဉာဏ်အလင်းဖွင့်ပြပြီး
သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကြသည်။
လောကီရေးရာ နှောင်ကြိုးများကို ကျွန်ုပ်တို့ ဖယ်ရှားပြီး
ကျွန်ုပ်တို့ တာဝန်ကို ထမ်းဆောင်သည်။Read More »