သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် သူတို့၏ အပြစ်များသည် ဖြေလွှတ်ခြင်းခံရပြီးဖြစ်သည်၊ သူတို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းရရှိပြီဖြစ်သည်၊ ထို့အပြင် လူတစ်ယောက်သည် ကယ်တင်ခြင်းခံရပြီးသည်နှင့် ထာဝရကယ်တင်ခြင်းခံရပြီးဖြစ်သည်၊ ပြီးလျှင် သခင်ယေရှုပြန်လည်ကြွလာသည်နှင့် သူတို့သည် ချီဆောင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ သို့သော် သခင်ယေရှုက မိန့်မြွက်ခဲ့သည်။ “သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) “သခင်၊ သခင်” ဟုခေါ်သည့် ဤလူတို့သည် သခင့်အပေါ် သူတို့၏ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းခံရပြီးသူတို့ဖြစ်ကြသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူတို့ထဲမှ လူတိုင်း ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်သနည်း။ မည်သို့ ဖြစ်နေပါသနည်း။ ကယ်တင်ခြင်းခံရခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့ကြားရှိ ဆက်နွယ်ပုံသည် အတိအကျ မည်သို့ဖြစ်သနည်း။
မြင်ကွင်းများ
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family
Myanmar Christian Movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)