ဘုရားသခင်၏ စကားတော် | မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်

ကယ်တင်ခြင်း, ယုံကြည်ခြင်း, သမ္မာတရား, အသင်းတော်

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရသည့် အတိုင်းအတာအထိ ကျယ်ပြောရုံမက လူကိုယ်တိုင် မိမိ၏ပုန်ကန်သည့် အမူအကျင့်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အထိ ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံခဲ့ရသည့် အတွက် သူသည် ဘယ်ကိုဦးတည်သွားရမည်ကို မသိပေ။ ယနေ့တိုင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်ကို မမြင်မတွေ့နိုင်သော အခါတွင်လည်း သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်ကို သစ္စာဖောက်ကြသော သူများပင် ရှိသေးသည်။ ထိုကြောင့် လူ့အသိဉာဏ်သည် နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိစိတ်သည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲ၊ အဆိပ်ပြင်းသော မြွေဖြစ်သည်။ ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်အောင် မည်မျှကြိုးစားသော်လည်း ငါသည် သူ့ကို မည်သည့်အခါမျှ သနားမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသားသည် အသိဉာဏ် ထုံထိုင်းလှသော်လည်း ကောင်းကြီးမင်္ဂလာများကို ရရှိရန် တောင့်တဆဲရှိသည်။ သူ၏ လူ့သဘောသဘာဝသည် အလွန်သိက္ခာမဲ့လျက်ပင် သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒပြုဆဲရှိသည်။ ထိုကဲ့သို့သော အသိဉာဏ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘောသဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် မည်သို့တက်ထိုင်အံ့နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပါတကား။ စိတ်ပျက်ဖွယ်ကောင်းသော စိတ်ကြီးဝင်နေသူ ဖြစ်သည်။ သင်တို့ အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများသည် ကြည့်မှန်ယူ၍ အကျည်းတန်သော မိမိ၏ ရုပ်သွင်ကို ရှုစားကြရန် ငါတိုက်တွန်းသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ထိုက်သော ဥပဓိရုပ် ရှိသလော။ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်သူ၏ မျက်နှာမျိုးကို ပိုင်ဆိုင်ခြင်းရှိသလော။ Read More »

ဘုရားသခင်၏ ပြောဆိုသံ | ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လတံ့သော သူတို့သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေအနှစ်ကို ရရှိမည့်သူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ခံယူကြကာ၊ ထိုအရာသည် သူတို့အထဲတွင် ရှိသောအရာများ ဖြစ်လာ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သူတို့၏အထဲတွင် ပြုပြင်ပုံသွင်းသည်။ ဘုရားသခင်၏ ဖြစ်ခြင်းမှာ မည်သို့ပင်ဖြစ်ပါစေ၊ သူဖြစ်သည့်အတိုင်းကို သင်တို့သည် တိတိကျကျ ရရှိနိုင်သည်။ ထိုသို့ သမ္မာတရားနှင့်အတူ အသက်ရှင်ကြသည်။ ဤလူမျိုးသည်ပင်လျှင် ဘုရားသခင် စုံလင်စေသူ၊ ရရှိသောသူဖြစ်၏။”

ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)