ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ သင်တန်းထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ်အသက်တာများထဲ၌ ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပျက်ခြင်းများ ရပ်စဲသွားရမည်၊ ယင်းကဲ့သို့သော ယခင်က အသက်တာများသည် ဘုရားသခင် သတ်မှတ်ထားသော စံချိန်များကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပါ။ အကယ်၍ သင်သည် အလျင်စလိုဖြစ်စရာ တစ်ခုမျှမရှိဟု ခံစားရပါက သင်သည် သင့်ကိုယ်သင် တိုးတက်အောင်လုပ်ရန် ဆန္ဒမရှိကြောင်း၊ သင်၏အသက်ရှင်လိုက်စားမှုမှာ ဇဝေဇဝါဖြစ်ပြီး ရှုပ်ထွေးနေကြောင်းသာမက သင်သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ကြောင်း ဤအရာက ပြသနေသည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ လူများ၌ရှိသော အသက်တာ စတင်ခြင်းကို ဆိုလိုသည်၊ ထိုသို့သော သင်တန်းကို လက်ခံရန် သင်ဆန္ဒ ရှိသလော။ သင်၌ အလျင်စလိုဖြစ်သော အသိစိတ်ရှိရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ထံသို့ ရောက်လာ၍ သင့်အားစမ်းသပ်သည့်အခါ သင်မည်ကဲ့သို့ ပြုမည်နည်း။ ထို့နောက်အရာအားလုံးတို့အား အရှိကို အရှိအတိုင်း ကြုံတွေ့သည့်အခါ သင်ဘာလုပ်မည်နည်း။ အတိတ်က သင်၏အာရုံသည် အသက်တာအပေါ် မရှိခဲ့ပါ၊ ယနေ့ သင်သည် အသက်တာ၏ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး သင်၏ အသက်တာ စိတ်နေသဘောထားထဲ၌ အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာသည် နိုင်ငံတော်သားများ ရယူရမည့်အရာဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံး၌ အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ သင်တန်းကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်တာစိတ်နေသဘောထားအတွင်း အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာမှာ နိုင်ငံတော်သားများအား ဘုရားသခင် သတ်မှတ်သောအရာဖြစ်သည်။Read More »