ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်

ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်

လက်တွေ့ကျခြင်းကိုသိခြင်းနှင့် ဘုရားသခင်၏အလုပ်ကို ရှင်းလင်းစွာမြင်နိုင်ခြင်းတို့အားလုံးကို သူ၏နှုတ်ကပတ်တော်တွင် တွေ့ရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ ဉာဏ်အလင်းကို ရရှိနိုင်သောကြောင့် သင့်ကိုယ်သင် သူ၏နှုတ်ကပတ်တော်များဖြင့် ပို၍တပ်ဆင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှရရှိသော သင်၏နားလည်မှုကို မိတ်သဟာယဖွဲ့ခြင်း၌ မျှဝေလော့။ သင်၏မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အခြားသူများသည် ဉာဏ်အလင်းကို ရရှိနိုင်ပြီး ထိုအရာသည် လူများကို လမ်းကြောင်းထဲသို့ ပို့ဆောင်နိုင်သည်၊ ထိုလမ်းကြောင်းသည် လက်တွေ့ကျ၏။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီ သင်တို့ အယောက်တိုင်းသည် သူ၏နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် တပ်ဆင်ခြင်းကို ဦးစွာ လုပ်ရမည်။ ထိုအရာသည် လူတိုင်းလုပ်သင့်သောအရာဖြစ်ပြီး အရေးတကြီးဦးစားပေးရမည့်အရာတခု ဖြစ်သည်။ ပထမဦးဆုံးလုပ်ရမည့်အရာမှာ သူ၏နှုတ်ကပတ်တော်များကို စားသောက်နိုင်ရန် ဖြစ်သည်။ သင်မလုပ်နိုင်သောအရာများအတွက် သူ၏နှုတ်ကပတ်တော်များထဲမှ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်း တစ်ခုကို ရှာဖွေပြီး သင်နားမလည်သော အကြောင်းအရာများ သို့မဟုတ် သင်၌ရှိသောအခက်အခဲ တစ်စုံတစ်ရာအတွက် သူ၏နှုတ်ကပတ်တော်ထဲတွင် ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင့်အထောက်အပံ့ဖြစ်စေလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းဖို့ကူညီခွင့်ပြုပြီး သင့်ဘဝတွင် သူ၏နှုတ်ကပတ်တော်များကို သင့်အကူအညီဖြစ်လာရန် ခွင့်ပြုလော့။ ထိုကဲ့သို့ဖြစ်လာရန် သင့် ကြိုးပမ်းမှု လိုအပ်သည်။ ရလဒ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်အား စားသောက်ခြင်းမှ ရရှိရမည်။ သင်သည် သူ့ရှေ့တွင် သင့်နှလုံးသားကို တည်ငြိမ်အောင်ထားပြီး ပြဿနာများ တွေ့ကြုံသောအခါ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်နိုင်ရမည်။ သင် မည်သည့်ပြသနာများကိုမျှ တွေ့ကြုံရခြင်း မရှိသောအခါတွင် စားသောက်ရုံသာ လုပ်လော့။ တစ်ခါတစ်ရံ သင်ဆုတောင်းပြီး ဘုရားသခင်၏မေတ္တာကို စဉ်းစားနိုင်သည်၊ သူ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအပေါ် မိတ်သဟာယဖွဲ့နိုင်သည်၊ သင့်အထဲတွင် ကြုံတွေ့ရသော ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့အပေါ်နှင့် နှုတ်ကပတ်တော်များကို ဖတ်သောအခါ သင်ရရှိသော တုံ့ပြန်မှုတို့ကို မိတ်သဟာယဖွဲ့နိုင်ပြီး လူများကို လမ်းကြောင်းသို့ ပို့ဆောင်နိုင်သည်၊ ယင်းသည် လက်တွေ့ကျ၏။ ထိုကဲ့သို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ဖြစ်လာ ခွင့်ပြုရန် ဖြစ်သည်။Read More »