ဧဝံဂေလိရုပ်ရှင် | အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်

Chinese Christian Zheng Yi and his sister have accepted God’s gospel of the last days, but they are faced with the strong obstruction and coercion of their father who is a minister at a municipal United Front Work Department—this gives rise to an intense spiritual battle within the family. Zheng Yi and his sister use Almighty God’s words to refute the CCP government’s lies and rumors one by one, but out of angry desperation, their father heartlessly expels his son, daughter, and wife from the house in order to hold on to his own official position…. Brother and sister resolutely choose to follow Christ; they continue to spread and bear witness to God’s appearance and work in the last days.Read More »

Myanmar Gospel Movie Clip 5 (နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်းကို ကြုံရခြင်းနှင့် စာတန်၏ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

သမ္မာကျမ်းစာ၌ဆိုသည်ကား“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (၁ပေ ၄:၁၇) နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်မှ လူကို သန့်စင်စေပြီး ကယ်တင်သော သမ္မာတရားအားလုံးကို ဖော်ပြပြီး သူ၏ ဖြောင့်မတ်ပြီး ကြီးကျယ် ခမ်းနားကာ ချိုးဖောက်မရနိုင်သော စိတ်သဘောထားကို ကျွနု်ပ်တို့အား ပြသလေသည်။ လူသည် စာတန်၏စွမ်းအားမှ ထွက်ပြေးလွတ်မြောက်ပြီး ဘုရားသခင်ထံအမှန်တကယ်လှည့်ပြန်လာနိုင်ရန်အလို့ငှာ လူကို ကယ်တင်ဖို့ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံသော ဘုရားသခင်ရွေးကောက်ထားသည့် လူများအားလုံးသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဘုရားသခင်အတွက်အစေခံခြင်းက အမှန်တကယ်တွင် ဘုရားသခင်ကို အာခံသည့်အကြောင်း အချက်အလက်ကျကျ အမှန်တရားကို ရှင်းလင်းစွာ မြင်ကြပြီး ၊ သူတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သမ္မာတရားမုန်းသော အန္တိခရစ် သဘာဝများကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာကြသည်၊ ထို့ကြောင့် သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ရှုပ်ထွေးစေခြင်း၊ ထိန်းချုပ်ခြင်းများမှ ထွက်ပြေးလွတ်မြောက်ကြသည်။ ဘုရားသခင် ရွေးကောက်ထားသော လူများ၏ ခရစ်တော်ပလ္လင်ရှေ့တွင် တရားစီရင်ခြင်း အတွေ့အကြုံများနှင့်ဆိုင်သော သက်သေခံချက်များကို နားထောင်ခြင်းဖြင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအမှုတော်ကို သိနားလည်လာပါလိမ့်မည်။

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ဧဝံဂေလိ ဂီတ | ပေတရုဟာ ဘုရားကို အသိဆုံးသူ

ခရစ်ယာန်သီချင်း, ဘုရားသခင်ကို သိခြင်း, ယုံကြည်ခြင်း, အသက်

Myanmar Gospel Song | ပေတရုဟာ ဘုရားကို အသိဆုံးသူ

I
ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန်
ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါ
ယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါ
အခြားသူတော်စင်တွေဆို ဝေးသေး။
သခင်ဘုရားအား သိနိုင်ဖို့ သူအားထုတ်ကာ ကြိုးစား တဲ့အပြင်
မာရ်နတ် က မကောင်းသောလှည့်ကွက် ကြံစည်လည်း
ဘုရားသခင်ကိုသိဖို့ သူဟာကြိုးစားလေခဲ့
ဘုရားစိတ်တော်နှင့်ထပ်တူပါပဲ
စာတန်ဟာ ပေတရုကို အသုံးမချနိုင်ခဲ့
ပေတရုဟာ ဘုရားသခင်ရဲ့အကြောင်းသိခဲ့တယ်
အားလုံးသော သူများထက် ပို၍နက်ရှိုင်းစွာနဲ့
ပေတရုက ဘုရားသခင်ရဲ့ အကြောင်းသိသူပဲ

Read More »

Myanmar Gospel Skit (သင် အမှန်တကယ် နောင်တရပြီလား)

ဇန်မင်အန်းသည် တစ်ချိန်က အိမ်အသင်းတော်တစ်ခု၏ တရားဟောဆရာတစ်ပါး ဖြစ်ခဲ့သည်။ သူသည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ထိုအချိန်အားလုံးတွင် သခင့်အတွက် သူ တရားဟောခဲ့သည်၊ အလုပ်လုပ်ခဲ့သည်၊ ဒုက္ခခံခဲ့ပြီး အသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သူသည် စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှု ရရှိပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော်၊ အသင်းတော် ရွေးကောက်ပွဲတစ်ခုတွင်၊ စုဝေးပွဲများကို ဧည့်ခံခြင်းနှင့်ဆိုင်သော တာဝန်ကို သူပေးခံရစဉ်တွင် အခြားညီအစ်ကို မောင်နှမများက အသင်းတော် ခေါင်းဆောင်များ နှင့် သင်းထောက်များအဖြစ် ရွေးချယ်ခံခဲ့ရသည်ကို ကြည်နေခဲ့ရသည်။ အပြင်ပန်းတွင် သူသည် လက်ခံပြီး နာခံပုံပေါက်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်ပြီး သူ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ သူ၏ဇနီးက သူသည် စိတ်ရင်းအမှန်အတိုင်း နောင်တမရသလို မပြောင်းလဲခဲ့ပါဟု ဆိုချိန်တွင်၊ ဇန်မင်အန်းက လက်မခံခဲ့ပေ။ ထို့နောက်တွင် အလွန်ကောင်းသော စကားစစ်ထိုးပွဲတစ်ခု ထွက်ပေါ်လာသည်…..စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုမှာ အဘယ်နည်း။ အဖြေများကို ရှာတွေ့ရန် သင် အမှန်တကယ် နောင်တရပြီးပြီလား ဟူသော ပြဇာတ်ကို ကြည့်ရှုပါ။

အကြံပြုစာမျာ:

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

ခရစ်ယာန် ဓမ္မသီချင်း (ကိုယ်ကျင့်တရားပျက်စီးသောလူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ကယ်တင်ခြင်း လိုအပ်)

 

 

တစ်ဦးတစ်ယောက်သည် ဘာသာရေးလောကအတွင်းတွင် သခင်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသလား

ဘာသာရေးအတွင်း၌၊ လူများစွာက ယုံကြည်နေကြသည်မှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် အာဏာကို ကိုင်စွဲပြီး သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ၏လမ်းအတိုင်းလျှောက်သော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို လက်ခံပြီး၊ နောက်ကိုလိုက်ကြသော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ယုံကြည်ခြင်းမဟုတ်၊ သခင်ယေရှုကို ယုံကြည်ခြင်းဖြစ်သည်၊ ထို့ကြောင့် သူတို့လျှောက်သော လမ်းသည် ဖာရိရှဲများ ကဲ့သို့ပင် ဖြစ်သည်ဟု အဘယ်ကဲ့သို့ပြောနိုင်မည်နည်းဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘာသာတရား အတွင်း ၌ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် အမှန်တကယ် ကယ်တင်ခြင်း မခံရနိုင်သလော။

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

Myanmar Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

၁။ တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။…” “ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန် ၁၄:၆၊၁၀-၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။Read More »

ဧဝံဂေလိ၏ ဂီတ | ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

ခရစ်တော်, ခရစ်ယာန်, ခရစ်ယာန်ဓမ္မသီချင်း, ယုံကြည်ခြင်း, အသက်

myanmar song 2018 | ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

I
လူသားမျိုးနွယ်ဝင်အနေဖြင့်
ခရစ်တော်ရဲ့နောက်လိုက်အနေဖြင့်
ကိုယ်တော် ရဲ့ မဟာစေခိုင်းချက်ကို ပြည့်စုံဘို့ရန်
ကျွန်ုပ်တို့ စိတ်ခန္ဓာကို ကိုယ်တော်အား ဆက်ကပ် လိုက်ဖို့
လေးနက်စွာ ဝန်တာထားရမယ့် တာဝန်
ကျွန်ုပ်တို့ စိတ်ဝိညာဉ်ခန္ဓာအလုံးစုံ ဘုရားဆီက ဖြစ်လာ
ဘုရားရဲ့အချုပ်အခြာအာဏာကြောင့် ကျွန်ုပ်တို့ ဖြစ်တည် တာ
ကျွန်ုပ်တို့ စိတ်ဝိညာဉ်ခန္ဓာအလုံးစုံ ဘုရားဆီက ဖြစ်လာ
ဘုရားရဲ့ အချုပ်အခြာအာဏာကြောင့် ကျွန်ုပ်တို့ ဖြစ်တည် တာ

Read More »

ဧဝံဂေလိရုပ်ရှင် | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ

ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။

သူတို့၏ကိုယ်ကျိုးစီးပွားအတွက် သမာဓိရှိသောလူများ ဖြစ်ခြင်းကို စွန့်လွှတ်ခဲ့လေသည်၊ သို့သော် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့၏ဂုဏ်သိက္ခာကို နဂိုအခြေအနေသို့ပြန်ရောက်စေခဲ့သည်။

များပြားသောအကြံပြုချက်များ

Myanmar Christian Movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Movie Clip 3 သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုနိုင်ပါသလား

ဘာသာရေးလောကမှ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် “သမ္မာကျမ်းအားလုံး သည် ဘုရားသခင် မှုတ်သွင်းထားခြင်းဖြစ်သည်” ဆိုသည့် သမ္မာကျမ်းစာအတွင်းရှိ ရှင်ပေါလု၏ စကားကို ကိုင်ဆွဲပြီး ထိုအရာကို ယုံကြည်ကာ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အလုံးစုံဖြစ်ပြီး၊ သမ္မာကျမ်းစာ အားချီးမြှောက်ရန် သူတို့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ကာ သက်သေခံ ကြသည်၊ ထိုသို့ပြုခြင်းဖြင့် သမ္မာကျမ်းစာ နှင့် ဘုရားသခင်ကို တန်းတူဖြစ်အောင် လုပ်ဆောင်ကြသည်။ သူတို့က သမ္မာကျမ်းစာသည် သခင်ကို ကိုယ်စားပြုပြီး၊ သခင့်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာ အားလုံးသည် တကယ်ပင် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ပါသလား။ သခင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာအတွင်း၌ ရှိပါသလား။ ဘုရားသခင်၏ အမှုတော်က သမ္မာကျမ်းစာအား ပေါ်ပေါက်စေသလား သို့မဟုတ် သမ္မာကျမ်းစာက ဘုရားသခင် ၏ အမှုတော်ကို ပေါ်ပေါက်စေသလား။ သမ္မာကျမ်းစာက သခင်ကို အမှန်တကယ် ကိုယ်စားပြုနိုင်သလား။ ဤတိုတောင်းသော ရှပ်ရှင်သည် သင့်အား မှန်ကန်သော လမ်းကို ပြသပါလိမ့်မည်။

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

 

Myanmar hymn song MV (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ)

Myanmar hymn song MV (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ)

အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်ကိုချစ်သောသူမှာ ကိုယ်တော်သာဖြစ်သည်။
ညစ်ညူးသောလောကမှ ကျွန်ုပ်အား ရွေးကောက်လေပြီ
ဒါကြောင့် ကျွန်ုပ် ကိုယ်တော့်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ မှန်သည် ကိုယ်တော်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊
အသင်းတော်အသက်တာ၌ အသက်ရှင်ရင်း၊ နေ့စဉ် ကိုယ် တော်၏နှုတ်ကပတ်တော်၌ ပျော်မွေ့ရင်းသာ။
ဤမျှကောင်းချီးခံစားရသည်မှာ ကိုယ်တော် ကျွန်ုပ်ကို ယနေ့မြှင့်တင်နေခြင်းပင်။
အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ
ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်။
ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်သည်
ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့ကျွန်ုပ်ပြန်ပေးဆပ်ပါမည်
ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။Read More »