ဘုရားသခင်၏ စကားတော် | လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်

ဆုတောင်း, ကယ်သင်ခြင်း, ယုံကြည်ခြင်း, သမ္မာတရား, အသက်

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်စရာရှိသည့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် သူ၏ နှုတ်ကပတ်တော် သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိကို ခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို ပြီးပြည့်စုံစေဖို့ရန်အလို့ငှာ လူသားများကြားတွင် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်းဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့ အမှုအရာကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်ရှိသည်။ နောက်ဆုံးသော ကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုအရာကို လုပ်ဆောင်သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟု ထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင် တစ်ပါးအနေနှင့် သာမန်လူသားတစ်ယောက်အဖြစ် ခံယူသည်အထိ နှိမ်ချမှု ရှိခဲ့သော်လည်း၊ ထိုအရာများကြောင့် သူ့အလုပ်၏ မည်သည့် သွင်ပြင်လက္ခဏာကမှ နှောင့်နှေးသွားခြင်းမရှိပေ။ သူ၏အစီအစဉ်များလည်း ရှုပ်ထွေးခြင်းသို့ မရောက်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း လုပ်ဆောင်နေသည်။ လူ့ဇာတိကို ခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ အခြားရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သော သူများကို ပြီးပြည့်စုံစေရန်ဖြစ်သည်။ သူပြီးပြည့်စုံစေသော လူများကို သူ၏ မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူပြီးပြည့်စုံစေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည် ကိုလည်း တွေ့မြင်လိုသည်။ ပြီးပြည့်စုံစေမည့်သူများမှာ တစ်ယောက်တည်းသာမဟုတ်ပါ။ နှစ်ယောက်တည်း လည်း မဟုတ်ပါ။ အလွန်နည်းပါးသည့် လူနည်းစုတစ်စုဖြစ်သည်။ ထိုသူများသည် ကမ္ဘာ၏ နိုင်ငံအသီးသီးမှ လာကြသည်။ ကမ္ဘာအရပ်ရပ်မှလာသည့် နိုင်ငံသားအသီသီးတို့ ဖြစ်ကြသည်။ ဤမျှ များပြားသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူတစ်စုကို ရရှိဖို့ရန်၊ ဤလူတစ်စုမှ ဘုရားသခင်အတွက် သက်သေ ခံခြင်းများ ရှိလာဖို့ရန်နှင့် ဤလူတစ်စုအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပါယ်မရှိသောအလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရား သခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်မှန်းချက်မှာ သူပြီးပြည့်စုံစေလိုသော သူများကို ပြီးပြည့်စုံစေရန် ဖြစ်သည်ဟု ပြောနိုင်သည်။ မည်သည့် ပိုလျှံသော အချိန်တွင် ဘုရားသခင်သည် ဤဘောင်ကို ကျော်လွန်ခဲ့သနည်း။ ဆိုးယုတ်သောသူများကို သုတ်သင်ရှင်းလင်းမည်ဖြစ်သည်။ သူသည် ဤအလုပ်များကို လုပ်နေခြင်းမှာ ဆိုးယုတ်သောသူများအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိထားပါ။ ယင်းအစား သူ့အားဖြင့် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းစုအတွက် သူ၏ အရာခပ်သိမ်းကို ပေးနေခြင်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာများ၊ သူမြွက်ဆိုခဲ့သည့်အရာများ၊ သူဖွင့်ပြခဲ့သည့် အံ့ဩဖွယ်ရာများနှင့် သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများသည် ထိုလူနည်းစုတစ်စုအတွက်သာ ဖြစ်သည်။ ထိုဆိုးယုတ်သော သူများအတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပါ။ ထိုသူများသည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွသူများ မဟုတ်ပါသလော။ ဘုရားသခင်သည် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းတစ်စုအတွက် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားသည်။ ထိုလူများအတွက် လူ့ဇာတိကို ခံယူခဲ့သည်။ မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများအတွက် နှင်းအပ်သည်။ သမ္မာတရား၊ ဝင်ရောက် ခြင်းနှင့် လူ့သဘောသဘာဝထဲမှ အသက်အကြောင်း ပြောရာတွင် ထိုဆိုးယုတ်သော သူများအတွက် ပြောခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ သမ္မာတရား အားလုံးကို မိမိ ပြီးပြည့်စုံစေလိုသည့် သူများလက်ထဲသို့ နှင်းအပ်လိုသောသူ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ထဲတွင် ဆိုးယုတ်သောသူများက ဘုရားသခင်၏ ကြွယ်၀ခြင်းကို ခဏတာ ခံစားခွင့်ရရန် လိုအပ်သည်။ သမ္မာတရားကို လိုက်လျှောက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးနိုင်သူနှင့်၊ ဘုရားသခင်ပြုသည့် အမှုကို နှောင့်ယှက်နေသော သူများသည် ဆိုးယုတ်သောသူများ ဖြစ်သည်။ ထိုသူများ သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရကာ၊ ပြီးပြည့်စုံမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမည့်သူများမှာမူ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း ရှိသောသူများ၊ ဘုရားသခင်အား ကျေနပ်မှုရှိစေသော သူများနှင့် ဘုရားသခင်၏ အမှုတော် အတွက် မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံထားသောသူများ ဖြစ်ကြသည်။ ဘုရားသခင် ပြီးပြည့်စုံ စေလိုသောသူများမှာ ထိုသူများအပြင် အခြားသူများမရှိပါ။ ဘုရားသခင် လုပ်ဆောင်နေသော အရာမှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားနေသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင် ကျင့်သုံးလိုသော ထိုသူများကို ရည်စူးပြောကြားနေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံး လုပ်ဆောင်မှု မရှိသောသူများကို မပြောကြားလိုပေ။ ထိုးထွင်းဉာဏ် တိုးတက်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းဟု ပြောရာတွင် အမှန်တရားကို လိုက်လျှောက် ကျင့်သုံးနိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ ပြီးပြည့်စုံစေမည့် သူများဟုပြောရာတွင် ထိုကဲ့သို့သောသူများကို ပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ထိုသူတို့ကို ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဉာဏ်ပညာရှိခြင်းနှင့် လူ့သဘောသဘာဝရှိခြင်း တို့သည်လည်း သမ္မာတရားကို လိုက်လျှောက်ကျင့်သုံးသော သူများအတွက် ဖြစ်သည်။ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း မရှိသည့်သူများသည် သမ္မာ တရားများစွာကို ကြားနာခွင့်ရကာ နားလည်သော်လည်း ဆိုးယုတ်သောသူများ အကြားတွင် ရှိနေသည့် အားလျော်စွာ သိရှိနားလည်ထားသည့် သမ္မာတရားသည် အယူဝါဒ သဘောတရားနှင့် စကားလုံးများသာ ဖြစ်သွားကြသည်။ ၎င်းတို့စိတ်သဘောထားထဲတွင် ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာမျှ မဖြစ်ပေါ် စေပေ။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်အား သစ္စာမစောင့်ကြပေ။ ထိုသူများသည် ဘုရားသခင်ကို တွေ့သော်လည်း မရရှိကြ၊ ဘုရားသခင်၏ ပြစ်ပယ်ခြင်းခံရသူများဖြစ်သည်။Read More »

ခရစ်ယာန်သီချင်း | လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

ကယ်တင်ခြင်း, ကရုဏာ, ကျေးဇူးတော်, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်, ဧဝံဂေလိ

Myanmar hymn songs | လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

I
လူဟာ ညစ်ညမ်းမှုနဲ့ပြည့်နှက်၍ နာခံမှုကင်းမဲ့သောအခါ
ဘုရား သူ၏ပညတ်ချက်နှင့်အနှစ်သာရအတိုင်း
လူတို့ကို ဖျက်ဆီးခဲ့ရသည်
လူတို့ သူ့ကို ဆန့်ကျင်ကြသဖြင့် ဘုရား လူကို စက်ဆုပ်ရွံရှာ သို့သော်
သူသည် (လူတို့ကို) ဖျက်ဆီးခဲ့ချိန်
သူ၏ စိတ်နှလုံးသား မပြောင်းလဲဘဲ၊
ကရုဏာတော် ဆက်လက်ရှိနေခဲ့
ဘုရား လူသားကို သနားတော်မူ၍
နည်းလမ်းမျိုးစုံဖြင့် ရွေးနုတ်ကယ်တင်လို သို့ပေမဲ့
ဘုရားရဲ့ကယ်တင်ခြင်းကို ငြင်းပယ်ကာ
လူသားများ မနာခံဘဲနေခဲ့
ဘုရား မည်သို့ ကြေညာသတိပေးခဲ့ပါစေ၊
မည်သို့ ထောက်ပံ့ကူညီခဲ့ပါစေ
လူသားတွေ နားမလည်၊ တန်ဖိုးမထားခဲ့ကြ
ထို့ကြောင့် ဘုရားသခင် အလွန်သည်းခံလျက်
လူသားတွေ လှည့်လာဖို့ နာကျင်စွာ စောင့်မျှော်နေခဲ့
သူ၏သတ်မှတ်ချိန်စေ့သော် ပြုမူမည့်အမှုကို ပြုခဲ့
ဖျက်စီးရန် ဘုရားသခင်ကြံစည်ခဲ့ချိန်မှ သူ့အစီအ စဉ်စတင်ချိန်ထိ
လူသားများ ပြန်လှည့်လာရတော့မည့်ကာလ ဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးပင်၊
ဒါ ဘုရား လူကို ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့

Read More »

ဇာတ်လမ်းတို ၄ (လူ့ဇာတိခံတဲ့ဘုရားသခင်ကသာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နိုင်တယ်)

ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် ကိုယ်တော်တိုင် လူ့ဇာတိခံယူပြီးပြီဖြစ်ကြောင်း၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်က သက်သေထူပါတယ်။ ဒါပေမဲ့ ပညတ်တော်ခေတ်မှာ ဘုရားသခင်ရဲ့အမှုတော်အတွက် မောရှေကို အသုံးပြုပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကိုလည်း၊ လူတွေကိုအသုံးပြုပြီး ဆောင်ရွက်လို့မရနိုင်ဘူးလား။ အမှုတော်အတွက် ဘုရားသခင်ကိုယ်တိုင် ဘာကြောင့်လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလိုမိန့်ဆိုပါတယ်၊ “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထိုကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသွားလိမ့်မည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံသော ပုံရိပ်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မြင်ကွင်းများ

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

 

 

ဧဝံဂေလိ ဂီတ | ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း

I
ဘုရားသခင်ခြေရာတော်များအားကျွန်ုပ်တို့ရှာဖွေနေသည်ဖြစ်၍၊
ဘုရား၏အလိုတော်အားရှာဖွေ ဖို့ ရှာဖွေရအုံးမည်၊
နူတ်ကပတ်တော်နှင့်ဖွင့်ဟခြင်းများရှာဖွေရအုံးမည်။
နူတ်ကပတ်တော်နှင့်ဖွင့်ဟခြင်းများရှာဖွေရအုံးမည်။
ဘုရား၏အသစ်သောစကားရှိသောအရပ်တွေမှာ
ဘုရားသခင်၏အသံတော်ရှိ၊ အသံတော်ရှိလေ၏
ဘုရား၏ခြေလှမ်းများရှိသောအရပ်တွေမှာ
ဘုရား၏ဆောင်ရွက်မှုရှိ၊ ဘုရား၏ဆောင်ရွက်မှုများရှိ။
ဘုရား၏ဖော်ပြချက်ရှိသောအရပ်တွေမှာ
ဘုရားသခင်၏ ပေါ်ထွန်းခြင်းထိုရပ်၌ရှိပါ၏
ဘုရား၏ ပေါ်ထွန်းခြင်း ရှိသောအရပ်တွေမှာ
သမ္မာတရား၊ လမ်းခရီး အသက်လည်း ရှိပါ၏

Read More »

၃။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်သည်

ဆုတောင်း, ထာဝရအသက်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။Read More »

ဇာတ်လမ်းတို ၅ (ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ)

ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နှစ်ကြိမ်စလုံးက သက်သေခံနေပါတယ်။ ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ ဘာကြောင့်ပြောကြတာလဲ။ သခင်ယေရှုကို ဆည်းကပ်ခဲ့တဲ့ တမန်တော်တွေ၊ တခြားပုဂ္ဂိုလ်ကြီးတွေဟာလည်း လူတွေအတွက် အကျိုးကြီးမားလှတဲ့အကြောင်းအရာတွေကို မိန့်ဆိုခဲ့ကြတာပါပဲ။ ဒါကြောင့် သူတို့တွေကကော ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့အသက် မဟုတ်ကြတာလဲ။ ဒီရှုထောင့်နှစ်ခုကြားက ခြားနားချက်ကို ကျွန်တော်တို့ ဘယ်လိုနားလည်ထားသင့်လဲ

ရုပ်ရှင်ဝေဌာမယ်

Myanmar new movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

၂။ အနန္တတန်ခိုးရှင်ဘုရားသခင်မှာ တစ်ဖန်ပြန်ကြွလာသော သခင်ယေရှု ဖြစ်သည်

ကယ်တင်ခြင်း, ကျေးဇူးတော်, အနန္တတန်ခိုးရှင် ဘုရားသခင်, သခင်ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် လူသားများအကြား၌ မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ သူ၏အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သောကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။ ယခုလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှု ပြည့်စုံပြီးသည့်နောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ ယခုလူ့ဇာတိခံယူခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်ပါသည်။ ဘုရားသခင့်အမှု၏ အဆင့်သစ်တိုင်းသည် အသစ်သော အစပြုခြင်းနှင့် ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းလာသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု လုပ်ဆောင်ရာနေရာနှင့် သူ၏ နာမတော်တို့သည်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပါသည်။ ထို့ကြောင့် လူသားတို့အဖို့ ခေတ်သစ်ထဲတွင် ဘုရားသခင်၏ အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ် မရှိပါ။ သို့သော် လူသားတို့အနေဖြင့် သူ့ကို မည်သို့ပင် ဆန့်ကျင်စေကာမူ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်မြဲဖြစ်ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ရှေ့သို့ အမြဲဦးဆောင်နေသည်။ ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။Read More »

(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု ဇာတ်လမ်းတို ၃

ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ လူ့ဇာတိခံခဲ့ပြီး၊ သခင်ယေရှုအဖြစ် လူတွေကို ရွေးနုတ်ဖို့ကြွရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေရှုဟာ လူတစ်ယောက်သာဖြစ်ကြောင်း ဂျူးဖာရိရှဲတွက ပြောခဲ့ကြတယ်။ အခုအခါမှာလည်း ဘုရားသခင်ဟာ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံယူပြီးပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွရောက်နေပါပြီ။ ဒါကိုလည်း ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ သင်းထောက်လူကြီးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတစ်ယောက်သာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ ဘယ်လိုကြောင့်ဖြစ်ကြတာလဲ။ ဘုရားသခင်ဟာ အပြင်ပန်းအားဖြင့် သာမန်လူတစ်ယောက်ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်းမှာတော့ ဘုရားသခင်ရဲ့ဝိညာဉ်တော် ရှင်သန်ပါတယ်။ သူဟာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ လူတစ်ယောက်လား၊ ဘုရားသခင်ကိုယ်တော်တိုင်ပဲလား။

ဆောင်ရွက်မှုများ

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

 

၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ခရစ်တော်, ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။Read More »

သန့်စင်ခြင်းဆီသို့ လမ်း

ဆုတောင်း, ခရစ်ယာန်, သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်

ခရစ်စ်တိုဖာ ဖိလစ်ပိုင်

ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်မှာ ကျွန်တော်က ဗိတ္တိဇံကို ခံယူပြီး၊ သခင်ယေရှုဆီကို ပြန်လာခဲ့ကာ၊ ထို့နောက် သခင့်ကျေးဇူးတော်အားဖြင့် ၁၉၉၆ ခုနှစ်၌ ကျွန်တော်သည် ဒေသန္တာရအသင်းတော်တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်က ကျွန်တော်သည် ဖိလစ်ပိုင်နိုင်ငံတဝိုက်မှ နေရာများစွာ၌ အလုပ်လုပ်ပြီး၊ တရားဟောကြားနေခဲ့ရုံသာမကပဲ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကဲ့သို့ နေရာမျိုးများတွင်လည်း တရားဟောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် နှင့် လမ်းပြမှုတို့မှတစ်ဆင့် ကျွန်တော်သည် သခင့်အတွက် ကျွန်တော့်အလုပ်တွင် မကုန်ခန်းနိုင်သော အင်အားများရှိခဲ့ပြီး၊ ကျွန်တော့် တရားဒေသနာများအတွက် မဆုံးနိုင်သည့် လှုံ့ဆော်အားပေးမှုရှိသည်ဟု ခံစားခဲ့ ရသည်။ ကျွန်တော်က အပျက်သဘောဆောင်ပြီး အားနည်း နေသည့် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့မှုများ မကြာခဏ ပေးခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များက ကျွန်တော့်ကို ဖော်ရွေမှု မရှိသည့်အခါတွင်၊ ကျွန်တော်သည် သည်းခံစိတ်ရှည်နိုင်စွမ်းရှိဆဲဖြစ်သည့်အပြင်၊ သခင့်ကို ယုံကြည်မှု မပျောက်ဆုံးသွားပဲနှင့် သခင်က သူတို့ကို ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်က ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးကတည်းက ကြီးမားစွာ ပြောင်းလဲခဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ၊ ကျွန်တော်သည် ယခင်ကလောက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားနိုင်စွမ်း မရှိတော့ပါ။ ကျွန်တော့် ဒေသနာများအတွက် ဉာဏ်အလင်းရ ခြင်းအသစ်ကို တဖြည်းဖြည်း ဆုံးရှုံးလာကာ၊ အပြစ်၌ အသက်ရှင်နေထိုင်ခြင်းမှ လွတ်မြောက်ရန် ခွန်အားလည်း ချို့တဲ့ခဲ့ရသည်။ ကျွန်တော့် ဇနီးနှင့် သမီးတို့ ကျွန်တော် မနှစ်သက်သည့် အရာများ ပြုလုပ်နေသည်ကို မြင်သည့် အခါတွင် ကျွန်တော့်မှာ စိတ်မဆိုးပဲ မနေနိုင်သည့်အပြင်၊ သူတို့ကို ဒေါသဖြင့် ဆူပူမိခဲ့သည်။ ဤသည်မှာ သခင့်အလိုတော်ကို စောင့်ထိန်းနေခြင်းမဟုတ်သည်ကို သိခဲ့သော်လည်း မကြာခဏဆိုသလို ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ပါ။ ဤသည်မှာ အထူးသဖြင့် ကျွန်တော့်အတွက် စိတ်သောကရောက်စေခဲ့သည်။ အပြစ် ကျူးလွန်ခြင်း နှင့် ပြီးနောက် ဝန်ခံခြင်း အသက်တာမှ မိမိကိုယ်ကို ရုန်းထွက်လွတ်မြောက်နိုင်ရန်၊ ကျွန်တော်က သမ္မာကျမ်းစာဖတ်ခြင်း၊ အစာရှောင်ခြင်း နှင့် ဆုတောင်း ခြင်းတို့တွင် ပို၍ အားထုတ်ကြိုးပမ်းခဲ့ပြီး၊ ဤအရာကို အတူတကွ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရန် ဝိညာဉ်ရေးရာ သင်းအုပ်ဆရာများကို နေရာတိုင်းတွင် ရှာခဲ့သည်။ သို့သော်လည်း ကျွန်တော့် အားထုတ် ကြိုးပမ်းမှုများ အားလုံးသည် အရာမထင်ဖြစ်ခဲ့သည်၊ ကျွန်တော့်၏ အပြစ်ရှိသော အသက်တာနှင့် ကျွန်တော့် ဝိညာဉ်ထဲမှ အမှောင်ထုသည် မည်သည့်ပြောင်းလဲခြင်းမျှ မရှိခဲ့ပါ။Read More »