ဘုရားသခင်၏ အသံတော် | စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့

ဘုရားသခင်၏ အသံတော် | စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့

သင်သည်ဘုရားသခင်၏အလိုတော်ကို သတိပြုလေလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး များလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး ပိုများလေ သင့်အတွေ့အကြုံကြွယ်ဝလာလေဖြစ်သည်။ ဘုရားသခင်၏ အလိုတော် ကိုသင်သတိပြုမိချိန်တွင်၊ ဘုရားသခင်သည်သင့်ထံသို့ ဤဝန်ထုပ်ကိုပေးကာ၊ သူယုံကြည်စိတ်ချအပ်နှံထားသည့်အရာများနှင့်ပတ်သတ်၍ သင့်ကို ဉာဏ်အလင်းပေး ပါလိမ့်မည်။ ဘုရားသခင်သည်သင့်ကိုဤဝန်ထုပ်ကိုပေးပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ် တော်များကိုစားသောက်နေစဉ်တွင် ဤရှုထောင့်၏သမ္မာတရားများကို စိတ်ဝင်စားမှုရှိပါလိမ့်မည်။ အကယ်၍သင့်ထံတွင် ညီအစ်ကို မောင်နှမများ၏ဘဝ အခြေအနေများနှင့်သက်ဆိုင်သော ဝန်ထုပ်တစ်ခုရှိပါက၊ ဤဝန်ထုပ် သည် ဘုရားသခင်မှ သင့်ကိုယုံကြည်၍အပ်နှံထားသောဝန်ထုပ်ဖြစ်ပြီး၊ သင့်နေ့စဉ် ဆုတောင်းချက်များတွင် ဤဝန်ထုပ်ကိုအမြဲတမ်းသယ်ဆောင်ပါလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သောအရာမှာ သင့်ကိုယုံကြည်၍အပ်နှံခြင်းဖြစ်ပြီး၊ ဘုရားသခင်လုပ်စေလိုသော အရာကို သင်သည် လုပ်ဆောင်ရန်ဆန္ဒရှိပါက၊ ယင်းသည် ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် သယ်ဆောင်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ဤနေရာ၌ သင်၏ ဘုရားသခင့်နှုတ်ကပတ်တော် များကိုစားသောက်ခြင်းက ဤရှုထောင့်များထဲမှ ပြဿနာများအပေါ်တွင် ဦးတည်လိမ့်မည်ဖြစ်ပြီး၊ ဤပြဿနာများကိုငါဘယ်လို ဖြေရှင်းမည်နည်းဟု သင်စဉ်းစားလိမ့်မည်။ ငါ့ညီအစ်ကိုမောင်နှမများကို သူတို့၏စိတ်ဝိညာဉ် ပျော်ရွှင်မှုရစေရန် လွှတ်မြောက်ခွင့်ငါမည်သို့ပေးမည်နည်း။ သင်သည်မိဿဟာရဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကို အာရုံစိုက်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်၊ ဤပြဿနာများနှင့် ပတ်သတ်သော နှုတ်ကပတ် တော်များအား မှီဝဲစားသောက်ခြင်း ကိုသင်အာရုံစိုက်လိမ့်မည်။ ဤဝန်ထုပ်ကို သယ်ဆောင်နေစဉ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုစားသောက်နေလိမ့်မည်။ ဘုရားသခင်သင့်အပေါ် ထားသောလိုလားချက်များကို သင်နားလည်လိမ့်မည်။ ဤနေရာတွင် လျှောက်လှမ်းရန် လမ်းကြောင်းနှင့် ပတ်သတ်၍ သင်ပို၍ရှင်းလင်းလာလိမ့်မည်။ ယင်းသည် သင့်ဝန်ထုပ်မှ ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်မှ သင့်ကိုလမ်းညွှန်မှုပေးခြင်းဖြစ်သည်။ ငါသည်အဘယ်ကြောင့်ဤသို့ဆို သနည်း။ အကယ်၍ သင့်တွင် ဝန်ထုပ်ဝန်ပိုးမရှိပါက ဘုရားသခင်၏နှုတ်ကပတ်တော် များကို စားသောက်နေစဉ်တွင် သတိမှုမိမည်မဟုတ်ပေ။ ဝန်ထုပ်ကိုသယ်ဆောင်ကာ ဘုရားသခင်၏နှုတ်ကပတ်များကို စားသောက်နေစဉ်တွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အနှစ်သာရကိုဖမ်းဆုပ်ပြီး၊ သင့်လမ်းကြောင်း ကိုရှာဖွေကာ၊ ဘုရားသခင့်အလိုတော်ကိုသတိပြုမပါလိမ့်မည်။ ထို့ကြောင့် သင်၏ဆုတောင်းခြင်းများထဲတွင်ဘုရားသခင်အား သင့်အပေါ်တွင်ဝန်ထုပ်များပို၍ချပေးရန် တောင်းဆိုသင့်သည်။ သို့မှသာ ဘုရားသခင်သည် သင့်ကို ပို၍ကြီးမားသောအရာများ အပ်နှံနိုင်မည်ဖြစ်ပြီး၊ သင်သည်လည်း ရှေ့ဆက် လိုက်လျှောက်ရန်လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မှုပိုအားကောင်းလာကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် သင်သည် ပို၍အကျိုး ထိရောက်မှုရှိ လာမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏အနှစ်သာရများကို နားလည်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စိတ်ထိတွေ့မှုကို ပို၍လက်ခံနိုင်ပါလိမ့်မည်။Read More »