ခရစ်ယာန်သီချင်း | လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

ကယ်တင်ခြင်း, ကရုဏာ, ကျေးဇူးတော်, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်, ဧဝံဂေလိ

Myanmar hymn songs | လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

I
လူဟာ ညစ်ညမ်းမှုနဲ့ပြည့်နှက်၍ နာခံမှုကင်းမဲ့သောအခါ
ဘုရား သူ၏ပညတ်ချက်နှင့်အနှစ်သာရအတိုင်း
လူတို့ကို ဖျက်ဆီးခဲ့ရသည်
လူတို့ သူ့ကို ဆန့်ကျင်ကြသဖြင့် ဘုရား လူကို စက်ဆုပ်ရွံရှာ သို့သော်
သူသည် (လူတို့ကို) ဖျက်ဆီးခဲ့ချိန်
သူ၏ စိတ်နှလုံးသား မပြောင်းလဲဘဲ၊
ကရုဏာတော် ဆက်လက်ရှိနေခဲ့
ဘုရား လူသားကို သနားတော်မူ၍
နည်းလမ်းမျိုးစုံဖြင့် ရွေးနုတ်ကယ်တင်လို သို့ပေမဲ့
ဘုရားရဲ့ကယ်တင်ခြင်းကို ငြင်းပယ်ကာ
လူသားများ မနာခံဘဲနေခဲ့
ဘုရား မည်သို့ ကြေညာသတိပေးခဲ့ပါစေ၊
မည်သို့ ထောက်ပံ့ကူညီခဲ့ပါစေ
လူသားတွေ နားမလည်၊ တန်ဖိုးမထားခဲ့ကြ
ထို့ကြောင့် ဘုရားသခင် အလွန်သည်းခံလျက်
လူသားတွေ လှည့်လာဖို့ နာကျင်စွာ စောင့်မျှော်နေခဲ့
သူ၏သတ်မှတ်ချိန်စေ့သော် ပြုမူမည့်အမှုကို ပြုခဲ့
ဖျက်စီးရန် ဘုရားသခင်ကြံစည်ခဲ့ချိန်မှ သူ့အစီအ စဉ်စတင်ချိန်ထိ
လူသားများ ပြန်လှည့်လာရတော့မည့်ကာလ ဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးပင်၊
ဒါ ဘုရား လူကို ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့

Read More »

ဇာတ်လမ်းတို ၄ (လူ့ဇာတိခံတဲ့ဘုရားသခင်ကသာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နိုင်တယ်)

ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် ကိုယ်တော်တိုင် လူ့ဇာတိခံယူပြီးပြီဖြစ်ကြောင်း၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်က သက်သေထူပါတယ်။ ဒါပေမဲ့ ပညတ်တော်ခေတ်မှာ ဘုရားသခင်ရဲ့အမှုတော်အတွက် မောရှေကို အသုံးပြုပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကိုလည်း၊ လူတွေကိုအသုံးပြုပြီး ဆောင်ရွက်လို့မရနိုင်ဘူးလား။ အမှုတော်အတွက် ဘုရားသခင်ကိုယ်တိုင် ဘာကြောင့်လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလိုမိန့်ဆိုပါတယ်၊ “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထိုကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသွားလိမ့်မည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံသော ပုံရိပ်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မြင်ကွင်းများ

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)