၃။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်သည်

ဆုတောင်း, ထာဝရအသက်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။Read More »

ဇာတ်လမ်းတို ၅ (ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ)

ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နှစ်ကြိမ်စလုံးက သက်သေခံနေပါတယ်။ ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ ဘာကြောင့်ပြောကြတာလဲ။ သခင်ယေရှုကို ဆည်းကပ်ခဲ့တဲ့ တမန်တော်တွေ၊ တခြားပုဂ္ဂိုလ်ကြီးတွေဟာလည်း လူတွေအတွက် အကျိုးကြီးမားလှတဲ့အကြောင်းအရာတွေကို မိန့်ဆိုခဲ့ကြတာပါပဲ။ ဒါကြောင့် သူတို့တွေကကော ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့အသက် မဟုတ်ကြတာလဲ။ ဒီရှုထောင့်နှစ်ခုကြားက ခြားနားချက်ကို ကျွန်တော်တို့ ဘယ်လိုနားလည်ထားသင့်လဲ

ရုပ်ရှင်ဝေဌာမယ်

Myanmar new movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)