(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု ဇာတ်လမ်းတို ၃

ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ လူ့ဇာတိခံခဲ့ပြီး၊ သခင်ယေရှုအဖြစ် လူတွေကို ရွေးနုတ်ဖို့ကြွရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေရှုဟာ လူတစ်ယောက်သာဖြစ်ကြောင်း ဂျူးဖာရိရှဲတွက ပြောခဲ့ကြတယ်။ အခုအခါမှာလည်း ဘုရားသခင်ဟာ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံယူပြီးပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွရောက်နေပါပြီ။ ဒါကိုလည်း ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ သင်းထောက်လူကြီးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတစ်ယောက်သာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ ဘယ်လိုကြောင့်ဖြစ်ကြတာလဲ။ ဘုရားသခင်ဟာ အပြင်ပန်းအားဖြင့် သာမန်လူတစ်ယောက်ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်းမှာတော့ ဘုရားသခင်ရဲ့ဝိညာဉ်တော် ရှင်သန်ပါတယ်။ သူဟာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ လူတစ်ယောက်လား၊ ဘုရားသခင်ကိုယ်တော်တိုင်ပဲလား။

ဆောင်ရွက်မှုများ

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

 

၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ခရစ်တော်, ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။Read More »