သန့်စင်ခြင်းဆီသို့ လမ်း

ဆုတောင်း, ခရစ်ယာန်, သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်

ခရစ်စ်တိုဖာ ဖိလစ်ပိုင်

ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်မှာ ကျွန်တော်က ဗိတ္တိဇံကို ခံယူပြီး၊ သခင်ယေရှုဆီကို ပြန်လာခဲ့ကာ၊ ထို့နောက် သခင့်ကျေးဇူးတော်အားဖြင့် ၁၉၉၆ ခုနှစ်၌ ကျွန်တော်သည် ဒေသန္တာရအသင်းတော်တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်က ကျွန်တော်သည် ဖိလစ်ပိုင်နိုင်ငံတဝိုက်မှ နေရာများစွာ၌ အလုပ်လုပ်ပြီး၊ တရားဟောကြားနေခဲ့ရုံသာမကပဲ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကဲ့သို့ နေရာမျိုးများတွင်လည်း တရားဟောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် နှင့် လမ်းပြမှုတို့မှတစ်ဆင့် ကျွန်တော်သည် သခင့်အတွက် ကျွန်တော့်အလုပ်တွင် မကုန်ခန်းနိုင်သော အင်အားများရှိခဲ့ပြီး၊ ကျွန်တော့် တရားဒေသနာများအတွက် မဆုံးနိုင်သည့် လှုံ့ဆော်အားပေးမှုရှိသည်ဟု ခံစားခဲ့ ရသည်။ ကျွန်တော်က အပျက်သဘောဆောင်ပြီး အားနည်း နေသည့် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့မှုများ မကြာခဏ ပေးခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များက ကျွန်တော့်ကို ဖော်ရွေမှု မရှိသည့်အခါတွင်၊ ကျွန်တော်သည် သည်းခံစိတ်ရှည်နိုင်စွမ်းရှိဆဲဖြစ်သည့်အပြင်၊ သခင့်ကို ယုံကြည်မှု မပျောက်ဆုံးသွားပဲနှင့် သခင်က သူတို့ကို ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်က ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးကတည်းက ကြီးမားစွာ ပြောင်းလဲခဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ၊ ကျွန်တော်သည် ယခင်ကလောက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားနိုင်စွမ်း မရှိတော့ပါ။ ကျွန်တော့် ဒေသနာများအတွက် ဉာဏ်အလင်းရ ခြင်းအသစ်ကို တဖြည်းဖြည်း ဆုံးရှုံးလာကာ၊ အပြစ်၌ အသက်ရှင်နေထိုင်ခြင်းမှ လွတ်မြောက်ရန် ခွန်အားလည်း ချို့တဲ့ခဲ့ရသည်။ ကျွန်တော့် ဇနီးနှင့် သမီးတို့ ကျွန်တော် မနှစ်သက်သည့် အရာများ ပြုလုပ်နေသည်ကို မြင်သည့် အခါတွင် ကျွန်တော့်မှာ စိတ်မဆိုးပဲ မနေနိုင်သည့်အပြင်၊ သူတို့ကို ဒေါသဖြင့် ဆူပူမိခဲ့သည်။ ဤသည်မှာ သခင့်အလိုတော်ကို စောင့်ထိန်းနေခြင်းမဟုတ်သည်ကို သိခဲ့သော်လည်း မကြာခဏဆိုသလို ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ပါ။ ဤသည်မှာ အထူးသဖြင့် ကျွန်တော့်အတွက် စိတ်သောကရောက်စေခဲ့သည်။ အပြစ် ကျူးလွန်ခြင်း နှင့် ပြီးနောက် ဝန်ခံခြင်း အသက်တာမှ မိမိကိုယ်ကို ရုန်းထွက်လွတ်မြောက်နိုင်ရန်၊ ကျွန်တော်က သမ္မာကျမ်းစာဖတ်ခြင်း၊ အစာရှောင်ခြင်း နှင့် ဆုတောင်း ခြင်းတို့တွင် ပို၍ အားထုတ်ကြိုးပမ်းခဲ့ပြီး၊ ဤအရာကို အတူတကွ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရန် ဝိညာဉ်ရေးရာ သင်းအုပ်ဆရာများကို နေရာတိုင်းတွင် ရှာခဲ့သည်။ သို့သော်လည်း ကျွန်တော့် အားထုတ် ကြိုးပမ်းမှုများ အားလုံးသည် အရာမထင်ဖြစ်ခဲ့သည်၊ ကျွန်တော့်၏ အပြစ်ရှိသော အသက်တာနှင့် ကျွန်တော့် ဝိညာဉ်ထဲမှ အမှောင်ထုသည် မည်သည့်ပြောင်းလဲခြင်းမျှ မရှိခဲ့ပါ။Read More »