၁၀။ လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။

ကယ်တင်ခြင်း, ယေရှု, သခင်ယေရှု, သမ္မာတရား, အသက်

   ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

   “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

   “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၇)

   “ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်…” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၀)

   “ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀)Read More »

စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ ၂ | သခင်ဟာ ပြန်ပြီးကြွလာတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာလား ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု

အသင်းတော်တွေရဲ့သင်းအုပ်တွေ၊ သင်းထောက်တွေတော်တော်များများဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့ကြတယ်။ ထာဝရဘုရားအတွက် ပင်ပင်ပန်းပန်းနဲ့ အမှုတော်ထမ်းကြတယ်။ သခင် ပြန် ကြွလာမှာကိုလည်း သတိမပြတ်တမ်း စောင့်မျှော်ကြတယ်။ ဒါကြောင့် သခင် ပြန် ကြွလာတဲ့အခါ၊ ကိုယ်တော်က သူတို့တွေကို အသိပေးဖော်ပြမှာပဲလို့ ယုံကြည်ကြပါတယ်။ ဒီအမြင်ဟာ ဘုရားသခင်အမှုတော်ရဲ့အကြောင်းအကျိုးတွေနဲ့ ကိုက်ညီပါရဲ့လား။ ဘုရားသခင်ဟာ လူ့ဇာတိခံတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာသေချာရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်၊ “လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ရုပ်ရှင်ဝေဌာမယ်

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)