မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ လူသားကြွရောက်လာခြင်း၏ နက်နဲမှု ဇာတ်လမ်းတို( ၁ )

သခင် ပြန်လည်ကြွရောက်ခြင်းအကြောင်း ပြောမယ်ဆိုရင်၊ သခင်ယေရှုက အခုလိုမိန့်ခဲ့ပါတယ်။ “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်” (ရှင်လုကာခရစ်ဝင် ၁၂:၄၀)။ “ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)။ ဒီဟောကိန်းတွေထဲမှာ “လူသား ကြွလာလိမ့်မည်” “လူသား ကြွရောက်လာခြင်း” ဆိုတာတွေကို ပြောထားပါတယ်။ ဒါကြောင့် “လူသား ကြွရောက်လာခြင်း” ဆိုတဲ့အဓိပ္ပာယ်အတိအကျဟာ ဘာလဲ။ သခင်ယေရှုဟာ ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီးကြွရောက်လာမှာလဲ။ ဒီ ရုပ်ရှင်ဇာတ်ကားတိုဟာ သင့်အတွက် သမ္မာတရားကို ဖော်ထုတ်ပြပါလိမ့်မယ်။

ဆောင်ရွက်မှုများ

နောက်ဆုံးသောကာလ၏ သံလွင်ခက်- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

၈။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, ယေရှု, ဝိညာဉ်တော်, သမ္မာတရား

   ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

   “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁: ၁-၂)

   “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

   “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

   “ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)Read More »