တိုက်ပွဲတစ်ခု

ယုံကြည်ခြင်း, သက်သေခံချက်, ဆုတောင်း, သမ္မာကျမ်းစာ, သမ္မာတရား

ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစုတစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင်ယုံကြည်လာခဲ့ကြပါသည်။ ကျွန်တော်သည် စိတ်အားထက်သန်သော ရှာဖွေသူ တစ်ယောက် ဖြစ်သောကြောင့် လျင်မြန်စွာပင် တရားဟောဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်တော်သည် အသင်းတော်အမျိုးမျိုးထံသို့ အလုပ်လုပ်ရန် နှင့် တရားဟောရန် မကြာခဏ သွားခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ကျွန်တော့် အလုပ်မှထွက်ခဲ့ပြီး၊ သခင့်ကို အချိန်ပြည့်အစေခံခဲ့သည်။ သို့သော်လည်း အမည်မသိ အကြောင်းအချို့ကြောင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှု နှင့် ချစ်ခြင်းမေတ္တာတို့သည် တဖြည်းဖြည်းချင်း အေးစက်လာခဲ့ကာ၊ လုပ်ဖော်ကိုင်ဖက်များ အကြားတွင် မစ္ဆရိယစိတ်များနှင့် ကြမ်းတမ်းသည့် သဘောထားကွဲလွဲမှုများ ကြီးထွားလာခဲ့ပါသည်။ ကျွန်တော့် ဝိညာဉ်သည်လည်း ညှိုနွမ်းနေသည်ဟု ခံစားခဲ့ရကာ၊ တရားဟောကြားရန် မည်သည့်အရာမျှ မရှိခဲ့တော့ပါ။ ၂၀၀၅ ခုနှစ်တွင် ကျွန်တော့် ဇနီး ကင်ဆာရောဂါဖြစ်ပွားပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် ကြီးမားသည့် ထိခိုက်မှုဖြစ်ပြီး၊ ကျွန်တော် ပို၍ပင် အားနည်းလာခဲ့သည်။ တစ်နေ့တွင် ကျွန်တော့် ဝမ်းကွဲမောင်နှမတစ်ဦးနေအိမ်၌ နေထိုင်ရန် သွားရောက်ခဲ့ပြီး ထိုနေအိမ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်းကို ဟောကြားသော ညီအစ်မနှစ်ယောက် နှင့် တွေ့ဆုံခဲ့သည်။ မိတ်သဟာယပြုကာ၊ စကားရည်လုပြီး ရက်အနည်းငယ်ကြားပြီးနောက်ပိုင်း၊ ကျွန်တော်သည် သခင်ယေရှုပြန်ကြွလာပြီ ဖြစ်ကြောင်း၊ ကိုယ်တော်သည် လူ့ဇာတိအားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း ကို အမှန်တကယ် ယုံကြည်လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းမှတစ်ဆင့်၊ ကျွန်တော့် ဆာလောင် မွတ်သိပ်နေသည့် နှလုံးသားသည် ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို ခံခဲ့ရကာ၊ ကျွန်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ချိုမြိန်မှုကို အရသာခံစားခဲ့၍ ကျွန်တော် ယခင်က တစ်ခါမျှ နားမလည်ခဲ့ဖူးသည့် သမ္မာတရားများစွာ နှင့် နက်နဲမှုများစွာတို့ကို နားလည်သဘောပေါက်လာခဲ့သည်။ သို့သော်လည်း သခင်နှင့် ပြန်လည်ဆုံစည်းရခြင်းကို နက်ရှိုင်းစွာ ပျော်မွေ့နေစဉ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများက ကျွန်တော့်ထံသို့ ဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပါသည်။Read More »