ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း

behold-God-in-judgment-chastisement

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်ကြကုန်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်တော်များကို လိုက်နာကြသည်၊ သခင်ယေရှုခရစ်တော်၏ ကြွယ်ဝသော ကျေးဇူးတော်ကို ခံစားကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကာ ချီးမွမ်းကြသည်၊ ထို့ပြင် သခင်ယေရှုခရစ်တော်၏နာမ၌ အစေခံကြသည်။ ထိုအရာများအားလုံးကို ငါတို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ လုပ်ဆောင်ကြသည်။ ငါတို့သည် မကြာခဏဆိုသလို အားနည်းတတ်ကြပြီး မကြာခဏဆိုသလိုလည်း အားကြီးတတ်ကြသည်။ ငါတို့၏ လုပ်ဆောင်ချက်များအားလုံးသည် သခင်၏ သွန်သင်မှုများနှင့်အညီဖြစ်သည်ဟု ငါတို့ယုံကြည်ကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် ကောင်ကင်ဘုံ၌ရှိသော အဖ၏အလိုကို လုပ်ဆောင်ခြင်းလမ်းကြောင်းပေါ်၌ ရှိကြသည်ဟု မိမိတို့ကိုယ်မိမိ ယုံကြည်နေကြသည်ကိုလည်း ပြောစရာပင်မလိုပေ။ သခင်ယေရှု ပြန်လာမည်ကို ငါတို့တောင့်တကြသည်၊ ဘုန်းနှင့်တကွ သူကြွဆင်းလာမည်ကိုလည်း တောင့်တသည်၊ လောက၌ ငါတို့၏အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ငါတို့တောင့်တကြသည်။ သခင်ရောက်လာမည်၊ ကပ်ဘေးဒုက္ခကို သူခေါ်ဆောင်လာမည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး ဆိုးသွမ်းသောသူများကို အပြစ်ဒဏ်ပေးမည်၊ ထို့နောက် သူ့နောက်သို့ လိုက်ပြီး သူ၏ပြန်အလာကို ကြိုဆိုသောသူအားလုံးကို အာကာသကောင်းကင်၌ သူနှင့်တွေ့ဆုံရန် ဆောင်ယူလိမ့်မည်။ ထိုအကြောင်းကို ငါတို့စဉ်းစားတိုင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြပြီး ငါတို့သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာသူများဖြစ်၍ သခင်ကြွလာခြင်းကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ကျေးဇူးတင်စိတ်နှင့် ပြည့်လျှံနေသည်။ ငါတို့သည် ဖိစီးနှိပ်စက်မှုကို ခံစားခဲ့ရသော်လည်း အပြန်အလှန်အားဖြင့် “အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေ” ကို ငါတို့ရရှိခဲ့ကြသည်။ ကောင်းချီးမင်္ဂလာတစ်ပါးပင်တည်း။ ဤတောင့်တမှုနှင့် သခင်အပ်နှင်းပေးထားသော ကျေးဇူးတော်အားလုံးတို့ကြောင့် ငါတို့သည် တည်ကြည်လေးနက်စွာနှင့် မခြားမလပ် ဆုတောင်းကြသည်၊ ထို့ပြင် အတူတကွစုရုံးရာ၌ ငါတို့ကို ပို၍လုံ့လဝီရိယရှိစေသည်။ နောက်နှစ်လည်း ဖြစ်ချင်ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် လူသားအနေဖြင့် စိတ်ကူးနိုင်သည့်အချိန်ထက် ပိုတိုတောင်းသည့်အချိန်အတွင်း ဖြစ်ချင်ဖြစ်မည်၊ သခင်သည် ရုတ်တရက် ဆင်းကြွလာလိမ့်မည်၊ သူ့ကို ထက်သန်သော ဂရုဓမ္မပြုမှုနှင့် စောင့်မျှော်နေကြသည့် လူတစ်စုအကြား၌ ပေါ်ထွန်းလာလိမ့်မည်။ သခင်၏ပေါ်ထွန်းခြင်းကိုမြင်ရသော ပထမဦးဆုံးလူအုပ်ထဲတွင် ပါရန်နှင့် ချီဆောင်ခြင်းခံရမည့်သူများထဲမှ တစ်ဦးဖြစ်စေရန်အတွက် ငါတို့အားလုံးသည် နောက်ကျကျန်ခဲ့လိုခြင်းမရှိဘဲ အချင်းချင်း အရှေ့ရောက်ရန်အတွက် အပြေးအလွှား သွားကြသည်။ ဤနေ့ရက်ရောက်လာဖို့အတွက် ငါတို့သည် အဖိုးအခကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ အချို့က သူတို့၏အလုပ်များကို စွန့်လွှတ်ကြသည်၊ အချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်၊ အချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ကြသည်၊ အချို့ဆိုလျှင် သူတို့စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာစောင့်သိမှုသည် အတိတ်ခေတ်အဆက်ဆက်က သန့်ရှင်းသူများထက်ပင် ဧကန်မုချ သာလွန်ပေ၏။ သခင်သည် သူကြိုက်သည့်သူအား ကျေးဇူးတော်ကို နှင်းအပ်ပေးသည်၊ သူကြိုက်သည့်သူအား ကရုဏာကိုပြသည်၊ ငါတို့၏ ဆက်ကပ်အပ်နှံခြင်းနှင့် အသုံးခံခြင်းလုပ်ရပ်များကို သူ့မျက်လုံးများဖြင့် ကြာမြင့်စွာကတည်းက မြင်ပြီးဖြစ်သည်ဟု ငါတို့ယုံကြည်ကြသည်။ ထို့ကြောင့် ငါတို့၏ လှိုက်လှိုက်လှဲလှဲ ဆုတောင်းချက်များသည်လည်း သူ၏နားသို့ ရောက်ပြီးဖြစ်သည်ဟု ငါတို့ယုံကြည်ကြပြီး၊ ငါတို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်သည် ငါတို့ကို ဆုချလိမ့်မည်ဟု ငါတို့ယုံကြည်ကြသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီကတည်းကပင် ဘုရားသခင်သည် ငါတို့အပေါ် ကျေးဇူးပြုနေခဲ့ပြီးဖြစ်ကာ ငါတို့ကို သူပေးခဲ့ပြီးဖြစ်သော ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များကို မည်သူကမျှ ယူမသွားနိုင်ပါ။ ငါတို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ အာကာသကောင်းကင်၌ သခင်နှင့် ဆုံဆည်းရန်အတွက် ချီဆောင်ခြင်းခံရစိမ့်သောငှာ လဲလှယ်နိုင်သောအရာဖြစ်အောင် ငါတို့၏ ဆက်ကပ်အပ်နှံမှုနှင့် အသုံးခံမှုတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ငါတို့သည် တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့အပေါ် အုပ်စိုးရန် သို့မဟုတ် ရှင်ဘုရင်များအဖြစ် စိုးစံရန် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ အနာဂတ်ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကိုယ် နေရာချထားကြသည်။ ထိုအရာများအားလုံးကို မှန်ကန်သည်ဟု ငါတို့မှတ်ယူထားကြပြီး ဖြစ်ရိုးဖြစ်စဉ်အဖြစ် သဘောထားကြသည်။Read More »

ကျွန်တော့်သခင် ဘယ်သူလဲ ဇာတ်လမ်းတို ဘုရားသခင်နဲ့ သမ္မာကျမ်းစားအကြားက ဆက်နွယ်မှုကဘာလ

နှစ်ပေါင်းနှစ်ထောင်လောက်၊ ကျွန်တော်တို့တွေ သခင့်ကို သမ္မာကျမ်းစာထဲကအတိုင်း ယုံကြည်ခဲ့ကြတယ်၊ ပြီးတော့ ကျွန်တော်တို့အများစုက “သမ္မာကျမ်းစာသည် သခင်ကို ကိုယ်စားပြုတယ်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကိုယုံကြည်ခြင်း၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုယုံကြည်ခြင်း” ပဲလို့ယုံကြည်ကြပါတယ်။ ဒီအတွေးအခေါ်တွေဟာ မှန်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းအမှန်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကြားက ဆက်နွယ်မှုက ဘာလဲ။ သမ္မာကျမ်းစာကို မျက်စိမှိတ်ယုံကြည်ခြင်းနဲ့ ချစ်ခင်စုံမက်ခြင်းဟာ ဘုရားသခင်ကို ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ ကိုးကွယ်ခြင်းလို့ ဆိုလိုတာလား။ ဒီဗီဒီယိုလေးက သင့်ကိုအဖြေတွေ ဖော်ပြသွားမှာပါ။

အကြံပြုစာမျာ:

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)