ဘုရားသခင်၏ စကားတော် | စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်

ကယ်တင်ခြင်း, ခရစ်ယာန်, နာခံခြင်း, သမ္မာတရား, အသက်

လူအများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်နေရာယူသည့် လမ်းကြောင်းသည် လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္တု များအားလုံးထဲတွင်နစ်ဝင်နေသော ၎င်းတို့၏နှလုံးသားများကိုဆွဲထုတ်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲသို့ ထည့်သွင်းပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လုံးလုံးလျားလျား သံသယဖြစ်ဖွယ် မရှိဘဲ အလုံးစုံမှန်ကန်ကြောင်းကို ၎င်းတို့၏ နှလုံးသားများ၌ ၎င်းတို့အားလုံး ယုံကြည်ကြမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကိုလည်း ယုံကြည်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကိုမသိပါက သင်သည် ယုံကြည်သူအမှန်တကယ်ဟုတ်ပါ၏လော။ သာမန်လူတစ်ယောက်၏ အသက်တာနှင့် ဘုရားသခင်ရှိသောလူသားတစ်ဦး၏ သင့်တော်သောအသက်တာကိုပိုင်ဆိုင်ရန်အတွက် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ယုံကြည်ရမည်ဖြစ်သည်။ သင်သည် လူတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်လုပ်သည့် အလုပ်၏ပထမခြေလှမ်းကို စုံလင်စေခြင်းမရှိသေးပါက သင်၌အခြေခံအုတ်မြစ်မရှိပေ။ သင်၌ အခြေခံအကျဆုံးသောသဘောတရား ကင်းမဲ့နေ၍ လမ်းကြောင်းကို အဘယ်သို့ ရှေ့ဆက်လျှောက်လှမ်းနိုင်မည်နည်း။ ဘုရားသခင်မှလူသားအားစုံလင်စေခြင်း လမ်းကြောင်းမှန်ကို လိုက်လျှောက်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ယခုမျက်မှောက်အလုပ်၏ လမ်းကြောင်းမှန်အတွင်း ဝင်ရောက်ခြင်းဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို လိုက်လျှောက်ခြင်းလည်းဖြစ်သည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ ယခုမျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့် လိုက်လျှောက်လှမ်းမည့်သူသည် နာခံမှုရှိရမည်ဖြစ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို စားသောက်ရမည်ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်၏အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်၍၊ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုခြင်းဖြစ်ကာ၊ အရာအားလုံးသည် သူ၏မျက်မှောက်နှုတ်ကပတ်တော်ဖြစ်သော၊ သူ၏နှုတ်ကပတ်တော်အပေါ်တွင် အခြေခံ၍ တည်ထောင်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို လုံး၀ သံသယကင်းခြင်းအကြောင်း ဖြစ်စေ၊ သူ့အားသိရှိခြင်းအကြောင်းဖြစ်စေ၊ လူတစ်ဦးသည် သူ၏နှုတ်ကပတ်တော်အတွက် လွန်စွာ ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုသူသည် အဘယ်အရာကိုမျှ ပြီးမြောက်နိုင်မည်မဟုတ်ဘဲ ၎င်းတွင် မည်သည့်အရာမျှ ကျန်မည်မဟုတ်ပေ။ ဘုရားသခင်အား သိကျွမ်းလာခြင်းနှင့် သူ၏နှုတ်ကပတ်တော်များတို့အားစားသောက်ခြင်းအပေါ် အခြေခံလျက် သူ့အား ကျေနပ်စေခြင်းဖြင့်သာ သူနှင့် သင့်တော်သောဆက်ဆံရေးကို လူတစ်ဦးသည် တဖြည်းဖြည်း တည်ထောင်နိုင်မည် ဖြစ်သည်။ Read More »