ခရစ်တော်၏ဖော်ပြချက်များ (ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။”

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)