၂။ ဘုရားသခင်ကို အဘယ်ကြောင့် မတူညီသော အမည်နာမများဖြင့် မတူညီသော ခေတ်ကာလများ၌ ခေါ်ကြသနည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသောခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။Read More »

ခရစ်ယာန်ဓမ္မသီချင်း | လူတို့အပေါ်ထားတဲ့ ဘုရားရဲ့သဘောထား

ကရုဏာ, စိတ်နေသဘောထား, ဓမ္မသီချင်း, ပေးသနားခြင်း

ခရစ်ယာန်ဓမ္မသီချင်း | လူတို့အပေါ်ထားတဲ့ ဘုရားရဲ့သဘောထား


လူတို့ ယုတ်မာမှုတွေဟာ
ဘုရားကိုစော်ကားရာရောက်တဲ့အခါ
သူတို့ ဘုရားရှေ့မှာ
တကယ် နောင်တမရရင်
ဘုရားအမျက်တော်နှင့် တွေ့မယ်
လူတို့ဘုရားကို ဆက်ပြီးဆန့်ကျင်လျှင်
သူတို့ပျက်စီးတဲ့အထိ အမျက်ဒေါသမရပ်ပါ
ဒါဟာ ဘုရားရဲ့ စိတ်သဘောထား။
ဘုရားရဲ့ သက်ညှာမှုနဲ့ အမျက်ဒေါသဟာ
လူတွေ လုပ်ရပ်နဲ့ ဘုရားအပေါ်ထားတဲ့
သဘောထားအပေါ် မူတည်ပါတယ်
ဘုရားဟာ လူတစ်ယောက်အပေါ် အမျက်ဒေါသမပျောက်ရင်
သူ့စိတ်ဟာ ဘုရားကိုဆန့်ကျင်တာ သေချာ
သူဟာ တကယ်နောင်တမရသေးလို့
ဘုရားကိုဦးမညွတ်သေး၊ တကယ်မယုံကြည်သေးလို့ပါ
ဘုရားရဲ့ သက်ညှာမှုနဲ့ သည်းခံမှုကို မရသေးလို့ပါ။
ဒါဟာ ဘုရားရဲ့ စိတ်သဘောထား။
ဘုရားရဲ့ သက်ညှာမှုနဲ့ အမျက်ဒေါသဟာ
လူတွေ လုပ်ရပ်နဲ့ ဘုရားအပေါ်ထားတဲ့
သဘောထားအပေါ် မူတည်ပါတယ်

Read More »

ရုပ်ရှင်ဇာတ်လမ်းတို (၃) သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့သည် သခင် ပြန်လည်ကြွလာခြင်းအပေါ် ပြုမူပုံ

သခင်သည် နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာပြီဖြစ်ပြီး သမ္မာတရားများစွာတို့ကို မိန့်မြွက်၍ တရားစီရင်ခြင်းအမှုကို ပြုလုပ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့သည် သမ္မာကျမ်းစာတွင် အလွန်ကျွမ်းကျင်ပြီး အခြားလူများအတွက် မကြာခဏ အဓိပ္ပါယ်ပြန်ဆိုပေးရသည့်အတွက် သူတို့သည် သခင်ကြွလာခြင်းကို သိမြင်သင့်ပြီး ကိုယ်တော်ကို ကြိုဆိုရန်အတွက် ယုံကြည်သူတို့ကို ဦးဆောင်နိုင်လိမ့်မည်ဆိုသည်မှာ အကျိုးအကြောင်းသင့်သည်။ သို့သော် ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲတို့သည် သခင်ပြန်လည်ကြွလာခြင်းအပေါ်တွင် အမှန်တကယ်တွင် မည်သို့ ပြုမူဆက်ဆံသနည်း။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

 

ဘုရားသခင်၏ အသံတော် | စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့

ဘုရားသခင်၏ အသံတော် | စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့

သင်သည်ဘုရားသခင်၏အလိုတော်ကို သတိပြုလေလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး များလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး ပိုများလေ သင့်အတွေ့အကြုံကြွယ်ဝလာလေဖြစ်သည်။ ဘုရားသခင်၏ အလိုတော် ကိုသင်သတိပြုမိချိန်တွင်၊ ဘုရားသခင်သည်သင့်ထံသို့ ဤဝန်ထုပ်ကိုပေးကာ၊ သူယုံကြည်စိတ်ချအပ်နှံထားသည့်အရာများနှင့်ပတ်သတ်၍ သင့်ကို ဉာဏ်အလင်းပေး ပါလိမ့်မည်။ ဘုရားသခင်သည်သင့်ကိုဤဝန်ထုပ်ကိုပေးပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ် တော်များကိုစားသောက်နေစဉ်တွင် ဤရှုထောင့်၏သမ္မာတရားများကို စိတ်ဝင်စားမှုရှိပါလိမ့်မည်။ အကယ်၍သင့်ထံတွင် ညီအစ်ကို မောင်နှမများ၏ဘဝ အခြေအနေများနှင့်သက်ဆိုင်သော ဝန်ထုပ်တစ်ခုရှိပါက၊ ဤဝန်ထုပ် သည် ဘုရားသခင်မှ သင့်ကိုယုံကြည်၍အပ်နှံထားသောဝန်ထုပ်ဖြစ်ပြီး၊ သင့်နေ့စဉ် ဆုတောင်းချက်များတွင် ဤဝန်ထုပ်ကိုအမြဲတမ်းသယ်ဆောင်ပါလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သောအရာမှာ သင့်ကိုယုံကြည်၍အပ်နှံခြင်းဖြစ်ပြီး၊ ဘုရားသခင်လုပ်စေလိုသော အရာကို သင်သည် လုပ်ဆောင်ရန်ဆန္ဒရှိပါက၊ ယင်းသည် ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် သယ်ဆောင်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ဤနေရာ၌ သင်၏ ဘုရားသခင့်နှုတ်ကပတ်တော် များကိုစားသောက်ခြင်းက ဤရှုထောင့်များထဲမှ ပြဿနာများအပေါ်တွင် ဦးတည်လိမ့်မည်ဖြစ်ပြီး၊ ဤပြဿနာများကိုငါဘယ်လို ဖြေရှင်းမည်နည်းဟု သင်စဉ်းစားလိမ့်မည်။ ငါ့ညီအစ်ကိုမောင်နှမများကို သူတို့၏စိတ်ဝိညာဉ် ပျော်ရွှင်မှုရစေရန် လွှတ်မြောက်ခွင့်ငါမည်သို့ပေးမည်နည်း။ သင်သည်မိဿဟာရဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကို အာရုံစိုက်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်၊ ဤပြဿနာများနှင့် ပတ်သတ်သော နှုတ်ကပတ် တော်များအား မှီဝဲစားသောက်ခြင်း ကိုသင်အာရုံစိုက်လိမ့်မည်။ ဤဝန်ထုပ်ကို သယ်ဆောင်နေစဉ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုစားသောက်နေလိမ့်မည်။ ဘုရားသခင်သင့်အပေါ် ထားသောလိုလားချက်များကို သင်နားလည်လိမ့်မည်။ ဤနေရာတွင် လျှောက်လှမ်းရန် လမ်းကြောင်းနှင့် ပတ်သတ်၍ သင်ပို၍ရှင်းလင်းလာလိမ့်မည်။ ယင်းသည် သင့်ဝန်ထုပ်မှ ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်မှ သင့်ကိုလမ်းညွှန်မှုပေးခြင်းဖြစ်သည်။ ငါသည်အဘယ်ကြောင့်ဤသို့ဆို သနည်း။ အကယ်၍ သင့်တွင် ဝန်ထုပ်ဝန်ပိုးမရှိပါက ဘုရားသခင်၏နှုတ်ကပတ်တော် များကို စားသောက်နေစဉ်တွင် သတိမှုမိမည်မဟုတ်ပေ။ ဝန်ထုပ်ကိုသယ်ဆောင်ကာ ဘုရားသခင်၏နှုတ်ကပတ်များကို စားသောက်နေစဉ်တွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အနှစ်သာရကိုဖမ်းဆုပ်ပြီး၊ သင့်လမ်းကြောင်း ကိုရှာဖွေကာ၊ ဘုရားသခင့်အလိုတော်ကိုသတိပြုမပါလိမ့်မည်။ ထို့ကြောင့် သင်၏ဆုတောင်းခြင်းများထဲတွင်ဘုရားသခင်အား သင့်အပေါ်တွင်ဝန်ထုပ်များပို၍ချပေးရန် တောင်းဆိုသင့်သည်။ သို့မှသာ ဘုရားသခင်သည် သင့်ကို ပို၍ကြီးမားသောအရာများ အပ်နှံနိုင်မည်ဖြစ်ပြီး၊ သင်သည်လည်း ရှေ့ဆက် လိုက်လျှောက်ရန်လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မှုပိုအားကောင်းလာကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် သင်သည် ပို၍အကျိုး ထိရောက်မှုရှိ လာမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏အနှစ်သာရများကို နားလည်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စိတ်ထိတွေ့မှုကို ပို၍လက်ခံနိုင်ပါလိမ့်မည်။Read More »

ရုပ်ရှင်ဇာတ်လမ်းတို (၂) ခရစ်တော်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည်

ပြီးခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကြာအထိ၊ သခင်အား ယုံကြည်သူတို့သည် သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်၊ ကိုယ်တော်သည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်ဖြစ်သည်ဟု သိပြီးဖြစ်သော်လည်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အမှန်တကယ်တွင် မည်သို့ဖြစ်သည်၊ လူ့ဇာတိခံယူသည့် ဘုရားသခင်အား ကျွန်ုပ်တို့ မည်သို့သိရှိသင့်သည်ဆိုသည်တို့နှင့် ပတ်သက်သည့် သမ္မာတရားတို့၏ နက်နဲမှုကို မည်သူမျှ နားမလည်နိုင်ကြပါ။ ထို့ကြောင့်ပင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကိုယ်တော်၏ တရားစီရင်ခြင်းအမှုကို လာရောက်လုပ်ဆောင်ရန် လူ့ဇာတိခံယူသည့်အခါ အချို့လူတို့သည် ကိုယ်တော်အား သာမန်လူကဲ့သို့ ဆက်ဆံပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို လက်ခံရန် ငြင်းဆန်ကြသည်။ လူတို့သည် ဤသို့ဖြင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးရနိုင်ခြေ အလွန်များသည်။ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို နားလည်ခြင်းသည် သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် အလွန်အရေးကြီးသည်မှာ သိသာထင်ရှားသည်။

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar new movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ဧဝံဂေလိ ဂီတ | သခင် ယေရှုကို အတုယူကြစေ

ကယ်တင်ခြင်း, ဆုတောင်း, ယေရှု, လက်ဝါးကပ်တိုင်, သခင်ယေရှု


ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊
လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊
ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊
တစ်ကိုယ်ခေါင်းဆန်သော ရည်ရွယ်ချက်၊စီမံမှုမရှိ
ဘုရားရဲ့အစီအမံကို သူ အဓိကဗဟိုမှာထား
ကောင်းကင်အဖဘုရားထံ သူဆုတောင်းခဲ့
ကောင်းကင်ဘုံအဖဘုရားရဲ့အလိုတော်ကို
ရှာဖွေ၍ သူ အမြဲဆုတောင်း
သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး
ဇာတိစရိုက်ကို ကျောခိုင်းပါက
ဘုရားသည်သူ့ကိုအစေခံနိုင်ရန်
သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

Read More »

ဘုရားသခင်၏ဖော်ပြချက်များ (နောက်ဆုံးသောကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ စာများဖြင့် ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရ သူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။”

အကြံပြုခရစ်ယာန်ဓမ္မသီချင်း

ခရစ်ယာန်ဓမ္မသီချင်း | ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

 

ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား

ဘာသာရေးလောကရှိ လူ အများအပြားသည် “လက်ဝါးကပ်တိုင်တွင် သခင်ယေရှုပြောသွားခဲ့သည့်”အမှုပြီးပြီ”ဆိုသည်မှာ လူသားအား ဘုရားသခင်ကယ်တင်ခြင်းအမှု ပြီးပြီဆိုသည်ကို သက်သေခံသည်။ ရိုးရှင်းစွာပင် သခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှ ခွင့်လွှတ်ခြင်း ခံရသည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်။ သခင်ကြွလာသည့်အခါတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်လိမ့်မည်။ ကိုယ်တော်သည် နောက်ထပ် ကယ်တင်ခြင်းအမှုပြုလုပ်ခြင်း မရှိနိုင်တော့ပေ။”ဟူ၍ ထင်မှတ်ကြသည်။ ဤအမြင်သည် ဘုရားသခင်၏ အမှုတော်၏ အချက်အလက်များနှင့် ကိုက်ညီပါသလား။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar new movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

၁။ ဘုရားသခင်သည် အဘယ်ကြောင့် အမည်နာမများကို ခံယူသနည်း၊ ထို့အပြင် အမည်နာမတစ်ခုသည် ဘုရားသခင်၏အလုံးစုံကို ကိုယ်စားပြုနိုင်သလော။

ကျေးဇူးတော်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယေရှု, ဝိညာဉ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ Read More »

( ၆ ) ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း

အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းဟာ ပိုပြီးအကျိုးများကြောင်း၊ ဘာကြောင့်ပြောဆိုကြတာလဲ။ ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့မရှိမဖြစ်လိုအပ်မှုနဲ့ အဓိကအရေးပါမှုကို ဘယ်လိုမြင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလို မိန့်ဆိုပါတယ်၊ “လူသား၏ အသွေးအသားကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ်ဖြစ်စေခဲ့ပါသည်။ ဘုရားသခင်သည် လူ့ဇာတိထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာ ဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့အသွေးအသားကို အသုံးပြုကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုတော်သည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့အသွေးအသားကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုတော်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုတော်သည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုတော်ပင်တည်း။” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဧဝံဂေလိတရားရုပ်ရှင်ကိုဝေမျှခြင်း

Myanmar movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)