ဘုရားသခင်၏ ပြောဆိုသံ|သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ

ဆုတောင်း, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် သင်တို့ ၏ စိတ်သဘောထား ကို ပြောင်းလဲမှုဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ သူ၏ အမှုတော်နှင့် နှုတ်ကပတ်တော်ကိုသင်တို့ နားလည်ရုံသက်သက် သို့မဟုတ် သိရုံသက်သက် မဟုတ်၊ ယင်းသည် အ ဆုံးသတ် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုတို့သည် လူသားဘာသာစကားဖြင့် ရေးသားထားသည်ဖြစ်ရာ လက်ခံ ရရှိ နိုင်စွမ်းရှိသူတစ်ဦး အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကိုနားလည်ရန် သင်တို့တွင် အခက်အခဲရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာဘုရားသခင်က သင်တို့ကို မည်သည့်အရာကို နားလည်စေပြီး ကျင့်သုံးစေချင်သည်ကို သင်တို့သည် နားလည် နိုင်ပေးသည်။ ယင်းသည် ပုံမှန်နားလည် နိုင်စွမ်းရှိသူ တစ်ဦးအနေဖြင့် သာမာန် လူတစ်ဦးနားလည် နိုင်စွမ်းသောအရာ ဖြစ်ပေသည်။ မျက်မှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ အထူးသဖြင့် ရှင်းလင်း၍ ပွင့်လင်းမြင်သာပြီး လူတို့ မစဉ်းစားသော အရာအများအပြားနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဘု ရားသခင်က ထောက်ပြထားသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် ပြည့်စုံမှုရှိပြီး လပြည့်ည အလင်းရောင်ကဲ့သို့ ရှင်းလင်းလှပေသည်။ သို့ဖြစ်ရာ မျက်မှောက်တွင် လူအများသည် အကြောင်းအရာ အများအပြားကို နားလည်သည်။ သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးရန် ချို့ယွင်းအားနည်းနေခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံကိုလေ့ကျင့်ပြီး ယင်းတို့ ၏ အသေးစိတ်ကို စူးစမ်းရှာဖွေရမည်။ သူတို့ အားပေးထားသည်ကို အလိုက်သင့် စောင့်စားနေရန် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် ပျင်းရိသူတို့ထက် အနည်းငယ်သာ ရုံသာရှိပေမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သိသော်လည်းလက်တွေ့ မကျင့်သုံးသူများ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ချစ်မြတ် နိုးသူမဟုတ်လိုပဲ အဆုံးတိုင် ဖယ်ရှားခြင်းကိုခံကြရမည်။ အေဒီ ၁၉၉၀ နှစ်များက ရှင်ပေတရုကဲ့သို့ သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသင့်ပေသည်၊ သင်တို့၏ အလေ့အထများတွင် အမှန် တကယ် ထည့်သွင်းသင့်ပေသည်။ ဘုရားသခင်နှင့်ပေါင်းစည်း ခြင်းတွင် ပိုမိုကြီးမားသော ကောင်းချီးမင်္ဂလာကိုပင် ရရှိသင့်ပေသည်၊ သင်တို့၏ ဘဝတစ်သက်တာတွင် ကူညီမှုများကို ပိုမို လက်ခံရရှိယူဆောင် နိုင်သင့်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့ကျင့်သုံးမှုများတွင် ဘုရားသခင် ၏ နာမတော်ကို အစဦးအသိဉာဏ်အဖြစ် မထည့်သွင်းပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင် နှင့် ပတ်သက်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အသက်တာ မဟုတ်ပဲ အဓိပ္ပာယ် ကင်း မဲ့သော ကျမ်းဟောင်းတရားများသာဖြစ်ပေလိမ့်မည်။ သင်သည် အသက် မဲ့သော ကျမ်းဟောင်းတရားများကိုသာဆုပ်ကိုင်ထားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆုပ်ကိုင် နိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်နှိုက်က ၀ိညာဉ်ဆိုင်ရာ အဓိပ္ပာယ်ကို သင့်အားဖွင့်ပြပေးခြင်းဖြင့် သင်သည် အမှန်တကယ် ၀ိညာဉ်ဆိုင်ရာ တန်ဖိုးများကိုဆုပ်ကိုင်နိုင်ပြီး လက်တွေ့ကျင့်သုံးခြင်း ပြုမှသာလျှင် သင်သည် ဘုရားသခင် နာမတော်၏ နက်နဲရာတို့ကို သိမြင် နိုင်ပေမည်။ သင်သည် လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် မည်မျှ ရှင်းလင်းသည်ဖြစ်စေကာမူ သင်ဆုပ်ကိုင် နိုင်သည့် အရာမှာသင်၏ ဘာသာရေးလုပ်ထုံးလုပ်နည်းဖြစ်လာမည့် အဓိပ္ပာယ်မဲ့သောကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေလိမ့်မည်။ ယင်းသည် ဖာရိရှဲတို့၏ ၏လုပ်ကိုင်ပုံ မဟုတ်ပါလော။ သင်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်တို့သည် လက်တွေ့မကျင့်သုံးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်တို့အတွက် တတိယ မိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာ ရုံသာရှိပေလိမ့်မည်။ အမှန် တကယ်တွင် ဘု ရားသခင်ကိုယုံကြည်ခြင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ လိုက်နာကျင့်သုံးခြင်း လုပ်ငန်းစဉ်သာမက ကိုယ်တော်ထံမှ ရရှိခြင်း ဖြစ်သည်၊ တနည်းအားဖြင့် ပိုမိုရှင်းလင်းစွာဖြင့်ဆိုလျှင် ဘု ရားသခင်အား ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်အား သိရှိနားလည်ခြင်း ဖြစ်ပြီး ကိုယ်တော်၏ နာမတော်၌ နေထိုင် ကျင့်သုံးခြင်း ဖြစ်သည်။ ယင်းမှာသင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းအစစ် အမှန် ဖြစ်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်တို့၏ အတွင်း၌ရှိသောအရာတစ်ခုအဖြစ် လိုက်နာကျင့်သုံးရန် ရှာဖွေခြင်းမရှိပဲ သင်တို့သည် ဘု ရားသခင်ကိုယုံကြည်ပြီး ထာဝရ အသက်တာကို မျှော်လင့်ပါက သင်တို့သည် ရူးသွပ်သူများသာ ဖြစ်သည်။ ယင်းမှာပွဲတော်သို့ သွားပြီး အစားအစာများကိုမစားမသောက်ပဲ ယင်းတို့အကြောင်း မှတ်ချက်ရေးသည်နှင့်သာ တူပေသည်။ ထိုသူမှာအရူးနှင့် မတူပါသလော။Read More »