ခရစ်ယာန်သီချင်း | ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

ကယ်တင်ခြင်း, ကရုဏာ, ဓမ္မသီချင်း, နာခံခြင်း, ဘုရားသခင်

I
ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်
သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊
ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။
မည်သူကိုမျှပစ်ပယ်မည်မဟုတ်ပေ။
သို့သော် မိမိစိတ်သဘောထားကို
ပြောင်းလဲနိုင်စွမ်းမရှိသောသူများ
သို့မဟုတ် ဘုရားသခင်အား အကြွင်းမဲ့မနာခံနိုင်သောသူများမှာ
ဒဏ်ခတ်ခြင်းခံကြရမည်။
နှုတ်ကပတ်တော်၏ လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန်လည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့
အခွင့်ပေးတော်မူမည်။

Read More »

ဇာတ်လမ်းတို (၁) သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ

သခင်ယေရှု ထမြောက်တော်မူပြီး၊ ကောင်းကင်ဆီ တက်သွားခဲ့တဲ့နောက်၊ ရာစုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ယုံကြည်သူတွေက ကယ်တင်ရှင်ယေရှုရဲ့ပြန်အလာကို စိတ်အားထက်သန်စွာ တမ်းတခဲ့ကြပါတယ်။ သခင် ပြန်လာတဲ့အခါ၊ ကျွန်ုပ်တို့ဆီကို ပေါ်ထွန်းလာမှာက ထမြောက်ခဲ့တဲ့ယေရှုရဲ့ဝိညာဉ်ခန္ဓာသာ ဖြစ်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘာကြောင့် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ပေါ်ထွန်းနေတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ …” “လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်…” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)Read More »