ဘုရားသခင်သည် ကျွန်မဘေးတွင် ရှိသည်

ကယ်တင်ခြင်း, ကျေးဇူးတော်, ဆုတောင်းခြင်း, သမ္မာတရား, အသင်းတော်

ကျွန်မသည် ခရစ်ယာန် မိသားစုတစ်စုတွင် မွေးဖွားလာခဲ့ပြီး၊ ကျွန်မအသက် ၁ နှစ်သား အရွယ်တွင် ကျွန်မ အမေက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သော ပြန်ကြွလာသည့်သခင်ယေရှု ၏ အမှုတော်အသစ်ကို လက်ခံခဲ့သော်လည်း ကျွန်မအဖွားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ကျွန်မ ငယ်စဉ်က အဖွား မကြာမကြာ ပြောလေ့ရှိသော စကားများဖြစ်သည့် “သမီးနေမကောင်းတာ ဒါမှမဟုတ် အိမ်စာမလုပ်နိုင်တာမျိုးဖြစ်ရင်၊ သခင်ယေရှုကိုသာ ဆုတောင်းလိုက်။ ကိုယ်တော်က သမီးကို ဉာဏ်ရည်နဲ့ ဉာဏ်ပညာတို့ပေးလိမ့်မယ်၊ သမီးလုံခြုံမှုအတွက် ကိုယ်တော်က စောင့်ရှောက် လိမ့်မယ်”ဆိုသည်ကို အမှတ်ရမိပါသည်။ ကျွန်မ အမေကမူ ကျွန်မကို “ဘုရားသခင်က ဒီကမ္ဘာလောကကို ဖန်ဆင်းတော်မူပြီး လူသားတွေကို ဖန်ဆင်းခဲ့တယ်။ ကိုယ်တော်က အမေတို့ဘေးမှာ အမြဲတမ်း ရှိတယ်။ သမီးလေး ပြဿနာတစ်စုံတစ်ခုတွေ့တဲ့အချိန် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းဖို့ သတိရပါ။ ကိုယ်တော်က သမီးကို ဂရုစိုက်ပြီး၊ ကာကွယ်လိမ့်မယ်” ဟု မကြာခဏပြောလေ့ရှိပါသည်။ ဤမတူညီသည့် အသံနှစ်ခုသည် ကျွန်မနားထဲတွင် အဆက်မပြတ် မြည်နေသည်။ တစ်ခါက ကျွန်မအမေကို မသေချာစွာဖြင့် “အဖွားက သမီးကို သခင်ယေရှုဆီမှာ ဆုတောင်းစေချင်တယ်၊ ပြီးတော့ အမေက သမီးကို အနန္တတန်ခိုးရှင်ဘုရားသခင် ဆီမှာ ဆုတောင်းစေချင်တယ်။ သမီးဘယ်သူ့စကားကို နားထောင်သင့်လဲ” ဟု မေးခဲ့ရာ အမေက “တကယ်တော့ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့က ဘုရားတစ်ပါးတည်းပါ သမီးရယ်။ ခေတ်တွေ ကွဲပြားကုန်လို့ ဘုရားသခင်ယူခဲ့တဲ့ နာမတော်တွေ နဲ့ ဘုရားသခင်ပြုတော်မူတဲ့ အမှုတော်တွေက မတူကြတာပါ။ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို ပြုပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က နိုင်ငံတော်ခေတ်ရဲ့ အမှုတော်ကို ပြုတယ်လေ။ ကိုယ်တော်က ခေတ်တိုင်းမှာ ကိုယ်တော်အမှုတော်ပြုတဲ့နည်းလမ်းကို ပြောင်းလဲလေ့ရှိပြီး သူ့နာမတော် ကိုလည်း ပြောင်းတယ်လေ။ ဒါပေမဲ့ ကိုယ်တော့် နာမတော်နဲ့ အမှုတော်တွေ ဘယ်လိုပဲပြောင်းပါစေ၊ ကိုယ်တော့် အနှစ်သာရကတော့ မပြောင်းလဲပါဘူး။ ဒီနေ့မှာ သမီးက ကျောင်းသွားဖို့ အနီရောင်ဝတ်ထားပြီး၊ မနက်ဖြန် စားသောက်ဆိုင်သွားဖို့ အပြာရောင်ဝတ် သလိုမျိုးပဲ၊ သမီးက မတူတဲ့ အဝတ်ကို ဝတ်ထားပြီး၊ မတူတဲ့ နေရာသွား၊ ပြီးတော့ မတူတဲ့ အလုပ်တွေလုပ်နေပေမဲ့လည်း သမီးကသမီးပဲလေ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ခေတ်သစ် ရောက်လာတဲ့အချိန်မှာ အမေတို့က ကိုယ်တော်ရဲ့ အမှုတော်အသစ်အတိုင်း လိုက်နိုင်ရမယ်။ ဒါ့ကြောင့် အမေတို့က အခု အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းသင့်တာပေါ့” ဟု ပြောခဲ့သည်။ အမေ့ရှင်းလင်းချက်ကို ကြားသော်လည်း၊ ကျွန်မ နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးနေ ဆဲဖြစ်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်အသစ်အပေါ် သံသယဖြစ်သည့် စိတ်နေ သဘောထားမျိုး အနည်းငယ် ရှိနေဆဲဖြစ်သည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

ကရုဏာ, ဓမ္မသီချင်း, ယုံကြည်ခြင်း, သခင်ကို ချစ်ခြင်း, အသင်းတော်

ခရစ်ယာန်သီချင်း | ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်


ဘုရားမျော်လင့်တာက
သင်သူ့သဘောထားအမှန်ကိုသိချိန်
သင် ဘုရားနဲ့ပိုနီးစပ်လာမယ်
သူ့မေတ္တာနဲ့
လူတို့အတွက် ပူပန်မှုကို တန်ဖိုးထားတတ်လာမယ်
သံသယစိတ်တွေ၊ သူ့အပေါ်
မယုံသင်္ကာစိတ်တွေမရှိဘဲ
ဘုရားအား သင့်နှလုံးသား ပေးတတ်လာမယ်
သူဟာလူတို့အတွက် အားလုံးကို သိမ်မွေ့စွာ
တိတ်ဆိတ်စွာ ဆောင်ရွက်တယ်
ဖြောင့်မတ်ခြင်း၊ သစ္စာ၊ မေတ္တာအပြည့်နဲ့ပါ။

Read More »