Myanmar Gospel Song (အမှန်တရားကိုလက်ခံသူ ဖြစ်သင့်ပါတယ်)

I
အို… ကိုယ့်လမ်းကိုရွေးချယ်ပါ။ အမှန်တရားကို မပယ်ချပါနဲ့
သန့်ရှင်းသောဝိဉာဉ်တော် ကို မစော်ကားပါနဲ့
ပညာမမဲ့နဲ့၊ မမောက်မာနဲ့
သန့်ရှင်းသောဝိဉာဉ်တော်ရဲ့ လမ်းပြမှုကို နာခံပါလေ။
ခရစ်တော်ရဲ့ ပြန်လာခြင်းဟာ အမှန်တရားကို
လက်ခံနိုင်သူအားလုံးအတွက် မြင့်မြတ်တဲ့ ကယ်တင်ခြင်း ပါ။
ခရစ်တော်ရဲ့ပြန်လာခြင်းဟာ
အမှန်တရားကို လက်မခံနိုင်သူအားလုံးအတွက်
အပြစ်စီရင်ခြင်း တစ်ခုပါ။

Read More »

ဘုရားသခင်၏ ပြောဆိုသံ | ဆိုးရွားလှသော ပြဿနာ—သစ္စာဖောက်ခြင်း (၁)

ဘုရားသခင်၏ ပြောဆိုသံ | ဆိုးရွားလှသော ပြဿနာ—သစ္စာဖောက်ခြင်း (၁)

ငါ့အလုပ် ပြီးစီးလုပြီ။ နှစ်ပေါင်းစွာ သင်တို့နှင့်အတူ ကုန်ဆုံးခဲ့ရသော အချိန်ကာလသည်လည်း သည်းမခံနိုင်လောက်သော အတိတ်က အမှတ်ရစရာများ ဖြစ်ခဲ့လေပြီ။ ငါ့နှုတ်ကပတ်တော်တို့ကို ငါသည် ဆက်လက်၍ ထပ်တလဲလဲ ပြောဆိုကာ လုပ်ငန်းသစ်ကို မရပ်မနား ဆောက်ရွက်ခဲ့သည်။ မှန်ပေသည်၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အရာတခုစီအတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါလျှင် သင်တို့အားလုံး လမ်းလွဲမည့်အပြင် ပို၍ ဆုံးရှုံးရလိမ့်မည်။ ငါ၏အလုပ် ပြီးဆုံးလု နီး၍ အဆုံးသတ်ပေတော့မည်။ အကြံဉာဏ် ပေးခြင်းကိုမူ ဆက်လက် လုပ်ဆောင်လိုသေးသည်။ ဤသို့ ဆိုရာ၌ သင်တို့ နားထောင်ရမည့် အကြံဉာဏ်များ ပေးလိုသည်ကို ဆိုလိုသည်။ ငါမျှော်လင့်သည်မှာ သင်တို့ သည် ငါပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့သမျှကို အလဟဿ မဖြစ်စေရန်နှင့် ငါပြုသော စောင့်ရှောက်မှုနှင့် ငါ၏ စိတ်တို့ကို သင်တို့နားလည်နိုင်ကာ၊ ငါ၏ နှုတ်ကပတ်တော်သည် လူသားတစ်ဦး ကျင့်ကြံပြုမူရမည့် အခြေခံမူဖြစ်သည်ဟု သင်တို့လက်ခံစေရန်သာ ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်အား သင်တို့ နာခံလိုသည် ဖြစ်စေ၊ မနာခံလိုသည် ဖြစ်စေ၊ စိတ်ပါလက်ပါ လက်ခံသည် ဖြစ်စေ၊ မအီမသာ လက်ခံသည်ဖြစ်စေ၊ သင်တို့သည် ထိုနှုတ်ကပတ်တော်ကို အလေးအနက်ထားရမည်။ သို့မဟုတ်လျှင် သင်တို့၏ အလေးအနက် မထားခြင်း၊ လျစ်လျူရှုခြင်း စိတ်သဘောနှင့် အမူအကျင့်သည် ငါ့ကို စိတ်မချမ်းမြေ့ စေသည်သာမက စက်ဆုပ်ရွံရှာ စေလိမ့်မည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်ကို အဖန်တလဲလဲ – အကြိမ်ထောင်ချီ၍ – ဖတ်သည်သာမက အလွတ်ရသည်အထိ ကျက်မှတ်သည်ကို ငါလွန်စွာ မျှော်လင့်သည်။ ထိုနည်းအားဖြင့်သာ သင်တို့သည် ငါမျှော်လင့်ထားသည့်အတိုင်း ပြည့်မီနိုင်မည်ဖြစ်သည်။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦး တစ်ယောက်မျှ ထိုကဲ့သို့ အသက်ရှင်ခြင်း မရှိသည့်အပြင် သင်တို့အားလုံးသည် မိမိ၏အလိုဆန္ဒ ပြည့်ဝသည့် အထိ အလွန်အကျွံ သောက်စားမူးယစ်ကာ ကိုယ်ကျင့်တရား ပျက်ပြားသော ဘဝတွင် နစ်မွန်းလျက်ရှိကာ သင်တို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ် ချမ်းသာရေးအတွက် ငါ့နှုတ်ကပတ်တော်ကို မှီဝဲသူ အလျင်းမရှိပေ။ ထိုအကြောင်းကြောင့် လူသားမျိုးနွယ်၏ ပုံရိပ်မှန်သည် အမြဲတစေ ငါ့ကို သစ္စာဖောက်လျက် တစ်ဦး တစ်ယောက်မျှ ငါ၏နှုတ်ကပတ်တော်ကို အကြွင်းမဲ့ သစ္စာစောင့်သိရိုသေသူ တစ်ဦးတစ်ယောက်မျှ မရှိနိုင်ဟု ငါကောက်ချက်ချသည်။Read More »