ဘုရားသခင်၏ စကားတော် | ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်၏နားလည်ချက်မှာ အဘယ်နည်း

ကယ်တင်ခြင်း, ကရုဏာ, ကျေးဇူးတော်, ဆုတောင်း, အသက်

ယနေ့ခေတ်အချိန်အခါမှာ မွေးလာသောသူများသည် စာတန်နှင့် ညစ်ညမ်းသော နတ်ဆိုးများ၏ ဖျက်ဆီးမှုအောက်တွင် ရှိနေရသော်လည်း၊ သူတို့သည် ဤကဲ့သို့ အကျင့်ပျက်မှုကြောင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤကယ်တင်ခြင်းသည် ယောဘရရှိ ပိုင်ဆိုင်ခဲ့သော မိသားစုပိုင်ဆိုင်မှုများနှင့် မြေနေရာများ၊ တောင်များတွင် လွမ်းခြုံနေသော သူ၏တိရစ္ဆာန်များနှင့် ယောဘ အသက်တာ၌ ဒုက္ခပြဿနာများ တွေ့ကြုံခဲ့ပြီးနောက် ယေဟောဝါနှင့် တွေ့ဆုံခွင့်ရပြီး လက်ခံရရှိခဲ့သော ကောင်းချီးမင်္ဂလာများထက်ပင် ကြီးမားပါသည်။ ဤအရာများကို ယောဘသည် သေခြင်းဝေဒနာကို ရင်ဆိုင်ခဲ့ရ ပြီးမှသာ ယေဟောဝါ၏ မိုးခြိမ်းသံကဲ့သို့သော အသံကို မိုးတိမ်တိုက်မှ ကြားခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြားလည်း သူသည် ယေဟောဝါ၏ မျက်နှာနှင့် သူ၏စိတ်နေသဘောထားကို မတွေ့မြင်ခဲ့ပါ။ ယောဘရရှိလိုက်သည့် အရာမှာ သွေးသားဆန္ဒ ပြည့်ဝ၀မ်းမြောက်စေသည့် စည်းစိမ်ဥစ္စာများ၊ ပတ်ဝန်းကျင်တခွင်ရှိ မြို့များတွင် အလှပဆုံး ဖြစ်သော သားသမီးများနှင့် ကောင်းကင်တမန်များ၏ ကာကွယ်စောင့်ရှောက်ပေးမှုများ မျှသာဖြစ်သည်။ သူသည် တစ်ခါမျှ ယေဟောဝါကို မမြင်ခဲ့ပါ။ သူသည် ဖြောင့်မတ်သူဟု ခေါ်ဆိုခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မသိမြင်ခဲ့ပါ။ ယနေ့ခေတ်လူများသည် လောကပျော်ရွှင်မှုများအရာမှာ ခေတ္တဆင်းရဲ နေရပြီး ခက်ခဲကြမ်းတမ်းသော ပြင်ပပတ်ဝန်းကျင်နှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း ခေတ်အဆက်ဆက် လျှို့ဝှက်ထားခဲ့ပြီး တခါမျှ မဖော်ပြခဲ့သော ငါ၏ စိတ်နေသဘောထားကို ဖော်ပြခဲ့ပြီး ငါ၏နက်နဲသော အရာများ ကိုလည်း အနိမ့်ဆုံးသော လူသားများကို ပြသခဲ့ပြီး ကြီးမားသော ကယ်တင်ခြင်းကိုလည်း ပေးခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ ငါ၏ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤကဲ့သို့အလုပ်မျိုးကို ယခင်က တစ်ခါမျှ ငါမလုပ်ခဲ့ပါ။ သင်တို့သည် ယောဘကို မည်သို့မျှ မမှီနိုင်သော်လည်း၊ သင်တို့ရရှိသောအရာနှင့် သင်တို့မြင်တွေ့ခဲ့ရသော အရာများသည် ယောဘကို သာလွန် ကျော်လွန်နေပြီဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲ အမျိုးမျိုး၊ ညှင်းဆဲမှု အမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ထိုခံစားရမှုများသည် ယောဘ၏ ဒုက္ခဆင်းရဲများနှင့် မတူပါ။ ဤအရာသည် လူသားများ၏ ပုန်ကန်မှုနှင့် တော်လှန်မှုများကြောင့် ခံစားရသော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့်လည်း ဖြစ်သည်။ ဤအရာသည် ဖြောင့်မတ်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းပင်ဖြစ်သည်။ ယောဘသည် ဣသရေလလူမျိုး တစ်ဦးဖြစ်ပြီး ယေဟောဝါ၏ ကြီးမားသောချစ်ခြင်းနှင့် သနားခြင်းဂရုဏာကို လက်ခံရရှိသော ဖြောင့်မတ်သောသူ တစ်ဦးလည်းဖြစ်သည်။ သူသည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ ယောဟောဝါကိုလည်း မခုခံ မတော်လှန်ခဲ့ပါ။ သူသည် သစ္စာရှိစွာ ယေဟောဝါကို ကိုးကွယ်ခဲ့သည်။Read More »

Myanmar Gospel Movie Trailer(နာကြည်းဖွယ်ရာ အမှတ်တရများ)

ဖန်းကူးရီသည် တရုတ်ပြည်ရှိ အိမ်တွင်းအသင်းတော်တစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ အမှုတော်ထမ်းဆောင်နေစဉ် နှစ် နှစ်ဆယ်ကျော်ကာလတွင် သူသည် ရှင်ပေါလုကို အမြဲတမ်း တုပသည်။ အလုပ်ကြိုးစားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သခင့်အတွက် အသုံးတော်ခံသည်။ ထို့အပြင် သူသည် ဤနည်းဖြင့် သူ့ယုံကြည်ခြင်းကို ကြိုးစားအားထုတ်ခြင်းဖြင့် သူသည် ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်နေသည်၊ သခင်ပြန်လည်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ကို သေချာပေါက် ချီဆောင်ခံရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။ သို့ရာတွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ့အပေါ်သို့ ကျရောက်လာသည့်အခါတွင် သူသည် သူ၏အယူအဆများကို ဖက်တွယ်နေသည်။ သူသည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို ထပ်ခါထပ်ခါ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်းတို့ ပြုလုပ်ခဲ့သည်။… နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ တရားဟောဆရာများနှင့် ဆွေးနွေးငြင်းခုံမှုအချို့ ပြုလုပ်ပြီးနောက်တွင် နောက်ဆုံး၌ ဖန်းကူးရီသည် သမ္မာတရားဆီသို့ နှိုးထားလာခဲ့ပြီး ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသည်ဆိုသည်နှင့် သူ့အား ကယ်တင်ခြင်းကိုရရှိပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်စေနိုင်ရန်ပြုလုပ်ပေးရန်အတွက် သူ၏ ယုံကြည်မှုကို မည်သို့အားထုတ်ရမည်ဆိုသည်တို့ကိုပါ အမှန်တကယ် နားလည်လာခဲ့သည်။… အရင်က သူသည် မည်သို့သောသူဖြစ်ခဲ့သည်ဆိုသည်ကို ပြန်စဉ်းစားသည့် အခါတိုင်းတွင် ထို အမှတ်ရစရာများသည် သူ့နှလုံးသားကို ဆူးချွန်များကဲ့သို့ ထိုးစိုက်သည်။…

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)