ဘုရားသခင်၏ စိတ်အလိုတော် | လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

သမ္မာတရား, အသင်းတော်, ဧဝံဂေလိတရား, ကယ်တင်ခြင်း, အသက်

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်သည်၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အမှုအရာများကို ကိုင်တွယ်စီမံရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များအတွင်း၌ ဆုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ Read More »