Myanmar gospel dance (ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းရန် ဝမ်းမြောက်ခြင်းဖြင့် စုဝေးကြသည်)

ချီးမွမ်းပြီး ဝမ်းမြောက်ပါ
ချီးမွမ်းပြီး ဝမ်းမြောက်ပါ
ချီးမွမ်းပြီး ဝမ်းမြောက်ပါ
ချီးမွမ်းပြီး ဝမ်းမြောက်ပါ
ဘုရားသခင်၏ စိတ်သဘောထားသည် အလွန်ချစ်ခင်ဖွယ်ကောင်းသည်။
ဘုရားသခင်ကို သက်သေခံရန် နှင့် ချီးမွမ်းရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။
ညီအစ်ကိုမောင်နှမများ၊ အတူတကွ အလွန်ပျော်ရွှင်ကြသည်။
ဗုံများတီး၊ သီချင်းဆိုကာ၊ ကကြပါစို့။
ကိုယ်တော်သည် ခေတ်အသစ်ကို စတင်သည်နှင့်အညီ ကျွန်ုပ်တို့သည် လူ့ဇာတိထဲက ဘုရားသခင်ကို ချီးမွမ်းကြသည်။Read More »

ဘုရားသခင်၏ ပြောဆိုသံ | သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

ကယ်တင်ခြင်း, ယုံကြည်ခြင်း, ယုံကြည်သူ, သမ္မာတရား, အသက်

သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့တိုင်းသည် အရေးကြီးပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာကျသည်ဖြစ်၍ သင်တို့ပိုင်ဆိုင်သော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့ တန်ဖိုးထားရမည်။ သင်တို့သည် အချည်းနှီးသော ဘဝတွင် အသက်မရှင်ရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများ ပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့်ပတ်သက်၍ သင်တို့ ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့၏ လုပ်ရပ်များကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များမှာ သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤနည်းနှင့် ရှင်းပြနိုင်သည်၊ သင်တို့အားလုံးသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ ကယ်တင်ခြင်းအတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို မီအောင်လိုက်ခြင်း၊ အလင်းကို ရှာဖွေခြင်းတို့အတွက် အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ သင်တို့၏ ပေးဆပ်ခြင်းပြသချက်နောက်ဆုံးဖြစ်ပြီး ထိုအရာသည် ငါမည်သည့်အခါမျှ မမျှော်လင့်ခဲ့သည့် အရာဖြစ်သည်။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် အရေးကိစ္စကို ဤအတိုင်းထားရန် အလိုမရှိဘဲ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့နှလုံးသားများက သစ္စာစောင့်သိခဲ့သနည်း။ ငါ၏ မေးခွန်းသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထိုကဲ့သို့သော မေးခွန်းကို အဘယ်ကြောင့် ငါထုတ်သနည်းဟု မမေးနှင့်။ သင်တို့ သိထားရမည်မှာ သင်တို့အကြောင်းကို ငါဂဃနဏ သိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့် အတွက် သင်တို့ကို ထပ်တလဲလဲ မေးကာ မပြောပြနိုင်လောက်သော အခက်အခဲကို သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးမစိုက်မှုနှင့် မခံမရပ်နိုင်သော ကျောခိုင်းသွားခြင်းတို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့ကို အလွန် မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါသတိမထားမိဘဲ ရှိမည်နည်း။ ဤအရာ ဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို သက်သေပြသည်။ သို့အတွက်ကြောင့် သင်တို့သည် မျက်စိပိတ်နားပိတ်ပြီး မသိချင်ယောင်ဆောင်နေကြသည်ဟု ငါပြောသည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကို သင်တို့ မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။Read More »