ဘုရားသခင်၏ စကားတော် | ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ

ခရစ်တော်, ဘုရားသခင်, ယေရှု, သမ္မာကျမ်းစာ, သမ္မာတရား

ပထမဦးဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့သော်ငြားလည်း၊ သူသည် သူ၏အမှုတော်ကို ထိုနှစ်များထဲမှ သုံးနှစ်ခွဲသာ ထမ်းဆောင်သွားခဲ့သည်။ သူ၏ လုပ်ဆောင်ခဲ့သော အချိန်အတောအတွင်းနှင့် သူ၏အလုပ်ကို အစမပြုရသေးခင် နှစ်ချိန်လုံးတွင် သူသည် သာမန် လူ့သဘာဝကိုသာ ပိုင်ဆိုင်ထားခဲ့သည်။ သူသည် သူ၏ သာမန် လူ့သဘာဝတွင် နှစ်ပါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့သည်။ နောက်ဆုံးသုံးနှစ်ခွဲတစ်လျှောက်တွင် သူသည် သူ့ကိုယ်သူ လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် ဖော်ပြခဲ့သည်။ သူ၏အမှုတော်ကို စတင်၍ မထမ်းဆောင်ခင်တွင် သူသည် သူ၏ဘုရားသဘောသဘာဝ ဘာမျှမပြခဲ့ဘဲ၊ ပုံမှန်ဖြစ်သော သာမန်လူ့သဘာဝနှင့်သာ ပေါ်လာခဲ့ပြီး၊ သူ၏အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည့် နောက်ပိုင်းမှသာ သူ၏ဘုရားသဘောသဘာဝမှာ ထင်ရှားလာခြင်းဖြစ်သည်။ ထိုပထမနှစ်ပေါင်း နှစ်ဆယ့်ကိုးနှစ်အတွင်း သူ၏အသက်တာနှင့် အလုပ်အားလုံးမှာ သူသည် လူ့ဇာတိ၊ လူသား၊ စစ်မှန်သည့် သက်ရှိလူသားဖြစ်ကြောင်းကို ဖော်ပြခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့အသက် နှစ်ဆယ့်ကိုးနှစ် နောက်ပိုင်းမှသာ သူ၏အမှုတော်သည် သာ၍ထက်သန်စွာ စတင်ခဲ့ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ Read More »