ဘုရားသခင်၏ ပြောဆိုသံ | လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)

ဘုရားသခင်၏ ပြောဆိုသံ | လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းရေးဇာတ်လမ်းနှင့် တီထွင်ဖန်တီးမှုကို သိသင့်သည်။ ဤအသိတရားကို ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသေးသူများ မဆုပ်ကိုင်နိုင်ပေ။ သူတို့မသိကြ။ ဤအကြောင်းအရာ ကိစ္စရပ်များကို သူတို့အား ရှင်းပြပါက သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ ခရေစေ့တွင်းကျ လိုက်မည်မဟုတ်ပေ။ သူတို့သည် ပရောဖက်ပြုထားချက်များကို အစဉ်အမြဲ လေ့လာဆန်းစစ် ကြသည်။ ဤပြောဆိုချက် ဖြစ်ပြီးသွားပြီလား၊ ထိုပြောဆိုချက် ဖြစ်ပြီးသွားပြီလား။ သူတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို သမ္မာကျမ်းစာအရ ဟောပြော ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် မှီခိုကြသည်။ သမ္မာကျမ်းစာမရှိဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်။ ယင်းသည် သူတို့ အသက်ရှင် နေထိုင်သော ပုံစံဖြစ်ပြီး သမ္မာကျမ်းစာကို လေ့လာဆန်းစစ်သည့် ပုံစံလည်း ဖြစ်သည်။ သူတို့ သမ္မာကျမ်းစာကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်ပြီး သင့်ကို ရှင်းပြချက်များပေးရန် တောင်းဆိုသည့်အခါ သင်က “ပထမဆုံး အနေနှင့်၊ စာတစ်ကြောင်းချင်းကို အဓိပ္ပာယ် မဖွင့်ပဲထားကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်သနည်း ဆိုသည်ကို ကြည့်ကြစို့၊ ကျွန်ုပ်တို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် တစ်သားတည်းကျခြင်း ရှိ၊ မရှိကို သမ္မာတရားနှင့် တိုက်ဆိုင်နှိုင်းယှဥ် ကြည့်ကြစို့၊ ပြီးလျှင် ထိုကဲ့သို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ၊ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်အား အသုံးပြုကြစို့။ ဤပြောဆိုချက်သည် သို့မဟုတ် ထိုပြောဆိုချက်သည် ပြည့်စုံခဲ့ပြီဆိုသည့် အတွက်မူ ကျွန်ုပ်တို့ လူသားတို့သည် ဝင်ရောက်မစွက်ဖက်ပဲ နေကြပါစို့။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်နှင့် ယနေ့မျက်မှောက်တွင် ဘုရားသခင် လုပ်ဆောင်နေသော နောက်ဆုံး အလုပ်တို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။ သမ္မာကျမ်းစာကို ပရောဖက်များ ပြောကြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအချိန်က ဘုရားသခင် အသုံးပြုသော လူများက ရေးသားထားသော စကားလုံးများနှင့် ဖွဲ့စည်းထားသည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ နာမတော်ကို မလုယူရဲသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သာ၍လျှင် ရှင်းပြမရဲပေ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူ တစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းတော်မူသော မည်သည့်အရာမျှ စာစောင်ကို မဖွင့်ရဲ သကဲ့သို့ ထိုစကားလုံးများကိုလည်း ရှင်းမပြရဲရာ ကျွန်ုပ်သည်လည်း ရှင်းမပြရဲပါ။ သင်သည်လည်း ရှင်းပြရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့ မည်သူမျ ရှင်းပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အကြောင်း ပြောကြပါစို့၊ ဤသည်မှာ လူသား လုပ်နိုင်သော အလုပ် ဖြစ်သည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု၏ အလုပ်ကို အနည်းငယ်သာ သိသည်။ သို့ရာတွင် ကျွန်ုပ်သည် ယင်းအလုပ်တွင် ပုဂ္ဂလိက အတွေ့အကြုံမရှိသဖြင့် ကျွန်ုပ်သည် ယင်းကို အနည်းငယ်မျှသာ ပြောနိုင်သည်။ ထိုအချိန်က ဟေရှာယ သို့မဟုတ် ယေရှု ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်သည် ရှင်းလင်းချက် လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ ဘုရားသခင်၏ မျက်မှောက် အလုပ်နောက်ကို လိုက်သည်။ သင်သည် အမှန်တကယ်အားဖြင့် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် မှတ်ယူသော်လည်း ယင်းကို သိုးသငယ်ကသာ ဖွင့်နိုင်မည်ဆိုသည်မှာ မမှန်သလော။ သိုးသငယ်မှ လွဲလျှင် မည်သူက လုပ်နိုင်သေးသနည်း။ သင်သည် သိုးသငယ်မဟုတ်ပါ၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်အဖြစ် ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့် သမ္မာကျမ်းစာကို သုံးသပ်ခြင်း သို့မဟုတ် လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားသည့် လက်ရှိအလုပ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ထား ပြီးသော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ဘုရားသခင် အလုပ်၏ အခြေခံဥပဒေသနှင့် အခြင်း အရာများကို ကြည့်ရှုကြပါစို့၊ ထို့နောက် ယင်းတို့ကို စစ်ဆေးခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန််ခြင်း ရှိ၊ မရှိကို ကြည့်ကြပါစို့။ ဤအရာကို စံချိန်စံညွှန်းအဖြစ် ထားပြီး ချိန်ညှိကြစို့” ဟု ပြောဆိုနိုင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောကြပါလျှင်၊ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတွင် ရှိသူတို့ထံ ဟောပြောပါလျှင် သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်ဖြစ်ပြီး ယင်း၏ အတွင်းကျသော ဇာတ်လမ်း၏ နက်နဲချက်များကို ကျွမ်းကျင်ပိုင်နိုင် နေရမည်။ သို့မဟုတ်ပါက သင်တို့သည် ဧဝံဂေလိ တရားကို ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ သင်သည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံလွှာကို အတွင်း ကျကျ ရရှိခဲ့သည့် အခါတွင် သမ္မာကျမ်းစာ၏ အသက်မရှိသော စကားလုံးများကို လေ့လာဆန်းစစ်ခြင်း မပြုပါနှင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသက်၏ သမ္မာတရားကိုသာ ပြောကြားပါ၊ ထိုသို့ဆိုလျှင် သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရရှိလိမ့်မည်။Read More »