ခရစ်ယာန်သီချင်း | ချစ်စရာအကောင်းဆုံး လူ့ဇာတိခံယူသောဘုရား

ကရုဏာ, ခရစ်တော်, သခင်ယေရှု, ဓမ္မသီချင်း, သမ္မာတရား


လူသားတွေကြားမှာ ဆင်းကြွကာ လူ့ဇာတိခံယူပြီးနောက်
ဘုရားသည် လူသားတို့ဒုစရိုက်နှင့် ဘဝအခြေအနေကို မြင်တွေ့ခဲ့
လူ့အသွင်သဏ္ဍာန်နဲ့ဘုရားသည် လူသားရဲ့အကူအညီမဲ့မှု၊
သနားစရာကောင်းပုံကို နက်ရှိုင်းစွာ သိရှိခံစား
ဘုရားသည် အို သူတို့ဝမ်းနည်းခြင်းကို သိ
ဘုရားသည် လူ့ခန္ဓာ လူ့ပင်ကိုအသိစိတ်မှ
သူ့နောက်လိုက် တွေအတွက် စိုးရိမ်စိတ်နှင့်
သူတို့ အခြေအနေအတွက် ပို၍ ကရုဏာတိုးပွားခဲ့သည်

Read More »

ဇာတ်လမ်းတို (၅) ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်း အဓိပ္ပာယ်ကို နားလည်ခြင်း

ဘုရားသခင်ရဲ့ပထမအကြိမ် လူ့ဇာတိခံခြင်းဟာ ကားတိုင်ထက်မှာ အသေခံရင်းနဲ့၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ပေးခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ရဲ့ဒုတိယအကြိမ် လူ့ဇာတိခံခြင်းဟာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်းအမှုကို ပြုရင်းနဲ့၊ လူတွေကို စာတန်ရဲ့အုပ်စိုးမှုအောက်ကနေ အလုံးစုံကယ်တင်ပေးပါတယ်။ ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်းဟာ ကြီးမားတဲ့အနက်အဓိပ္ပာယ်ရှိနေတယ်။ အနန္တတန်ခိုးရှင် ပြောသလိုပေါ့ “ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏”၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည့် အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး ဘုရား သခင်၏ ဝိညာဉ်မှာ ဇာတိပကတိနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်နှင့် အတူရှိကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏”၏ အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏”အား သာ၍ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့…” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အကြံပြုစာမျာ:

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ခရစ်ယာန် ဓမ္မသီချင်း (လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်)

ဘုရားသခင်၏အသံတော် (လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် ပေါ်လာမှု၏ ပိုမို၍ပင် လက်တွေ့ကျသော အရေးပါမှုဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။”

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်သီချင်း|အကောင်းဆုံးယဇ်ကို ဘုရားအား ပူဇော်ခြင်း

 

ခရစ်ယာန်သီချင်း|အကောင်းဆုံးယဇ်ကို ဘုရားအား ပူဇော်ခြင်း


ဆုံးမခြင်း၊ စစ်ကြောခြင်းနှင့် ဒုက္ခများကို နှစ်များစွာ ခံရပြီးနောက်
နောက်ဆုံး လူသည် ပင်ပန်းနွမ်းလျနေသည်၊
ဘုန်းအသရေ၊ ရင်ခုန်ခြင်းများ ယခု ပျောက်ဆုံးခဲ့ပြီ
ဘုရား၏သံယောဇဉ်နှင့်လူဖြစ်ရခြင်း
အကြောင်းတရားကို သူယခုနားလည်
ထို့ကြောင့် လူသည် သူ့ကို ပြုံးပြနေသော
သူ၏ ဘုရားအား အကောင်းဆုံးယဇ်ကို ပေးအပ်ပူဇော်
ထို့ကြောင့် လူသည် သူ့ကို ပြုံးပြနေသော
သူ၏ ဘုရားအား အကောင်းဆုံးယဇ်ကို ပေးအပ်ပူဇော်

Read More »

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲ

ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိခန္ဓာမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ … ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အကြံပြုစာမျာ:

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

ကျေးဇူးတော်, ခရစ်ယာန်, ဆုတောင်းခြင်း, ဓမ္မသီချင်း, သခင်ကို ချစ်ခြင်း

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်


ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်
ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။
လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက် ကပ်တဲ့အခါ
ဘုရားရဲ့ ဝမ်းမြောက်မှုကို ရယူနိုင်ပြီး
ဘုရား အ ရှေ့မှာ မြဲမြဲရပ်တည်နိုင်မယ်။
သူများတွေသင့်ကို ဘယ်လိုပဲဆက်ဆံ
သင့်လမ်းသင်လျှောက်ပြီး
သင့်ဒုက္ခတွေကို ဘုရားဆီအပ်နှံမယ်။
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဘုရားရဲ့ ရင်းနှီးသူဟာဘုရားယုံနိုင်သူ
သူတို့ဟာ ဘုရားရဲ့ပူပန်မှုနဲ့ အလိုတော်ကို ခံစားတတ်တယ်။
နာကျင်ပြီး အားနည်းပေမယ့် တောင့်ခံနိုင်တယ်
ကိုယ့်အကြိုက်ကိုစွန့်ပြီး ဘုရားကိုကျေနပ်စေတယ်၊ ကျေနပ်စေတယ်

Read More »

အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

ကယ်တင်ခြင်း, ခရစ်ယာန်, အသက်, သမ္မာတရား, အသင်းတော်

နိုဗို ဖိလစ်ပိုင်

ကျွန်တော့်နာမည်က နိုဗိုဖြစ်ပြီး၊ ကျွန်တော်က ဖိလစ်ပိုင်ကပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်အမေ၏ ဘုရားသခင်ကို ယုံကြည်မှုအတိုင်း နောက်လိုက်ခဲ့ပြီး၊ အသင်းတော်မှာ ဒေသနာတော်များအား ကျွန်တော့် မောင်နှမ များနှင့် သွားနားထောင်ခဲ့သည်။ ကျွန်တော့်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံရခဲ့ခြင်းမရှိပဲနှင့်၊ မယုံကြည်သူတစ်ယောက်နှင့် တူသည်ဟု ခံစားခဲ့ရပါသည်။ကျွန်တော့်နှလုံးသားတွင်း၌ ငွေမည်သို့ပိုရှာရမည့်အကြောင်း၊ ကျွန်တော့် နေ့ရက်များကို သက်တောင့်သက်သာဖြင့် မည်သို့ကုန်လွန်စေမည့်အကြောင်းနှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မည်သို့ပျော်မွေ့မည့် အကြောင်းတို့ကိုသာ အဆက်မပြတ် စဉ်းစားနေခဲ့သည်။ ထို့ထက်ပိုပြီးလျှင်၊ ကျွန်တော့် မိတ်ဆွေများနှင့် တစ်ချိန်လုံး အပြင်ထွက် သောက်စားပြီး၊ ငွေအနည်းငယ် အပိုအလျှံရှိသည်နှင့် လောင်းကစားသွားလုပ်ပါတော့သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် သခင့်အလိုတော်နှင့် ဆန့်ကျင်နေကြောင်းကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့် အပြစ်များအတွက် ဝန်ခံခဲ့သည့်အပြင်၊ ထိုနေ့မှစပြီး ထိုအကျင့်ဆိုးများကို စွန့်လွှတ်ကာ၊ လုံးဝ အပြစ်အကျူးလွန်တော့မည့် အကြောင်းကို ကိုယ်တော့်ထံတွင် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော့် မိတ်ဆွေများ၏ မြှောက်ပင့်ခယမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ကျွန်တော်သည် ကိုယ့်ကိုကိုယ် တကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော်သည် ပို၍ပို၍ အကျင့်ပျက်သောသူ ဖြစ်လာကာ၊ ကျွန်တော့် နှလုံးသားသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့သည်မှာ၊ ကျွန်တော့် ဆုတောင်းချက်များတွင် ရိုးသားမှု လုံးဝ မရှိတော့ပါ။ သီတင်းပတ်တိုင်း ကျွန်တော်က ရိုးရှင်းသော ဆုတောင်းခြင်းများကို ပြီးစလွယ် ဆိုခဲ့သည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်က လူတစ်ယောက်ချင်းစီကို သူတို့၏ လုပ်ရပ်များနှင့် အမူအကျင့်များပေါ်တွင် အခြေခံပြီး သူတို့ ကောင်းကင်ဘုံသို့ တက်မည် သို့မဟုတ် ငရဲသို့ဆင်းမည်ကို တရားစီရင်မည် ဖြစ်ကြောင်း သိခဲ့သည်နှင့်အညီ တစ်ခါတစ်ရံတွင် ကျွန်တော်က အမှန်တကယ် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ်ကျင့်တရားပျက်လွန်းသောကြောင့် ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်လွှတ်မည်မဟုတ်ဟုလည်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော် အိမ်ထောင်ပြုပြီး၊ သားသမီးများ ရရှိလာခဲ့သည့်အပြင်၊ ကျွန်တော်တွေးသမျှမှာ ကျွန်တော့်ဇနီးနှင့် ကျွန်တော့် သားသမီးများအကြောင်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ယုံကြည်မှုကို ကျွန်တော် မေ့ထားလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် သားသမီးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု ထောက်ပံ့ပေးရန် နှင့် ချမ်းသာလာရန် ကျွန်တော့် ဆန္ဒကို ပြည့်မြောက်စေရန်၊ ကျွန်တော်က နိုင်ငံခြားသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကျွန်တော် ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း အကြောင်းအရင်းပင် ဖြစ်ပါသည်။ အလုပ်တစ်ခုရရှိပြီးသော်လည်း ကျွန်တော်သည် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများ မပြုလုပ်ခဲ့သေးပါ။ ကျွန်တော့် အားလပ်ချိန်တွင် ကျွန်တော်သည် သောက်စားရန် နှင့် ကာရာအိုကေ သီဆိုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြင့် သွားလေ့ရှိပြီး၊ မြူးထူးပျော်ရွှင်သည့် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်ခြင်းအား ချောင်ထိုးပြီးမေ့ထားလိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။Read More »

ဇာတ်လမ်းတို (၃) ခရစ်တော်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား ခြားနားမှု

ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူပါတယ်။ အပြင်ပန်းအရတော့ လူ့ဇာတိခံဘုရားသခင်ဟာ သာမန်လူတစ်ယောက်လိုပဲ ထင်ရပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံဘုရားသခင်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား အဓိကခြားနားမှုကို သင် သိပါသလား။ အနန္တတန်ခိုးရှင် ပြောသည် “ဘုရား၏ ဝိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ဝိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ … လူနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ လွှမ်းမိုးခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက် ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းမှ ထာဝရ ကင်းလွတ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောဘုရား စံမြန်းရာသို့ရောက်အောင် ဆန်တက် နိုင်စွမ်း မရှိသည့်အပြင် ဘုရားအပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဆောင်ရွက်မှုများ

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ဘုရားသခင်၏ ပြောဆိုသံ|သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ

ဆုတောင်း, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် သင်တို့ ၏ စိတ်သဘောထား ကို ပြောင်းလဲမှုဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ သူ၏ အမှုတော်နှင့် နှုတ်ကပတ်တော်ကိုသင်တို့ နားလည်ရုံသက်သက် သို့မဟုတ် သိရုံသက်သက် မဟုတ်၊ ယင်းသည် အ ဆုံးသတ် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုတို့သည် လူသားဘာသာစကားဖြင့် ရေးသားထားသည်ဖြစ်ရာ လက်ခံ ရရှိ နိုင်စွမ်းရှိသူတစ်ဦး အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကိုနားလည်ရန် သင်တို့တွင် အခက်အခဲရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာဘုရားသခင်က သင်တို့ကို မည်သည့်အရာကို နားလည်စေပြီး ကျင့်သုံးစေချင်သည်ကို သင်တို့သည် နားလည် နိုင်ပေးသည်။ ယင်းသည် ပုံမှန်နားလည် နိုင်စွမ်းရှိသူ တစ်ဦးအနေဖြင့် သာမာန် လူတစ်ဦးနားလည် နိုင်စွမ်းသောအရာ ဖြစ်ပေသည်။ မျက်မှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ အထူးသဖြင့် ရှင်းလင်း၍ ပွင့်လင်းမြင်သာပြီး လူတို့ မစဉ်းစားသော အရာအများအပြားနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဘု ရားသခင်က ထောက်ပြထားသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် ပြည့်စုံမှုရှိပြီး လပြည့်ည အလင်းရောင်ကဲ့သို့ ရှင်းလင်းလှပေသည်။ သို့ဖြစ်ရာ မျက်မှောက်တွင် လူအများသည် အကြောင်းအရာ အများအပြားကို နားလည်သည်။ သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးရန် ချို့ယွင်းအားနည်းနေခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံကိုလေ့ကျင့်ပြီး ယင်းတို့ ၏ အသေးစိတ်ကို စူးစမ်းရှာဖွေရမည်။ သူတို့ အားပေးထားသည်ကို အလိုက်သင့် စောင့်စားနေရန် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် ပျင်းရိသူတို့ထက် အနည်းငယ်သာ ရုံသာရှိပေမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သိသော်လည်းလက်တွေ့ မကျင့်သုံးသူများ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ချစ်မြတ် နိုးသူမဟုတ်လိုပဲ အဆုံးတိုင် ဖယ်ရှားခြင်းကိုခံကြရမည်။ အေဒီ ၁၉၉၀ နှစ်များက ရှင်ပေတရုကဲ့သို့ သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသင့်ပေသည်၊ သင်တို့၏ အလေ့အထများတွင် အမှန် တကယ် ထည့်သွင်းသင့်ပေသည်။ ဘုရားသခင်နှင့်ပေါင်းစည်း ခြင်းတွင် ပိုမိုကြီးမားသော ကောင်းချီးမင်္ဂလာကိုပင် ရရှိသင့်ပေသည်၊ သင်တို့၏ ဘဝတစ်သက်တာတွင် ကူညီမှုများကို ပိုမို လက်ခံရရှိယူဆောင် နိုင်သင့်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့ကျင့်သုံးမှုများတွင် ဘုရားသခင် ၏ နာမတော်ကို အစဦးအသိဉာဏ်အဖြစ် မထည့်သွင်းပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင် နှင့် ပတ်သက်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အသက်တာ မဟုတ်ပဲ အဓိပ္ပာယ် ကင်း မဲ့သော ကျမ်းဟောင်းတရားများသာဖြစ်ပေလိမ့်မည်။ သင်သည် အသက် မဲ့သော ကျမ်းဟောင်းတရားများကိုသာဆုပ်ကိုင်ထားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆုပ်ကိုင် နိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်နှိုက်က ၀ိညာဉ်ဆိုင်ရာ အဓိပ္ပာယ်ကို သင့်အားဖွင့်ပြပေးခြင်းဖြင့် သင်သည် အမှန်တကယ် ၀ိညာဉ်ဆိုင်ရာ တန်ဖိုးများကိုဆုပ်ကိုင်နိုင်ပြီး လက်တွေ့ကျင့်သုံးခြင်း ပြုမှသာလျှင် သင်သည် ဘုရားသခင် နာမတော်၏ နက်နဲရာတို့ကို သိမြင် နိုင်ပေမည်။ သင်သည် လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် မည်မျှ ရှင်းလင်းသည်ဖြစ်စေကာမူ သင်ဆုပ်ကိုင် နိုင်သည့် အရာမှာသင်၏ ဘာသာရေးလုပ်ထုံးလုပ်နည်းဖြစ်လာမည့် အဓိပ္ပာယ်မဲ့သောကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေလိမ့်မည်။ ယင်းသည် ဖာရိရှဲတို့၏ ၏လုပ်ကိုင်ပုံ မဟုတ်ပါလော။ သင်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်တို့သည် လက်တွေ့မကျင့်သုံးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်တို့အတွက် တတိယ မိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာ ရုံသာရှိပေလိမ့်မည်။ အမှန် တကယ်တွင် ဘု ရားသခင်ကိုယုံကြည်ခြင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ လိုက်နာကျင့်သုံးခြင်း လုပ်ငန်းစဉ်သာမက ကိုယ်တော်ထံမှ ရရှိခြင်း ဖြစ်သည်၊ တနည်းအားဖြင့် ပိုမိုရှင်းလင်းစွာဖြင့်ဆိုလျှင် ဘု ရားသခင်အား ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်အား သိရှိနားလည်ခြင်း ဖြစ်ပြီး ကိုယ်တော်၏ နာမတော်၌ နေထိုင် ကျင့်သုံးခြင်း ဖြစ်သည်။ ယင်းမှာသင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းအစစ် အမှန် ဖြစ်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်တို့၏ အတွင်း၌ရှိသောအရာတစ်ခုအဖြစ် လိုက်နာကျင့်သုံးရန် ရှာဖွေခြင်းမရှိပဲ သင်တို့သည် ဘု ရားသခင်ကိုယုံကြည်ပြီး ထာဝရ အသက်တာကို မျှော်လင့်ပါက သင်တို့သည် ရူးသွပ်သူများသာ ဖြစ်သည်။ ယင်းမှာပွဲတော်သို့ သွားပြီး အစားအစာများကိုမစားမသောက်ပဲ ယင်းတို့အကြောင်း မှတ်ချက်ရေးသည်နှင့်သာ တူပေသည်။ ထိုသူမှာအရူးနှင့် မတူပါသလော။Read More »

ဆုတောင်းပဌာနပြု ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်

ခရစ်ယာန်, ဆုတောင်း, ဓမ္မသီချင်း, ယုံကြည်ခြင်း, အသက်

I
ရိုးသားစွာ လျှောက်လှမ်းပြီး
နှလုံးသားထဲ လှည့်စားခြင်းကင်းဖို့ရန် ဆုတောင်းပါ
ဆုတောင်းပါ ကိုယ့်ကိုကိုယ်သန့်စင်ဖို့၊ ဘုရားတို့ထိဖို့ ဆုတောင်းပါ
သင့်စိတ်သဘောထား ပြောင်းလဲလိမ့်မည်
ဆုတောင်းခြင်းအားဖြင့် လူ့စိတ်သဘောထားပြောင်းလဲ လာ တယ်
ဝိညာဉ်တော် အမှုပြုလေ၊ လူသားတို့ နာခံခြင်းရှိလေ
စစ်မှန်တဲ့ဆုတောင်းခြင်းကြောင့် သူတို့နှလုံးသား
တဖြည်းဖြည်း သန့်ရှင်းလိမ့် မည်
ပိုတက်ကြွလေ ဖြစ်ကြလိမ့်မည်

Read More »