ဘုရားသခင်၏ စကားတော် | ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်, ဘုရားသခင်ကို ချစ်ခြင်း, ယုံကြည်ခြင်း, နာခံခြင်း, အသင်းတော်

ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို “ကြောက်လန့်” ကြသောကြောင့်သာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့်မြတ်ပြီးတန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစား” ကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ”လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။Read More »

ဧဝံဂေလိ ဂီတ | ဘုရားမေတ္တာဟာ စစ်မှန်လှပါတယ်

ကယ်တင်ခြင်း, ကရုဏာ, ဓမ္မသီချင်း, သမ္မာတရား, အသက်

I
ဘုရားရဲ့လူသားတို့ကို သိမ်းပိုက်ခြင်း ဟာ
ကြီးမားလှတဲ့ ကယ်တင်မှုပါ
လူသည် အပြစ်နဲ့လိင်ဖောက်ပြန်မှုတွေ များပြားလှ၏
ယခု သင်သည် ဘုရားကို မျက်နှာချင်းဆိုင် မြင်သည်။
သူသည် ဆုံးမပြီးသော စီရင်သည်။
ကိုယ်တော်ရဲ့ကြီးမားသောကယ်တင်ခြင်းနှင့်
အကြီးမားဆုံးမေတ္တာကို သင် ရရှိသည်။
ဘုရား အမှုတော်အားလုံးကို မေတ္တာဖြင့်သာ လုပ်ဆောင်။
သူသည် သင်၏အပြစ်ကို စီရင် သည်။
သင့်ကိုယ်သင် သုံးသပ်ရန်နှင့် သင်၏ကယ်တင်ခြင်းအတွက်ပါ။

Read More »

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ သခင့်အပေါ်ယုံကြည်ခြင်းနှင့် ညီမျှလေသလား

ဘာသာရေးလောကရှိ လူအများစုတို့က သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာ၏ နိယာမပြဌာန်းချက်ဖြစ်သည်ဟု လည်းကောင်း၊ သခင့်ကို ယုံကြည်သူသည် သမ္မာကျမ်းစာကို ဖတ်တွယ်၍ သခင့်အပေါ် ၎င်း၏ယုံကြည်မှုသည် သမ္မာကျမ်းစာကို လုံးဝဥဿုံ မှီငြမ်းရမည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာမှ သွေဖည်သွားလျှင် ယုံကြည်သူဟူ၍ ခေါ်ဆိုမရနိုင်ဟုလည်းကောင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သခင့်ကိုယုံကြည်ခြင်း နှင့် သမ္မာကျမ်းစာကို ယုံကြည်ခြင်းတို့သည် တူညီလေမည်လား။ သမ္မာကျမ်းစာနှင့် သခင်တို့ကြားဆက်နွယ်မှုသည် တိတိကျကျမည်သို့ဖြစ်သနည်း။ သခင်ယေရှုသည် ဖာရိရှဲတို့အား ၎င်းစကားတို့ဖြင့် တစ်ခါဆုံးမဖူးလေသည် “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ – ၄၀) သမ္မာကျမ်းစာသည် ဘုရားသခင်၏ သက်သေခံမျှသာဖြစ်သော်လည်း ယင်းထဲတွင် ထာဝရအသက် မပါဝင်ပေ။ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်သည်။ လမ်းခရီးဖြစ်သည်။ အသက်ဖြစ်သည်။ ယင်းကိစ္စတွင် သမ္မာကျမ်းစာကို ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီစွာ မည်သို့ကြည့်ကြမည်နည်း။

များပြားသောအကြံပြုချက်များ

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်

ဘုရားသခင်, သက်သေခံချက်, သမ္မာတရား, အသင်းတော်, ဧဝံဂေလိ

လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်၍ မည်မျှသည် လူသား၏ အတွေ့အကြုံဖြစ်သနည်း။ ယခုတွင်ပင် သင်သည် ဤမေးခွန်းများကို နားမလည်သေးဟု ပြောနိုင်သည်။ အကြောင်းရင်းမှာ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်သော နိယာမများကို နားမလည် သောကြောင့်သာဖြစ်သည်။ ငါပြောသော လူသား၏အလုပ် ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသောသူ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်း ခံရသောသူတို့၏ အလုပ်ကို ရည်ညွှန်းခြင်းသာဖြစ်သည်။ လူသားတို့၏ အလိုဆန္ဒမှ အခြေခံလာသောအလုပ်ကို ငါဆိုလိုခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ နယ်ပယ်အတွင်း၌ရှိသော တမန်တော်များ၊ လုပ်သားများ သို့မဟုတ် သာမန်ညီအစ်ကို မောင်နှမများ၏ အလုပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနေရာတွင် လူသား၏ အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကို မရည်ညွှန်းဘဲ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နယ်ပယ်နှင့် အလုပ်နိယာမများကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနိယာမများသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ဖြစ်နေလင့်ကစား ထိုအရာများသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့နှင့် တူညီမှုမရှိပေ။ လူသား၏ အလုပ်တွင် လူသား၏ အနှစ်သာရနှင့် နိယာမများရှိပြီး၊ ဘုရားသခင်၏ အလုပ်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် နိယာမများ ရှိသည်။Read More »

ဘုရားသခင်၏ အသံတော် | ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ယုံကြည်ခြင်း, သမ္မာတရား

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်းနှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယအကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ တဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များအားလုံးတို့သည် လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာ၀မကျ၊ လက်တွေ့မကျသောအရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီးကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့- ယင်းမှာ စမ်းတဝါး နှင့် စိတ်ကူးသက်သက်ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော၊ သင်၏ကိုယ်ပိုင်ယူဆချက်များအရ ဖြစ် သည့် မတည်မရှိသော “အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို” လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ မပြတ်မသား ပြောရလျှင်၊ ထိုကဲ့သို့သော “ဘုရားသခင်” တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းလျက်ပင် ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည်ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိဖြစ်မလာလျှင် ဘုရားသခင်၏ အနှစ်သာရ သည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပါယ်မရှိသော တွေးခေါ်မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်နှင့် ပင်ကို် အားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကို မနှိမ့်ချခဲ့ပါလျှင် အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏ ဝိညာဉ်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်းရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူသားသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်လာရန် ဆန္ဒရှိလျှင်၊ သူသည် အံ့အားသင့်ဖွယ်ကောင်းစွာ မိုက်မဲသည့် လူမ ဟုတ်သူ တစ်ဦးဖြစ်သည် မဟုတ်လော။ လူသားသည် မမြင်ရသော ဘုရားသခင်တစ်ပါးအား “သစ္စာရှိမှု” ကို လိုက်စားရုံသာလိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ၊ အဘယ်ကြောင့်ဆိုသော် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်- လူသားသည် သူနှစ်သက်သည်အတိုင်း ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သို့သော် မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှ လည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်းမမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင်ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက်ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန်အဆက်အသွယ်မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ်မရနိုင်သောသူဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း သင်တို့သည် သူနှင့်အတူ အဆက်အသွယ်မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင် သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင် လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိ လာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် လူသားသည် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာသောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေးသလော။ ဘုရားသခင်သည် မိမိကိုယ်ကို အဆင့်တစ်ခုဆီ နှိမ့်ချသောအခါမှသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါမှသာ၊ လူသားသည် သူ၏အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်တော်နှင့် စပ်ဆိုင်၏- လူသားသည် အလွန်ကြီးမြင့်ပြီး ခက်ခဲနက်နဲလှသော ဤဝိညာဉ်တော်နှင့် အကျွမ်းဝင်သူဖြစ်ရန် အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ ဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူသားသည် သူ၏အလိုတော်ကို နားလည်နိုင်ပြီး သူ၏ရယူခြင်းကို အမှန်တကယ် ခံရနိုင်မည်ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် ပြောဆိုလုပ်ကိုင်ပြီး၊ လူသား၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲများကို မျှဝေခံစားပေးသည်၊ လူသားနေသည့်ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားကို အကာအကွယ်ပေးကာ သူ့ကို လမ်းညွှန်ပေးသည်၊ ဤနည်းအားဖြင့် သူသည် လူသားကို သန့်စင်စေကာ သူ၏ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီးနောက် လူသားသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူသားသည် သူနှင့် အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။Read More »

(၃) ဘုရားသခင်၏ အမှုတော်နှင့် ပေါ်ထွန်းလာခြင်းကြောင့် ဘာသာရေးအသိုင်းအဝိုင်းအတွက် မည်သို့ထူးခြားစေသနည်း

ဘုရားသခင် လူဇာတိခံ၍ အမှုတော်ကို လုပ်ဆောင်ရန် ပေါ်ထွန်းလာသည့်အခါတိုင်း၊ မာရ်နတ်၏ ဆိုးယုတ်သော အင်အားစုတို့က စစ်မှန်သောလမ်းစဉ်ကို ရက်ရက်စက်စက် အာခံရှုတ်ချကြသည်။ ၎င်းအားဖြင့် ဘာသာရေးလောကကို ပိုင်းခြားဖော်ထုတ်ကာ ဝိညာဉ်လောကအတွင်း စစ်ပွဲများဖြစ်ပွားလေတော့သည်။ သခင်ယေရှုမြွက်ဆိုခဲ့သည်မှာ “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း” (ရှင်မဿဲခရစ်ဝင် ၁၀:၃၄) ဟုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုပေါ်ထွန်းလာပြီး အမှုတော်ကိုလုပ်ဆောင်သည့်အခါ ယုဒဘာသာဝင်တို့သည် အဖွဲ့အစည်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းလာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာရေးလောကသည် ဂျုံစေ့များနှင့် မြက်ပေါင်းပင်များ၊ သိုးများနှင့် ဆိတ်များ၊ ဉာဏ်ပညာရှိသတို့သမီးများနှင့် မိုက်မဲသောသတို့သမီးများ၊ အစေခံကောင်းများနှင့် အစေခံဆိုးများအပါအဝင် အလုံးစုံသော အမျိုးအစား စုံလင်အောင် ကြီးကျယ်စွာ ဖော်ထုတ်ခြင်းခံရတော့သည်။ ဘုရားသခင်၏ဉာဏ်ပညာနှင့် အံ့ဖွယ်ရာတို့သည် ဉာဏ်မမီလောက်အောင် ခက်ခဲနက်နဲလှသည်။

 

များပြားသောအကြံပြုချက်များ

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

 

 

 

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန် လူသားသည် မည်သည့် ဂုဏ်သတ္တိများ စွမ်းဆောင်ရရှိ ရမည်နည်း၊ လူသားအတွက် ထားရှိသော ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ နောက်သို့ လိုက်သောသူတိုင်း စွမ်းဆောင်ရရှိသင့်သော အရာပင် ဖြစ်သည်။ ယခုတွင် လူသားအားလုံးတို့မှာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သော အသိပညာပိုင်း၌ ချို့တဲ့နေကြ၏။ ဘုရားသခင်သည် လောကကြီးကို ဖန်ဆင်းချိန်မှစ၍ လူသားမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူသား၌ မည်ကဲ့သို့ ပါ၀င်ဖွဲ့စည်းသည်နှင့် ဘုရားသခင်၏ အလိုတော်နှင့် အမှုအားလုံးတို့ကို အတိအကျ နားလည်ခြင်း၊ သို့မဟုတ် သဘောပေါက်ခြင်း မရှိချေ။ ထိုအားနည်းချက်သည် ဘာသာရေး လောက တစ်လျှောက်လုံးတွင် မြင်ခဲ့ရရုံမျှသာမက ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရသည်။ သင်သည် ဘုရားသခင်ကို အမှန်မြင်ရချိန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာကို နားလည်ရသော နေ့ရက် ရောက်လာချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကို သင်တွေ့ရသောအချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သိနားလည်သော အချိန်၊ သင်သည် သူ၏ကြွယ်၀မှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူသား၌ရှိသော သူ၏အမှု အားလုံးတို့ကို တွေ့ရသောအခါတို့တွင် သင်သည် ဘုရားသခင်၌ အောင်မြင်သော ယုံကြည်ခြင်းကို ရရှိပြီး ဖြစ်နေလိမ့်မည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံ၍ ကြီးစွာသော ကြွယ်ဝခြင်း ဖြစ်သည်ဟု ဆိုရာတွင် အလုံးစုံ လွှမ်းခြုံခြင်းဆိုသည်မှာ အဘယ်နည်း။ ကြွယ်ဝခြင်း ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ အကယ်၍ သင်နားမလည်လျှင် ဘုရားသခင်၏ ယုံကြည်သူ တစ်ယောက်အဖြစ် သင့်ကို မှတ်ယူ၍မရ။ ဘာသာရေး လောကတွင်ရှိနေပြီး ဘုရားသခင်အား မယုံကြည်သူများကို မာရ်နတ်နှင့် အမျိုးတူသည့် ဒုစရိုက်ပြုသူများဟု အဘယ်ကြောင့် ငါပြောသနည်း။ သူတို့သည် ဒုစရိုက်ပြုသူများ ဖြစ်ကြောင်း ငါဆိုရခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြ သို့မဟုတ်ပါက ဘုရားသခင်၏ ဉာဏ်ပညာကိုလည်း မသိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့အမှုကို သူတို့အား မည်သည့် အခါမျှ မဖွင့်ပြ၊ သူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မသိမမြင်သည့် မျက်စိကန်းသောလူများ ဖြစ်ကြ၏။ သူတို့မှာ ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရသောသူများ ဖြစ်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုတို့ကို လုံးဝမခံရသောသူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် ကင်းသောသူတို့သည် ဒုစရိုက်ကို ပြုသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ တစ်ဖက် ဆန့်ကျင်၍ ထတတ်ကြ၏။ ငါပြောနေသော ဘုရားသခင်ကို ဆန့်ကျင်နေသည့် ထိုသူတို့မှာ ဘုရားသခင်ကို မသိကျွမ်းသောသူများ ဖြစ်ကြကာ၊ ဘုရားသခင်ကို အနှစ်သာရမဲ့သော စကားလုံးများဖြင့် အသိအမှတ် ပြုသော်လည်း ဘုရားသခင်ကို မသိ၊ သူတို့သည် ဘုရားသခင်၏ နောက်သို့ လိုက်သည်ဟု ဆိုသော်လည်း သူ့ကို မနာခံကြ၊ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်နေသည့်တိုင် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြချေ။ Read More »

သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, ယေရှု, သမ္မာကျမ်းစာ

သမ္မာကျမ်းစာထဲမှ စကားလုံးတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင် ယခင်လုပ်ခဲ့သည့် လုပ်ငန်းမှာ ပါဝင်သည့် အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်း ဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ဘုရားသခင် ခေတ်အဆက်ဆက်၌ အသုံးပြုခဲ့သည့် လူများက သူတို့၏ အတွေ့အကြုံများနှင့် သူတို့သိသည့် အကြောင်းအရာများကို ရေးထားသည့် အပိုင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အတွေးများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာအထဲရှိ ကျမ်းအများအပြားထဲတွင် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် အနက်ဖွင့်ချက်များ ပါဝင်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် အနက်ဖွင့်ချက်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ရှုထောင့်များသည် ကိုယ်ပိုင် အတွေ့အကြုံ၏အသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ အနာဂတ္တိ ဟောကြားချက်များသည် သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် ညွှန်ကြားချက်မှလာသည်၊ သူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြပြီး သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်းခေတ်မှ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ထိုသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် အနာဂတ္တိ ဟောကြားချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် ဘာကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ ဘာကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ရန်ဖြစ်ပြီး ထိုသူတို့သည် ထိုသို့သော ဗျာဒိတ်များကို လက်ခံနိုင်သည့် အရည်အချင်းများ ရှိခဲ့ကြသောကြောင့် ဖြစ်သည်။ တကယ်တမ်းတွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများ မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဖြစ်ကြောင်းကို အတည်ပြုရန်အတွက် ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်း၌မူ၊ ယေရှု ကိုယ်တိုင် သူတို့ကိုယ်စား ထိုအရာများ အားလုံးကို လုပ်ပေးခဲ့သည့်အတွက် လူတို့သည် အနာဂတ်ဟောကြားချက်များကို မဟောကြတော့ပေ။ သို့ဖြစ်လျှင် ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့ပါသလား။ ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်သူသည် တမန်တော်များ၏ အလုပ်ကိုပါ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယေရှုသည် အနာဂတ်ကို ဟောကြားခြင်းနှင့် တရားဟောခြင်း နှစ်မျိုးစလုံးကို လုပ်နိုင်ခဲ့ပြီး နိုင်ငံတဝမ်းတွင် လူများကို သွန်သင်ပေးနိုင်ခဲ့သည်။ သို့သော် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှု ကိုယ်စားပြုခဲ့သည့်အရာမှာမူ မတူပါ။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန်၊ လူကို အပြစ်မှ ကယ်တင်ရန် လာခဲ့သည်၊ သူသည် ပရောဖက် တစ်ဦးလည်း ဖြစ်သည်၊ တမန်တော် တစ်ဦးလည်း ဖြစ်သည်၊ ထို့ထက်ပိုသည်မှာ သူသည် ခရစ်တော် ဖြစ်သည်။ ပရောဖက် တစ်ဦးသည် အနာဂတ်ကို ဟောကြားနိုင်သော်လည်း၊ သူ့ကို ခရစ်တော်ဟု မခေါ်နိုင်ပါ။ ထိုစဉ်အချိန်က ယေရှုသည် အနာဂတ်အကြောင်းကို အများအပြား ဟောခဲ့သောကြောင့် ယေရှုကို ပရောဖက်တစ်ဦးဟု ခေါ်နိုင်သော်လည်း သူသည် ပရောဖက် တစ်ဦး ဖြစ်သောကြောင့် ခရစ်တော် မဟုတ်ဟု ပြော၍ မရပါ။ အကြောင်းမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုကာ အဆင့် တစ်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ယေရှု၏ အသွင်လက္ခဏာများသည် ဟေရှာယနှင့် တခြားစီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရွေးနုတ်ကယ်တင်သည့်အမှုကို အပြီးဆောင်ရွက်ရန် လောကသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လူကိုလည်း အသက်ပေးခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ထံသို့ တိုက်ရိုက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သည့် အလုပ်၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လှုံ့ဆော်ချက်များ သို့မဟုတ် ယေဟောဝါထံမှ လမ်းညွှန်ချက်များ မရှိခဲ့ပါ။ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်—ထိုအချက်သည် သူရှုသည် ပရောက်ဖက် တစ်ဦး မဟုတ်ကြောင်းကို သက်သေထူပြရန် လုံလောက်သော အချက်ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် ပထမ အလုပ်မှာ ရွေးနုတ်ကယ်တင်သည့် အလုပ်ဖြစ်သည်။ ဒုတိယအလုပ်မှာ အနာဂတ်ကို ဟောကြားခြင်း ဖြစ်သည်။ သူသည် ပရောဖက် တစ်ဦး၊ တမန်တော် တစ်ဦးထက် ပိုသည်၊ ရွေးနုတ်ကယ်တင်သောသူ ဖြစ်သည်။ အနာဂတ်ကို ဟောကြားပေးခဲ့သူများသည် အနာဂတ်ကိုသာ ဟောကြားပေးနိုင်ခဲ့ကြပြီး တခြား အလုပ်များကို လုပ်ဆောင်သောအခါ၌ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ကြပါ။ မည်သည့်ကမျှ လူ မလုပ်ကိုင်ခဲ့ဘူးသည့် အလုပ် အများအပြားကို ယေရှု လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနုတ်ကယ်တင်သည့် အလုပ်ကိုလည်း လုပ်ခဲ့သည်။ သို့ဖြစ်၍ သူသည် ဟေရှာယကဲ့သို့သောသူများနှင့် မတူခဲ့ပါ။ လူတချို့တို့က ယနေ့ခေတ် ရေစီးကြောင်းကို လက်မခံကြသည်မှာ ယင်းသည် သူတို့အတွက် အတားအဆီးတစ်ခု ဖြစ်စေသောကြောင့် ဖြစ်သည်။ သူတို့က- “ဓမ္မဟောင်းကျမ်းခေတ်မှာလည်း ပရောဖက် အများအပြားက စကားတွေ အများကြီး ပြောခဲ့ကြတယ်—အဲဒီ ပရောဖက်တွေကကော ဘာကြောင့် လူဇာတိခံယူတဲ့ ဘုရားသခင် မဟုတ်တာလဲ။ ယနေ့ခေတ် ဘုရားသခင်လည်း စကားတွေ ပြောတယ်—အဲဒါက သူဟာ လူဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်လို့ သက်သေပြဖို့ လုံလောက်တဲ့အချက် ဖြစ်ပါသလား။ သင်က သမ္မာကျမ်းစာကို အမြင့်မြတ်ဆုံး အရာအဖြစ်လည်း မသတ်မှတ်၊ ကျမ်းစာကိုလည်း မလေ့လာဘူး—ဒါဆို သူက လူဇာတိခံယူတဲ့ ဘုရားသခင် ဖြစ်တယ်လို့ သင်ဘာကို အခြေခံပြီး ပြောနိုင်သလဲ။ သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်ပေးခဲ့တယ်လို့ သင်က ပြောတယ်။ ပြီးတော့ လက်ရှိ လုပ်နေတဲ့အဆင့်ကို ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်နေတယ်လို့ သင်က ယုံကြည်တယ်—ဒါပေမဲ့ သင်က ဘာကို အခြေခံပြီး အဲဒီလို ပြောနိုင်တာလဲ။ သင်က သင့်အာရုံကို ဘုရားသခင် ယနေ့ပြောတဲ့ စကားဆီမှာ စူးစိုက်ထားပြီး၊ သင်ဟာ သမ္မာကျမ်းစာကို ငြင်းပယ်လျက် ဘေးဖယ်ထားတယ်” ဟု ပြောကြသည်။ ထို့ပြင်၊ သင်သည် မိစ္ဆာဒိဋ္ဌိနှင့် အများနှင့်ကွဲလွဲဆန့်ကျင်မှုကို ယုံကြည်သည်ဟုလည်း ပြောကြသည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားရဲ့စိတ်သဘောထား၏ သင်္ကေတ

ဓမ္မသီချင်းများ | ဘုရားရဲ့စိတ်သဘောထား၏ သင်္ကေတ


ဘုရား ၏ စိတ်သဘောထားမှာ
လူသား ကို သူ့အချစ်နှင့်နှစ်သိမ့်ခြင်းပါနေတာ
လူသား တို့ အပေါ် သူ့အမုန်းနှင့်
အရာရာ နှံ့နှံ့စပ်စပ်နား လည်ခြင်းများရှိ
ဘုရား ၏ စိတ်သဘောထား
ဘုရား ၏ စိတ်သဘောထားသည် အရာအားလုံးကို
အုပ်စိုးသောအရှင် ပိုင်ဆိုင်သော အရာ၊
ဖန်ဆင်း ခြင်း အားလုံးပိုင်သသော သခင်၏ ပိုင်ဆိုင် သောအရာ
ဘုရားရဲ့စိတ်သဘောထားဟာ
ဘုန်းတန်ခိုးနှင့်ပြည့်စုံတဲ့ ဘုရား၏ ဖြစ်ခြင်း မြင့်မြတ်ခြင်း
ကြီးမြတ်ခြင်းနှင့်အမြင့်ဆုံးဖြစ်ခြင်း တွေ ကို ကိုယ်စားပြုတာ
ဘုရား ရဲ့ စိတ်သဘောထား
ဘုရားဟာ အစဉ်အမြဲသာ အမြင့်ဆုံးနဲ့ ဂုဏ်သရေရှိနေ
လူသားဟာ အမြဲနိမ့်ကျပြီး တန်ဖိုးကင်းမဲ့နေ
ဘုရားဟာ အစဉ်အမြဲသာ လူသားဖို့ သူ့ကိုယ်သူ နှစ်မြှုပ်ထားတာ
သို့သော် လူသားဟာ အမြဲတမ်း သူ့အတွက်သူ ကြိုးစား၊ရယူနေတာ

Read More »

သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)

သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)

သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီကျမ်းလို့ ဆိုတဲ့ဟာက ဘာကိုရည်ညွှန်းမှန်း သင်တို့သိကြလား။ ဓမ္မဟောင်းကျမ်းထဲက “ကျမ်း” ဆိုတာဟာ ယေဟောဝါဘုရားက အဲဂုတ္တု ပြည်သူတွေကိုသတ်ပစ်ခဲ့ပြီး ဣသရေလပြည်သူတွေကိုဖာရိုဘုရင်ထံမှကယ်တင်ခဲ့စဉ်တုန်းက ဣသရေလလူတွေ အတွက်ချမှတ်ပေးခဲ့တဲ့ပဋိညာဉ်ထဲမှ ပေါ်ထွက်လာခဲ့တာပါ။ ဘုရားသခင်က လူသားအတွက် ချမှတ်ပေးခဲ့တဲ့ အဲဒီပဋိညာဉ်ရဲ့ အထောက်အထားမှာ တံခါးထုပ်များအပေါ်တွင် ပေကျံနေခဲ့တဲ့ သိုးငယ်ကလေးရဲ့ သွေးပါပဲ၊ ပဋိညာဉ်တစ်ခုထဲမှာ မိမိတို့ရဲ့ တံခါးဘောင်ရဲ့ အထက်နဲ့ဘေးတွင် သိုးငယ်ကလေးရဲ့ သွေးရှိနေသူတို့ဟာ ဣသရေလ လူတွေ ဖြစ်ကြပြီး၊ သူတို့ဟာ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးများဖြစ်ကာ သူတို့ကို ယေဟောဝါဘုရားက လွတ်မြောက်စေမယ်လို့ ဆိုထားခဲ့ပါတယ် (ယေဟောဝါဘုရားဟာ အဲဒီတုန်းက အဲဂုတ္တုပြည်သူတွေရဲ့ သားဦးများနဲ့ ပထမဦးဆုံးမွေးတဲ့ သိုးနွားတွေကိုသတ်ပစ်ရန်ရှိနေခဲ့လို့ပါ)။ အဲဒီပဋိညာဉ်ထဲမှာ အဓိပ္ပါယ် နှစ်မျိုးနှစ်ဆင့်ရှိခဲ့ပါတယ်။ အဲဂုတ္တု နိုင်ငံထဲတွင် လူ ဒါမှမဟုတ် တိရိစ္ဆာန်ကို ယေဟောဝါဘုရားက မွေးခွင့်မပြုဘဲ၊ သားဦး နဲ့ ပထမဆုံးမွေးတဲ့ သိုးနဲ့တိရိစ္ဆာန်တွေကို သတ်ပစ်ဖို့ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အနာဂတ္တိကျမ်း အများအပြားတို့ထဲတွင် ယေဟောဝါဘုရားရဲ့ အဲဒီပဋိညာဉ်ကြောင့် အဲဂုတ္တု ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိမ့်မယ်လို့ ရေးသားခဲ့ကြတယ်။ ပဋိညာဥ်ပထမအဆင့်ရဲ့ အဓိပ္ပါယ်က အဲဒီလို ဖြစ်ပါတယ်။ ယေဟောဝါဘုရားဟာ အဲဂုတ္တု နိုင်ငံထဲက သားဦးတွေ အားလုံး နဲ့ ပထမဦးဆုံး မွေးခဲ့ကြတဲ့ တိရိစ္ဆာန်တွေ အားလုံးကို သတ်ပစ်ခဲ့ပြီး၊ ဣသရေလ လူတွေ အားလုံးကို ကယ်တင်ခဲ့တယ် ဆိုတော့၊ ဣသရေလ နိုင်ငံထဲက လူတွေ အားလုံးတို့ကို ယေဟောဝါဘုရားက ကောင်းကြီး မင်္ဂလာပေးခဲ့ပြီး ကယ်တင်တော်မူမယ်၊ ၎င်းဟာ သူတို့ထဲတွင် ရေရှည် အမှုတော်ထမ်းရန် ဆန္ဒရှိလျက် သိုးငယ်လေးရဲ့ သွေးကို အသုံးပြုပြီး သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တဲ့ သဘောပါပဲ။ အဲဒီအချိန်မှစပြီး၊ ယေဟောဝါဘုရားဟာ ဣသရေလ ပြည်သူတွေကို သတ်ပစ်မှာ မဟုတ်တော့ဘဲ၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အရွေးတော်ခံများအဖြစ် ထာဝစဉ် တည်ရှိနေကြမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဣသရေလအမျိုး ဆယ့်နှစ်မျိုးထဲတွင်၊ ဘုရားသခင်ဟာ မိမိရဲ့ အမှုတော်ကို ပညတ်ခေတ် တလျှောက်လုံးမှာ ထမ်းဆောင်သွားလျက်၊ ကိုယ်တော်ရဲ့ ပညတ်ချက်တွေ အားလုံးကို ဣသရေလ ပြည်သူများအား ချပြရင်း၊ သူတို့အထဲကနေပြီး ပရောဖက်များ နဲ့ တရားသူကြီးများကို ရွေးသွားမှာ ဖြစ်ပါတယ်၊ သူတို့ဟာ ဘုရားသခင် အမှုတော်ရဲ့ ဗဟိုချက် ဖြစ်ကြပါမယ်။ ယေဟောဝါဟာ သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တယ်- အဲဒီခေတ် မကုန်မချင်း ကိုယ်တော်ဟာ အရွေးခံများ အကြားမှာသာ လုပ်ကိုင်သွားမှာပါ။ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ဘုရားသခင်ရဲ့ အရွေးခံလူများနဲ့ သွေးဖြင့် ပြုလုပ်ခဲ့တယ် ဆိုတော့ ဖောက်ဖျက် မရနိုင်ခဲ့ပါ။ ပိုလို့ကို အရေးကြီးခဲ့တာက၊ ကိုယ်တော်ဟာ ခေတ်ကြီး တစ်လျှောက်လုံး ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းရွက်သွားရန်အတွက် နယ်ပယ် နဲ့ ပန်းတိုင်ကိုပါ ရွေးပေးခဲ့တယ် ဆိုတော့၊ လူတို့ဟာ ပဋိညာဉ် အထူးအရေးပါတာကို မြင်တွေ့နိုင်ခဲ့ကြပါတယ်။ အဲဒါက ပဋိညာဉ် ဒုတိယ အဆင့်ရဲ့ အဓိပ္ပါယ်ပါ။ ပဋိညာဉ်ကို မချမှတ်မီ ရှိနေခဲ့တဲ့ ကမ္ဘာဦးကျမ်းမှလွဲပြီး၊ ဓမ္မဟောင်းကျမ်း အထဲက ကျမ်းစာအုပ်တွေ အားလုံးဟာ ပဋိညာဉ်ကို ချမှတ်လိုက်တဲ့ နောက်မှာ ဣသရေလ ပြည်သူများ အကြားတွင် ဘုရားသခင်လုပ်ကိုင်ခဲ့တာတွေကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်း တင်ပေးခဲ့ပါတယ်။ အဲဒီမှာ ရံဖန်ရံခါဆိုသလို တိုင်းတပါးသားတွေ အကြောင်းလည်း ပါရှိတတ်ခဲ့ပေမဲ့၊ ခြုံပြောရရင်၊ ဓမ္မဟောင်းကျမ်းဟာ ဣသရေလ နိုင်ငံထဲက ဘုရားသခင်ရဲ့ အမှုတော်များကို ရေးမှတ်ပေးထားတာပါ။ ယေဟောဝါဘုရားက ဣသရေလ ပြည်သူများအတွက် ချမှတ်ခဲ့တဲ့ ပဋိညာဉ်ကို အကြောင်းပြုပြီး ပညတ်ခေတ်တွင် ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေကို “ဓမ္မဟောင်းကျမ်း” လို့ ခေါ်ကြပါတယ်။ ဣသရေလပြည်သူများနှင့်အတူချမှတ်ခဲ့သော ယေဟောဝါဘုရားရဲ့ပဋိညာဉ်ကိုအမှီပြု၍ ထိုကျမ်းစာအုပ်များကို အမည်ပေးထားခြင်းဖြစ်တယ်။Read More »