
လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်ကို မည်ကဲ့သို့ အစေခံသင့်သည်၊ မည်သည့်အခြေအနေများကို ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်ကို အစေခံသူများ မည်သည့်သမ္မာတရားအား နားလည်သင့်သည်နှင့် သင်တို့အစေခံရာတွင် မည်သည့်သွေဖည်မှုများရှိသည်တို့ကို ယနေ့ ငါ အဓိကအားဖြင့် ဆွေးနွေးသွားမည်။ ဤအရာတို့ကို သင်တို့နားလည်သင့်ပေသည်။ ၎င်းကိစ္စရပ်များမှာ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြသောလမ်းတွင် သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၌ သင် အဘယ်သို့ ဆက်ကပ်အပ်နှံသည်နှင့် သက်ဆိုင်ပြီး၊ သင်တို့၌ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို ၎င်းတို့က သင်တို့အား သိမြင်စေမည်။ သင်တို့သည် ထိုအဆင့်သို့ရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်ရန် အဘယ်အရာကို ပြုသင့်သည်ကို ကောင်းစွာသဘောပေါက်လာပေမည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်ပြီး၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်၊ သင်တို့သည် အကဲဖြတ်ခြင်း၊ သို့မဟုတ် စိစစ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်လိမ့်မည်မဟုတ်၊ သုတေသနပြုဖို့ဆိုလျှင် ဝေးပေစွ။ ထို့ပြင် သင်တို့အားလုံးသည် သိုးကဲ့သို့ သင်တို့ကို ထိန်းကျောင်းရန်နှင့် အသေသတ်ဖို့ရန် ဘုရားသခင်ကို အခွင့်ပေးပြီး၊ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တို့အားလုံး ၁၉၉၀ ခုနှစ်များ၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင်ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်မည်ဖြစ်သည်။ ထိုမှသာ သင်တို့သည် ၁၉၉၀ ခုနှစ်များ၏ ပေတရုများကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။Read More »