ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်

ဘုရားသခင်, သက်သေခံချက်, သမ္မာတရား, အသင်းတော်, ဧဝံဂေလိ

လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်၍ မည်မျှသည် လူသား၏ အတွေ့အကြုံဖြစ်သနည်း။ ယခုတွင်ပင် သင်သည် ဤမေးခွန်းများကို နားမလည်သေးဟု ပြောနိုင်သည်။ အကြောင်းရင်းမှာ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်သော နိယာမများကို နားမလည် သောကြောင့်သာဖြစ်သည်။ ငါပြောသော လူသား၏အလုပ် ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသောသူ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်း ခံရသောသူတို့၏ အလုပ်ကို ရည်ညွှန်းခြင်းသာဖြစ်သည်။ လူသားတို့၏ အလိုဆန္ဒမှ အခြေခံလာသောအလုပ်ကို ငါဆိုလိုခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ နယ်ပယ်အတွင်း၌ရှိသော တမန်တော်များ၊ လုပ်သားများ သို့မဟုတ် သာမန်ညီအစ်ကို မောင်နှမများ၏ အလုပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနေရာတွင် လူသား၏ အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကို မရည်ညွှန်းဘဲ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နယ်ပယ်နှင့် အလုပ်နိယာမများကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနိယာမများသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ဖြစ်နေလင့်ကစား ထိုအရာများသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့နှင့် တူညီမှုမရှိပေ။ လူသား၏ အလုပ်တွင် လူသား၏ အနှစ်သာရနှင့် နိယာမများရှိပြီး၊ ဘုရားသခင်၏ အလုပ်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် နိယာမများ ရှိသည်။Read More »