သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)

ခရစ်ယာန်ဘာသာ, ဘုရားသခင်, သမ္မာကျမ်းစာ, သမ္မာတရား, ဧဝံဂေလိတရား

ဘုရားသခင်အား ယုံကြည်မှုနှင့် ပတ်သက်လာလျှင် သမ္မာကျမ်းစာကို မည်သို့ ချဉ်းကပ် ရမည်နည်း။ ၎င်းသည် အခြေခံကျသည့် မေးခွန်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့ ထိုမေးခွန်းကို ဆွေးနွေးနေ ကြရသည်မှာ မည်သည့် အကြောင်းများကြောင့်နည်း။ အနာဂတ်တွင် သင်တို့သည် ဧဝံဂေလိတရားကို ဖြန့်ကြက်ပေးရင်း ဘုရားသခင်၏ နိုင်ငံတော်ခေတ်ကို တိုးချဲ့ပေးရမည်ဖြစ်၍၊ ယနေ့တွင် ဘုရားသခင်၏ အမှုအကြောင်းကို ပြောကြားမှု သက်သက်သည် မလုံလောက်တော့၍ ဖြစ်ပါသည်။ ဘုရာသခင်၏ အမှုကို တိုးချဲ့ပေးရန်အတွက်၊ သင်တို့သည် လူများ၏ ဘာသာရေး အယူအဆဟောင်းများနှင့် ယုံကြည်မှု နည်းဟောင်းများကို ဖြေရှင်းပေး ပြီး သူတို့ကို လုံးဝကျေနပ်လျက် ကျန်ရစ်စေရန် ပိုအရေးကြီးပါသည် — ထိုအချက် အောင်မြင်ရေးထဲတွင် သမ္မာကျမ်းစာ ပါဝင်လာရပါမည်။ လူများအနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုသည် ယုံကြည်မှု ဆိုင်ရာ (ကမ္ဘာပေါ်က အများဆုံး ကိုးကွယ်ကြသည် ဘာသာကြီး သုံးရပ်အနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ ဆိုင်ရာ) အစဉ်အလာနည်းလမ်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာ ကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပါမည်။ ထိုအချက်ကို ထပ်ပြီးရှင်းပြ ရလျှင်၊ သင်က သခင်ကို ယုံကြည်ပါသည်ဟု ဆိုလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သင်သည် သမ္မာကျမ်းစာကို စားသုံး ရမည် ဖြစ်ပြီး သင်သည် သမ္မာကျမ်းစာ မဟုတ်လျှင် သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်အပ်ပါ။ သင်က ထိုသို့ ပြုလုပ်သည်ဆိုလျှင်၊ ဘုရားသခင်အား သစ္စာဖောက်မှု ဖြစ်ပါသည်။ သမ္မာကျမ်းစာ ရှိလာခဲ့သည့် ခေတ်ကာလမှ အစပြုလျက်၊ လူများ၏ သခင်အား ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့ပါသည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းပါမည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး သူတို့သည် သခင်ထံ ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာထံ ပြန်လာ ခဲ့ကြပြီဟု ပြောမည်ဆိုလျှင် ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့သော နည်းဖြင့်၊ လူများ သည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ၎င်းကို ဆုံးရှုံး သွားလျှင် မိမိတို့၏ အသက်ကို ဆုံးရှုံးရမှုပင် ဖြစ်သည်ဟု ယူဆလျက် ကိုးကွယ်ကြပါသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ ၎င်းသည် ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု ယူဆသူများပင် ရှိကြပါသေးသည်။ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြသည့် တိုင်အောင်၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြပါသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာကို လက်လွတ်လိုက်ကြမည် သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းများနှင့်၊ နှုတ်ကပတ်များကို မေ့သွားကြပြီ ဆိုလျှင်မူ၊ သူတို့သည် သူတို့၏ အသက်များကို ဆုံးရှုံး လိုက်ရသည်နှင့် တူပါလိမ့်မည်။ သို့ဖြစ်၍၊ လူများက သခင်ကို ယုံကြည် လာသည်နှင့် သမ္မာကျမ်းစာကို စတင်ဖတ်ကြားရင်း၊ သမ္မာကျမ်းစာကို အာဂုံဆောင်ရင်းဖြင့် သမ္မာကျမ်းစာကို ပိုမိုအာဂုံဆောင်လာနိုင်ကြ သည်နှင့်အမျှ၊ သူတို့သည် သခင်ကို မြတ်နိုးကြကြောင်းနှင့် ဧရာမ ယုံကြည်သူများ ဖြစ်ကြကြောင်း ပို၍ပို၍ သက်သေထူပြ နိုင်ကြပါမည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြ ပေးနိုင်သူတို့သည် သူကောင်း ညီအစ်ကို မောင်နှမများဖြစ်သည်။ လက်ရှိ နှစ်များအတွင်းမှာ၊ လူများ၏ သခင်အား ယုံကြည်မှုနှင့် သစ္စာရှိမှုကို သမ္မာကျမ်းစာအား သူတို့၏ သိရှိ နားလည်မှု အတိုင်းအတာဖြင့် အကဲဖြတ်လာခဲ့ကြပါသည်။ လူအများအပြားတို့က သူတို့ မည်သည့်အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်ရမည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း၊ မသိရှိကြဘဲ သမ္မာကျမ်းစာ၏ ရေးသားချက်များကို အဓိပ္ပါယ် ဖွင့်ပေးနိုင်မည့် သဲလွန်စများကို မရမက ရှာကြံနေသည်မှ လွဲပြီး မည်သို့မှမလုပ်ကြပါ။ လူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းညွှန်ချက်ကို မည်သည့်အခါကမှ မလိုက်နာခဲ့ကြဘဲ၊ ထိုကာလ တစ်လျှောက်လုံးမှာ သူတို့ လုပ်ဆောင်ခဲ့ကြသည်က သမ္မာကျမ်းစာကို အရူးအမူး လေ့လာစူးစမ်းမှုမှလွဲပြီး မည်သို့မှ မရှိခဲ့ပါ၊ ထို့အပြင်၊ မည်သူမှာမှ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက် အသစ်ကို မည်သည့်အခါကမှ ရှာမတွေ့ခဲ့ပါ၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်း မလုပ်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ရဲခြင်းလည်း မရှိခဲ့ကြပါ။ လူများသည် ထိုနှစ်များအတွင်းမှာ သမ္မာကျမ်းစာကို လေ့လာခဲ့ကြပါသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို တင်ပြခဲ့ကြလျက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး သမ္မာကျမ်းစာဆိုင်ရာ ယူဆချက် အမျိုးမျိုးကို တင်ပြရင်း မဆုံးနိုင်အောင် ငြင်းခုံနေကြ၍၊ ယနေ့တွင် ဖွဲ့စည်း ထူထောင်ထားကြသည့် ဘာသာရေး ဂိုဏ်းပေါင်း နှစ်ထောင်ကျော် ရှိနေကြပါပြီ။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူးရှင်းလင်းချက်အချို့ကို သို့မဟုတ် နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ချက်များကို ရှာကြံလိုကြပြီး ၎င်းကို စူးစမ်းလေ့လာလိုကြပါသည်၊ ယေဟောဝါ၏ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် ၎င်းကို သို့မဟုတ် မည်သူမှာမှ မသိရသေးသည့် ထူးဆန်းသည့် အချက်များကို သူတို့ ရှာဖွေနေကြပါသည်။ သမ္မာကျမ်းစာအား လူများ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှု နှင့် ယုံကြည်မှု ပုံစံတစ်မျိုး ဖြစ်ပြီး၊ သမ္မာကျမ်းစာအတွင်းရှိ အကြောင်းအရာများ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမှာမှ ရှင်းလင်း ပြည့်စုံစွာ သိမရနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင်ကိုပင် အံ့ဖွယ်ထူးဆန်းချက်များကို စောင့်မျှော်နေကြသည့်အပြင်၊ သူတို့သည် ထိုအံ့ဖွယ်များကို စွဲလမ်းနေကြပြီး ယုံကြည်နေကြပါသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသော ကာလဆိုင်ရာ အမှု၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလဆိုင်ရာ နိမိတ်လက္ခဏာများက မည်သို့ရှိကြသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့၏ ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ သာ၍နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည်များကို သာ၍လက်ခံယုံကြည်လာလေလေဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုသို့ စိတ်ချခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို မရှာကြံလိုတော့ပါ။ လူများ၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်၊ ဘုရားသခင်၏ ခြေရာများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်ချက်၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်နှင့်ဆိုင်သည့် အရာတိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက် အလုံးစုံကို ရှင်းလင်းထောက်ပြ ပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ လုပ်ဆောင်ချက်ကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်ကြောင်းနှင့် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ယင်းကဲ့သို့သော ခံယူချက်များရှိနေ၍၊ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ရှာကြံလိုစိတ် မရှိကြတော့ပါ။ ထို့ကြောင့်၊ အတိတ်ကာလများတုန်းက သမ္မာကျမ်းစာက လူများကို မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသော အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာသာ မရှိခဲ့လျှင်၊ လူများသည် ဘုရားသခင်၏ ခြေရာများကို အခြားတစ်နေရာမှာ ရှာကြံနေခဲ့ကြမည် ဖြစ်သော်လည်း ယနေ့တွင် ဘုရားသခင်၏ ခြေရာများ သမ္မာကျမ်းစာထဲတွင် ရှိနေကြသည့်အပြင်၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို ဆက်ပြီး လုပ်ကိုင်ရေးသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက် လေထန်ရေဆန် ရုန်းကန်ရမှုပင်ဖြစ်တော့သည်။ ထိုသို့ဖြစ်လာရသည်မှာ၊ Read More »