တရားဝင် ရုပ်ရှင်နမူနာများ | ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

အကြံပြုစာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နောက်ဆုံးသော သဘော

 

ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

နာခံခြင်း, ခရစ်ယာန်, ဘုရားသခင်ကို သိခြင်း, ယုံကြည်ခြင်း, သမ္မာတရား

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝအသစ်တဖန်မွေးဖွားခြင်းကို သင်တို့ အယောက်စီတိုင်း စူးစမ်းခြင်းဖြင့် မြင်နိုင်သည်များမှာ ဘုရားသခင်နောက်လိုက်ခြင်းဖြစ်စဉ်တွင်၊ သင်ဘုရားသခင်ကို အမှန်တကယ် နားလည်သည်၊ အမှန်တကယ် သဘောပေါက်သည်၊ အမှန်တကယ် သိလာသည်ဖြစ်စေ၊ လူအမျိုးမျိုးအထွေထွေအပေါ်တွင် ဘုရားသခင်ထားရှိသော သဘောထားကို သင်အမှန်တကယ် သိသည်ဖြစ်စေ၊ သင့်အပေါ်တွင် ဘုရားသခင် မည်ကဲ့သို့ အလုပ်လုပ်နေကြောင်းနှင့် သင့်လုပ်ဆောင်မှု တစ်ခုချင်းကို ဘုရားသခင် မည်သို့ သတ်မှတ်သည်တို့ကို သင်အမှန်တကယ် နားလည်သည်ဖြစ်စေ စသည်တို့ ဖြစ်သည်။ သင့်တိုးတက်မှု၏ ဦးတည်ရာကို လမ်းညွှန်ပေးလျက်၊ သင့်ဘဝကြမ္မာကို စီမံလျက်၊ သင့်လိုအပ်ချက်များကို ပံ့ပိုးလျက်၊ သင့်အပါး၌ရှိသော ဤဘုရားသခင်ကို နောက်ဆုံးအကြိမ် ဆန်းစစ်ခြင်းတွင် သင်မည်မျှ နားလည်ပြီး သင်မည်မျှ အမှန်တကယ် သိပါသနည်း။ နေ့စဉ်နေ့တိုင်း သင့်အတွက် ကိုယ်တော်အလုပ်လုပ်လျက် ရှိသည်ကို သင်သိပါသလော။ ကိုယ်တော်၏ နေ့စဉ်လုပ်ဆောင်မှုတို့ အခြေခံသော နိယာမများနှင့် ရည်ရွယ်ချက်များကို သင်သိပါသလော။ သင့်ကို ကိုယ်တော်မည်သို့ လမ်းပြသည်ကို သင်သိပါသလော။ ကိုယ်တော်သည် သင့်အား မည်သည့် နည်းစနစ်များဖြင့် ထောက်ပံ့နေသည်ကို သင်သိပါသလော။ သင့်အား ကိုယ်တော် ရှေ့ဆောင်လမ်းပြနေသော နည်းလမ်းများကို သင်သိပါသလော။ ဘုရားသခင် သင့်ထံမှ မည်သည်ကို ရယူလိုသည်၊ သင့်ထံတွင် မည်သည့်အရာကို ပြီးမြောက်အောင်မြင်လိုသည်ကို သင်သိပါသလော။ သင်ပြုမူသော နည်းလမ်းအမျိုးမျိုးတို့အပေါ် ကိုယ်တော်မည်သို့ သဘောထားသည်ကို သင်သိပါသလော။ သင်သည် ဘုရားသခင် ချစ်သောသူတစ်ယောက် ဖြစ်မဖြစ်ကို သင်သိပါသလော။ ကိုယ်တော်၏ ဝမ်းမြောက်မှု၊ အမျက်တော်၊ ဝမ်းနည်းမှုနှင့် နှစ်သက်မှု၊ ယင်းတို့၏နောက်ကွယ်ရှိ စိတ်ကူးများနှင့် အကြံအစည်များ၊ ကိုယ်တော်၏အနှစ်သာရတို့၏ မူလရင်းမြစ်ကို သင်သိပါသလော။ နောက်ဆုံး အနေဖြင့် သင်ယုံကြည်သော ဤဘုရားသခင်မှာ မည်သည်ကဲ့သို့သော ဘုရားသခင်ဖြစ်ကြောင်း သင်သိပါသလော။ ဤမေးခွန်းများနှင့် အခြားသော မေးခွန်းများတို့သည် သင်ဘယ်တုန်းကမျှ နားမလည်ခဲ့သည့် သို့မဟုတ် မစဉ်းစားခဲ့သည့် အရာများ ဖြစ်နေပါသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်သို့ သင်လိုက်လျှောက်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် ကျေးဇူးတင်ပြီး တွေ့ကြုံခံစားခြင်းဖြင့် ကိုယ်တော်အပေါ် သင်နားလည်မှု လွဲနေခြင်းများကို ရှင်းလင်းပြီးပါပြီလော။ ဘုရားသခင်၏ စည်းကမ်းများနှင့် ဆုံးမခြင်းတို့ကို ရရှိပြီးနောက်တွင် စစ်မှန်သော နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့ကို သင်ပြုပါပြီလော။ ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းနှင့် အပြစ်စီရင်ခြင်းတို့လုပ်စဉ်တွင် လူသားတို့၏ ပုန်ကန်လိုစိတ်နှင့် စာတန်ကဲ့သို့ ဆိုးယုတ်သည့် စိတ်သဘောသဘာဝတို့ကို သိမြင်လာပြီး၊ ဘုရားသခင်၏ မြင့်မြတ်ခြင်းအကြောင်း အနည်းငယ်မျှလောက် နားလည်မှု ရရှိပြီးပါ၏လော။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းရခြင်းတို့ဖြင့် အသက်တာအတွက် အမြင်အသစ်ကို စတင်ရရှိပြီ လော။ ဘုရားသခင်ထံမှလာသော စမ်းသပ်စုံစမ်းခြင်းအမှုထဲတွင် လူသားတို့၏ ပြစ်မှုများအပေါ် ကိုယ်တော်သည်းမခံနိုင်မှုနှင့် သင့်ထံမှ ကိုယ်တော် တောင်းဆိုသောအရာနှင့် သင့်အား မည်သို့ ကယ်တင်နေပုံတို့ကို သင်မခံစားမိဘူးလော။ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဆိုသည်မှာ မည်သည့်အရာဆိုသည်ကို သင်မသိပါက၊ သို့မဟုတ် ဤနားလည်မှု လွဲခြင်းကို မည်သို့ ရှင်းလင်းရမှန်း သင်မသိပါက၊ သင်သည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသည့်အပြင် ကိုယ်တော်ကို မည်သည့်အခါမျှ နားလည်ခြင်း မရှိခဲ့ဟု ပြောနိုင်ပါသည်။ သို့မဟုတ် ကိုယ်တော်ကို သင်မည်သည့်အခါမျှ နားလည်လိုစိတ် မရှိခဲ့ဟု ပြောနိုင်ပါသည်။ အကယ်၍သင်သည် ဘုရားသခင်၏ စည်းကမ်းနှင့် ပြစ်ဒဏ်ခတ်ခြင်းတို့မှာ မည်သည့်အရာမှန်း သင်မသိပါမူ နာခံခြင်းနှင့် ဂရုစိုက်ခြင်းတို့မှာ မည်သည့်အရာကို ဆိုသည်မှန်း သင်မသိခဲ့ကြောင်း၊ သို့မဟုတ် ဘုရားသခင်အား သင်အမှန်တကယ် နာခံခဲ့ခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မည်သည့်အခါကမျှ မရှိခဲ့ကြောင်း သေချာလှပါသည်။ အကယ်၍ သင်သည် မည်သည့်အခါကမျှ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် တရားစီရင်ခြင်းကို ခံခဲ့ရခြင်းမရှိခဲ့ပါက၊ ကိုယ်တော်၏ ကြီးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သင်မသိမှာသေချာသည်။ ထို့ပြင် လူသားတို့၏ ပုန်ကန်ခြင်းမှာ မည်သည်ဆိုသည်ကိုလည်း သင်ရှင်းလင်းစွာ မသိမှာသေချာသည်။ အကယ်၍ သင့်မှာ အသက်တာအပေါ် မှန်ကန်သည့် အမြင် သို့မဟုတ် မှန်ကန်သည့် ရည်မှန်းချက် မည်သည့်အခါကမျှ အမှန်တကယ် မရှိခဲ့ပါလျှင်၊ သို့သော်လည်း သင့်အနာဂတ် အသက်တာလမ်းအပေါ် စိတ်ရှုပ်ထွေးခြင်း၊ ဆုံးဖြတ်ချက်မကျခြင်းတို့ ဖြစ်လျက် ရှိနေသေးပါလျှင် ရှေ့သို့ဆက်လျှောက်ရန် ချီတုံချတုံဖြစ်သည့် အခြေအနေသို့ပင် ရောက်ရှိနေပါလျှင်၊ ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို သင်မည်သည့်အခါကမျှ မရရှိကြောင်း သေချာပါသည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သင်မည်သည့်အခါကမျှ ထောက်ပံ့ခံရခြင်း၊ ဖြည့်တင်းပေးခံရခြင်းတို့ အမှန်တကယ်မရှိ ဟူ၍လည်း ပြောနိုင်ပါသည်။ အကယ်၍ ဘုရားသခင်၏ စမ်းသပ်စုံစမ်းခြင်းအမှုကို သင်မခံရသေးပါက လူသားတို့ ပြစ်မှုများအတွက် ဘုရားသခင်၏ သည်းမခံနိုင်မှုကိုလည်း သင်အသေအချာ မသိ ဆိုသည်ကို ပြောစရာပင်မလို၊ အဆုံးတွင် သင့်ထံမှ ဘုရားသခင် လိုချင်သည့် အရာကိုလည်း သင်နားလည်မည်မဟုတ်။ ထို့ပြင် လူသားတို့အပေါ် ကိုယ်တော်၏ စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်းအလုပ် တို့ကိုလည်း သာ၍နားလည်မည် မဟုတ်ချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို တွေ့ကြုံခံစားဖူးခြင်း၊ သိမြင်နားလည်ခြင်း မည်သည့်အခါမျှ မရှိခဲ့ပါလျှင် သေချာသည်မှာ ထိုသူသည် ကယ်တင်ခြင်းလမ်းသို့ လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်းသည် အမှန်တကယ် အနှစ်မပါသည့် ယုံကြည်ခြင်းဖြစ်သည်မှာ သေချာပါသည်။ ဘုရားသခင်နှင့် စပ်ဆိုင်သည့် အသိပညာတို့မှာလည်း သုညဖြစ်နေသည်မှာ သေချာပါသည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သူမသိကြောင်းကို ပြောရန်ပင်မလိုပါချေ။Read More »