ဘုရားသခင်၏ ပြောဆိုသံ | သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသော လူတစ်ဦးဖြစ်သလော

ဘုရားသခင်၏ ပြောဆိုသံ | သင်တဖန်ပြန်ရှင်ပြီးပြီလော။

သင်သည် သာမန်လူ့သဘာဝမှ အသက်ရှင်ခြင်းကိုရရှိပြီး၊ စုံလင်အောင်ပြုပြင်ခြင်းခံရပြီးသောအခါ၊ ပရောဖက်ပြုချက်နှင့် လျှို့ဝှက်နက်နဲမှုများကို သင်ပြောနိုင်မည် မဟုတ်သော်လည်း၊ သင်သည် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်နေလိမ့်မည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ထို့နောက်တွင် လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရကာ၊ ဤဖောက်ပြန်ပျက်စီးခြင်းက လူများကို “အသေကောင်များ” ဖြစ်စေခဲ့သည်၊ ဤအကြောင်းကြောင့်၊ သင်ပြောင်းလဲပြီးသည့်အခါ သင်သည် ဤအသေကောင်များမှ ခြားနားလာမည်။ လူတို့၏ဝိညာဉ်များကို အသက်ပေးကာ ပြန်လည်မွေးဖွားစေသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ လူတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားသောအခါ ၎င်းတို့သည် သက်ဝင်လှုပ်ရှားလာပြီး ဖြစ်လိမ့်မည်။ “လူသေ” ဟူသော ဖော်ပြချက်သည် ဝိညာဉ်မရှိသည့် အလောင်းကောင်များကို ရည်ညွှန်းပြီး၊ အတွင်း၌ ၎င်းတို့၏ဝိညာဉ်သေပြီးသောလူများကို ရည်ညွှန်းသည်။ လူတို့၏ဝိညာဉ်များကို အသက်ပေးသောအခါ သူတို့သည် သက်ဝင်လှုပ်ရှားလာကြသည်။ ယခင်ကဆိုခဲ့သော သန့်ရှင်းသူများမှာ သက်ဝင်လှုပ်ရှားလာပြီးသောလူများ၊ စာတန်၏စွမ်းအားအောက်တွင်ရှိသော်လည်း စာတန်အား အနိုင်ယူခဲ့သောသူများကို ရည်ညွှန်းသည်။ တရုတ်ပြည်ရှိ ရွေးချယ်ခံရသောလူများသည် အဆင်းနီသောနဂါးကြီး၏ ရက်စက်၍ လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိမ်လည်လှည့်စားမှုကို ခါးစည်းခံခဲ့ကြပြီး၊ ယင်းက သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေကာ အသက်ရှင်ရန်သတ္တိ စိုးစဉ်းမျှပင် မရှိဘဲဖြစ်စေခဲ့သည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့၏ဝိညာဉ်များ နိုးကြားလာခြင်းသည် ၎င်းတို့၏အနှစ်သာရမှ စတင်ရမည်၊ တစ်စချင်းပင်၊ ၎င်းတို့၏အနှစ်သာရထဲတွင် ၎င်းတို့၏ ဝိညာဉ်ကို နိုးကြားစေရမည်။ တစ်နေ့ သူတို့အသက်ဝင်လာသောအခါ၊ ပိတ်ဆို့မှုများ နောက်ထပ်မရှိတော့ဘဲ၊ အားလုံးချောမွေ့စွာ ရှေ့ဆက်လိမ့်မည်။ လောလောဆယ်တွင် ဤအရာသည် ဖြစ်နိုင်ခြေ မရှိသေးပေ။ လူအများစု၏ အသက်ရှင်နေထိုင်ခြင်းတွင် သေခြင်းတရား၏စရိုက်သွင်ပြင် များစွာပါဝင်သည်၊ သူတို့သည် သေခြင်းတရား၏ရောင်ဝါလက္ခဏာထဲတွင် ပိတ်ဖုံးခံရပြီး၊ သူတို့တွင် မြောက်မြားစွာချို့တဲ့နေသည်။ လူတစ်ချို့၏စကားများက သေခြင်းတရားကို သယ်ဆောင်ပြီး၊ သူတို့၏လုပ်ဆောင်မှုများက သေခြင်းတရားကို သယ်ဆောင်လျက်၊ သူတို့အသက်ရှင်သည့်အရာတိုင်းနီးပါးမှာ သေခြင်းတရားပင်ဖြစ်သည်။ အကယ်၍ ယနေ့ လူများသည် ဘုရားသခင်ကို လူသိရှင်ကြား သက်သေခံကြလျှင်လည်း၊ သူတို့သည် အပြည့်အဝ သက်ဝင်လှုပ်ရှားရန် လိုနေသေးကာ၊ သင်တို့ထဲတွင် လူသေမြောက်မြားစွာ ရှိနေသည့်အတွက်၊ ဤအလုပ်သည် ကျရှုံးလိမ့်မည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကြား သူ၏အလုပ်ကို လျှင်မြန်စွာ ပျံ့နှံ့စေနိုင်စိမ့်သောငှာ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို အဘယ်ကြောင့် မပြသနည်းဟု ယနေ့ လူတစ်ချို့က မေးကြသည်။ လူသေတို့က ဘုရားသခင်ကို သက်သေမခံနိုင်ပါ၊ အသက်ရှင်သူများကသာ သက်သေခံနိုင်သည်၊ သို့သော် ယနေ့ လူအများစုတို့မှာ သေနေကြပြီး၊ များစွာသောသူတို့သည် သေခြင်းတရား၏ လှောင်အိမ်ထဲတွင် အသက်ရှင်ကြသည်၊ သူတို့သည် စာတန်၏စွမ်းအားအောက်တွင် အသက်ရှင်ကြကာ၊ အောင်မြင်မှုကို မရရှိနိုင်ကြပေ၊ ထိုသို့လျှင် ဘုရားသခင်ကို သူတို့ အဘယ်သို့ သက်သေခံနိုင်ကြမည်နည်း။ ဧဝံဂေလိတရား၏အလုပ်ကို သူတို့ အဘယ်သို့ ပျံ့နှံ့စေနိုင်ကြမည်နည်း။Read More »

ဇာတ်လမ်းတို (၄) ဘာသာရေးဖာရိရှဲတို့၏ ချည်နှောင်ခြင်းမှလွတ်မြောက်ပြီး ဘုရားသခင်ဆီသို့ ဦးလှည့်ပါ

“ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကို အရှေ့ရော အနောက်ရောသိကျွမ်းကြတဲ့သူတွေဖြစ်ပြီးတော့၊ သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို မကြာခဏလူတွေကို ရှင်းပြလေ့ရှိတယ်။ ကျွန်ုပ်တို့မျက်စိထဲမှာတော့၊ သူတို့ဟာ ဘုရားသခင်ကိုသိကျွမ်းတဲ့သူတွေလို့ ထင်ရပေမဲ့၊ ဘာသာရေးလောကထဲက အများစုက နောက်ဆုံးသောကာလထဲမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘာလို့ရှုတ်ချပြီးဆန့်ကျင်နေကြတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “”ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏။……”(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အကြံပြုစာမျာ:

သိုးသငယ်၏ ခြေရာနောက်ကို လိုက်မှီခြင်း- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်