ဘုရားသခင်၏ ပြောဆိုသံ | သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

 

ကယ်တင်ခြင်း, ယုံကြည်ခြင်း, သက်သေခံချက်, သမ္မာတရား, ဧဝံဂေလိတရား

သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊ ငါ၏အလုပ်တို့ဖြင့် ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးဝဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲမနေနိုင်။ အကြောင်းမူကား နောက်ဆုံးသောကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏အရင်းခံ စိတ်သဘောထားကို ပြသရန်အတွက် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် မနေမနား အလုပ်လုပ်ရခြင်းတို့ ပါဝင်နိုင်သည့် များပြားလှသော အကြောင်းရင်းများကြောင့် ငါ၏စိတ်နေ သဘောထားသည် လူသားကို ငါ့အားနားလည်စေရန် အနည်းငယ်မျှ အထောက်အကူ မပြုခဲ့။ သို့ဖြစ်၍ ငါရှိနေသည့်အတွက် ငါ့ကိုတွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကိုထု၍ မရပ်မနားငိုစေရန် ငါ၏အမှု လုပ်ငန်းသစ်များတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် ငါသည် ငါ၏အစီအစဉ်သစ်၊ ငါ၏နောက်ဆုံး အမှုထဲ ရှေ့သို့ခြေလှမ်းသည်။ ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။Read More »