(၃) သမ္မာကျမ်းစာကို ကျော်လွန်သွားပါေ ကာင်းကင်နိုင်ငံတော်ရဲ့ စားပွဲကို သခင်နှင့်အတူတက်ရောက်ပါ

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာ ပြီးပြည့်စုံပြီ၊ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာပဲအခြေခံရမယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းသာ သမ္မာကျမ်းစာပေါ် အခြေခံမယ်ဆိုရင်၊ ကျွန်ုပ်တို့ဟာ သေချာပေါက် ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရမယ်။ ဒီဘာသာရေးအတွေးအခေါ်တွေဟာ မမြင်ရတဲ့ကြိုးတွေလို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို မရှာဖွေအောင်နဲ့ ဘုရားသခင်ရဲ့လက်ရှိအမှုတော်တွေကို မနာခံနိုင်အောင် ကျွန်ုပ်တို့ရဲ့အတွေးတွေကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထား၊ ချုပ်နှောင်ထားကြတယ်။ ဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာနဲ့ ဘုရားသခင်၊ ပြီးတော့ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့အမှုတော်ကြားက ဆက်သွယ်မှုကို ကျွန်ုပ်တို့ဘယ်လိုနားလည်နိုင်ကြမလဲ။ သခင်ယေရှုက၊ “ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည်အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ” (ယော ၅:၃၉-၄၀)။ လို့ပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။” လို့ပြောထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါဟာ သမ္မာကျမ်းစာကို စွန့်ခွာမှသာလျှင် ဘုရားသခင်ရှေ့တော်ကိုလာပြီး ကိုယ်တော့်ကယ်တင်ခြင်းကိုလက်ခံဖို့နဲ့ ကောင်းကင်နိုင်ငံတော်ရဲ့စားပွဲကို သူနဲ့အတူတက်ရောက်ဖို့ဖြစ်တယ်။

အကြံပြုစာမျာ:

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ဘုရားသခင်၏ စကားတော် | စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

စစ်ဆေး, ဘုရားသခင်, သမ္မာတရား, အသက်, အသင်းတော်

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက ဘုရားသခင်ကို သင်နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကိုသာ တွေ့ကြုံခံစားရသော်လည်း၊ ဘုရားသခင်နှင့် မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်သည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသည့်အအခါ ယင်းကဲ့သို့ ခံနေရကြောင်း သတိပြုမိနိုင်စွမ်းမရှိပါက ဤအရာမှာ လက်ခံနိုင်သည့်အရာ မဟုတ်ပါ။ ဤကဲ့သို့ စစ်ဆေးသော ဖြစ်စဉ်တွင် သင်သည် မားမားမတ်မတ် ရပ်တည်နိုင်ကောင်း ရပ်တည်နိုင်မည်။ ဤအရာမှာ မလုံလောက်သေးပါ၊ သင်ရှေ့သို့ချီတက်ရမည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာမှာ အဆုံးမဲ့ဖြစ်ပြီး ၎င်းတွင် မည်သည့်အခါမျှ အဆုံးမရှိပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်ရိုးရှင်းသည်ဟု လူတို့က မြင်ကြသော်လည်း လက်တွေ့ကျသော အတွေ့အကြုံအချို့ကို ၎င်းတို့ ရကြသည့်အခါ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူကို စစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ လူသည် ထိခိုက်ခံစားရသည်။ သူ၏ စစ်ဆေးခြင်း ကြီးမားလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း သာ၍ကြီးမားလေ ဖြစ်ပြီး ဘုရားသခင်၏ တန်ခိုးကြီးမားမှုသည် သူ့အထဲတွင် ပို၍ ပေါ်ထွက်လေဖြစ်၏။ အနည်းငယ်အစစ်ဆေးခံရသော လူသည် ဘုရားသခင်ကို အနည်းငယ်ချစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ တန်ခိုးကြီးမားမှုသည် အနည်းငယ် ပေါ်ထွက်မည်။ အစစ်ဆေးခံရခြင်းနှင့် နာကျင်ခြင်း ကြီးမားပြီး အညှဉ်းဆဲခံရခြင်း များလေ၊ ဘုရားသခင်ကိုချစ်သော သူ၏စစ်မှန်သည့်ချစ်ခြင်းမှာ ပို၍နက်ရှိုင်းလေ၊ ဘုရားသခင်အပေါ် ထားရှိသော သူ၏ယုံကြည်ခြင်း ပို၍စစ်မှန်လေဖြစ်ပြီး ဘုရားသခင်ကိုသိသော ပညာသည် ပို၍ နက်ရှိုင်းလာလေ ဖြစ်မည်။ ကြီးမားသော စစ်ဆေးခြင်းနှင့် နာကျင်ခြင်းကို သာမက များစွာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံရသောသူများ၌ ဘုရားသခင်အပေါ် နက်နက်နဲနဲ ချစ်သောချစ်ခြင်းရှိကာ ဘုရားသခင်အကြောင်းကို ထိုးထွင်းသိမြင်နိုင်ပြီး အလွန်လေးနက်သော ပညာရှိကြောင်း သင်၏အတွေ့အကြုံများထဲမှ သင်မြင်ရမည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံဖူးသေးသော သူများ၌ ရှိသောပညာမှာ အပေါ်ယံဖြစ်ပြီး ၎င်းတို့သည် “ဘုရားသခင် အလွန်ကောင်းမြတ်တယ်၊ လူတွေ သူနဲ့မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော် သွန်းလောင်းပေးတယ်” ဟူ၍သာ ပြောနိုင်ကြသည်။ Read More »