သခင်ကိုယုံကြည်တဲ့အခြားဘာသာရေးသမားတွေလို၊ အကြီးအကဲလီဟာ ”သမ္မာကျမ်းစာထဲရှိရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူတယ်၊” “သမ္မာကျမ်းစာသည်ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊” “သမ္မာကျမ်းစာသည် ဘုရားသခင်ကိုကိုယ်စားပြုသည်” လို့အမြဲတွေးထင်နေခဲ့ပါတယ်။ ဒီအတွေးအခေါ်တွေဟာ ဟိုးအရင်ကတည်းက သူ့ယုံကြည်ခြင်းအရင်းအမြစ်ဖြစ်နေခဲ့ပါတယ်။ ဒီစကားတွေဟာ သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့ပြီး သမ္မာတရားကိုလေ့လာဖို့အတားအဆီးနဲ့ သမ္မာတရားလမ်းကိုလက်ခံဖို့အဟန့်အတား နှစ်မျိုးလုံးဖြစ်နေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ တရားဟောဆရာတွေက စိတ်ရှည်လက်ရှည်နဲ့ အကြီးအကဲလီကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သမ္မာတရားအကြောင်းတွေကို မိတ်သဟာရဖွဲ့ပေးခဲ့တဲ့အတွက် နောက်ဆုံးတော့ သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူတာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူတွေရဲ့စကားတွေပါ ပါနေတယ်လို့သူနားလည်ခဲ့ရတယ်။ အကြီးအကဲလီဟာ အခုတော့ ဒီဘာသာရေးအတွေးအခေါ်တွေရဲ့ ခြေချင်းတွေ၊ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်ခဲ့ပါပြီ
အကြံပြုစာမျာ:
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family