လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု

လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု

သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရူပါရုံ၏ သမ္မာတရားများကို သင်တို့ မလွဲမသွေ ကျင့်ကြံပိုင်နိုင်သည့်အခါ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်၊ ဘုရားသခင် ပြုသောအမှု မည်သို့ပင်ပြောင်းလဲပါစေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံကို ရှင်းရှင်းလင်းလင်းသိပြီး သင်ဝင်ရောက်ရန်နှင့် လိုက်လျှောက်အသက်ရှင်ရန် သင်၌ ရည်မှန်းချက် ရှိနေမည်။ ထိုနည်းအားဖြင့် သင့်အထဲရှိ အတွေ့အကြုံနှင့် အသိပညာ အလုံးစုံသည် ပို၍နက်ရှိုင်းပြီး ပိုမိုပိုင်းခြားဝေဖန်တတ်လာမည်။ အခြေအနေတစ်ရပ်လုံးကို လုံးလုံးလျားလျား သင်နားလည်သဘောပေါက်လာသည့်အခါ ဘဝတွင် ဆုံးရှုံးမှုများကို ကြုံရမည်မဟုတ်သကဲ့သို့ ပျောက်ဆုံးခြင်းသို့လည်း ရောက်မည်မဟုတ်။ အကယ်၍ အဆိုပါအမှု၏ အဆင့်များကို သင်မသိပါက တစ်ဆင့်ချင်းစီတွင် ဆုံးရှုံးမှုကို ကြုံရမည်။ ရက်အနည်းငယ်အတွင်း သင်ပြန်လှည့်နိုင်မည် မဟုတ်သည့်အပြင် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင်လည်း မှန်သောလမ်းကြောင်းပေါ်သို့ တည့်မတ် ရောက်ရှိနိုင်မည်မဟုတ်။ ဤအရာသည် သင့်အား နှောင့်နှေးစေနေသည်မဟုတ်လော။ အပြုသဘောဆောင်သော နည်းဖြင့် ဝင်ရောက်နည်း မြောက်များစွာရှိပြီး သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် လက်တွေ့လုပ်ဆောင်ချက်များ ရှိနေသဖြင့် သင်သည်လည်း ဘုရားသခင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံ၊ အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ရောက်မည့်လမ်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် မည်သည့်အရာတို့ကို ရရှိရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှု၏ နိယာမများနှင့် ပြည့်စုံခြင်းအဖြစ်သို့ ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်း၏ နိယာမများစသဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံနှင့်ပတ်သက်သော အချက်အချို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။ ၎င်းတို့မှာ ရူပါရုံ၏ သမ္မာတရား အလုံးစုံဖြစ်သည်။  Read More »

ဇာတ်လမ်းတို (၁) ခြေချင်းများကိုစွန့်ပစ်ပြီး သမ္မာတရားလမ်းကို လေ့လာပါ

အကြီးအကဲလီကတော့ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့စကားတွေကို မျက်စိမှိတ်ယုံနေခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်၊ သမ္မာကျမ်းစာအပြင်ကအရာတွေဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့တယ်။ လီဟာ သမ္မာကျမ်းစာကိုဖက်တွယ်နေဖို့ပဲလိုတယ်၊ သခင်ပြန်ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရမယ်လို့ သူတွေးထင်ခဲ့တယ်။ အဲဒါကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်တွေကို လီထည့်မစဉ်းစားခဲ့ဘူး။ ဆွေးနွေးပွဲတစ်ခုမှာ၊ အကြီးအကဲလီဟာ သူ့လုပ်ဖော်ဆောင်ဘက် အကြီးအကဲအင်(မ်)က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို လေ့လာနေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ သိလိုက်ရတယ်။ အကြီးအကဲအင်(မ်)နဲ့ မိတ်သဟာရဖွဲ့ပြီးရင်းနဲ့ အကြီးအကဲလီဟာ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့ ခြေချင်းခတ်ခြင်း၊ ထောင်ချောက်ဆင်ခြင်းတွေ​ခံနေခဲ့ရတယ်ဆိုတဲ့ သနားစရာကောင်းတဲ့အမှန်တရားကို နားလည်လိုက်ရတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲလီဟာ ခြေချင်းတွေကိုချိုးဖျက်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်တဲ့လုပ်ဖော်ဆောင်ဘက်တွေကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို အတူတကွရှာဖွေဖို့၊ လေ့လာဖို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း