ခရစ်ယာန်ကဗီဒီယို | သခင်တံခါးခေါက်နေသည်

“သခင် တံခါးခေါက်နေသည်” တင်ဆက်မှုအတိုသည် နောက်ဆုံးသောကာလတွင် သခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွနု်ပ်တို့၏ နှလုံးသားတံခါးခေါက်ပုံ၊ ဉာဏ်ပညာရှိသော အပျိုစင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ပြီး သိုးသငယ်နှင့်အတူ စားသောက်ပွဲကျင်းပနိုင်ပုံတို့ကို ရှင်းပြထားသည်။ သင်းအုပ်ဆရာချန်ရှောင်ဒုံသည် သခင်ပြန်ကြွလာခြင်းကို အစဉ်စောင့်လျက်ရှိသည်။ သို့ရာတွင် အစ်ကိုဇန်သည် သူ့အား သခင် ပြန်လာနှင့်ပြီဟု သက်သေခံသည့်အခါတွင် သူသည် သခင်ကတိမ်စီးလျက်ပြန်လည်ကြွလာမည်ဟုယုံကြည်လျက်၊ စစ်မှန်သည့်လမ်းအဖို့ သူ၏နှလုံးသားတံခါးကိုပိတ်လျက် သူ၏ ကိုယ်ပိုင်အယူအဆနှင့်စိတ်ကူးစိတ်သန်းများကို ခေါင်းမာစွာ စွဲကိုင်ထားသည်။ သို့သော် ဤတစ်ခါတွင်မူ အစ်ကိုဇန်သည် သူနှင့်အတူ သခင်ပြန်ကြွလာခြင်းနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်တို့ကို ဆွေးနွေးပြီး နောက်ဆုံးသောကာလတွင် သခင်သည် နှုတ်ကပတ်တော်အသစ်တို့ကိုပြောကြားပြီး လူကို သန့်စင်ဖို့ရန်အတွက် လူ့ဇာတိခံယူပြီး လျှို့ဝှက်စွာပြန်ကြွလာမည်ဖြစ်ပြီး ထို့နောက်တွင်မှ ကောင်းသူအား ဆုလာဘ်ချီးမြှင့်၍ မကောင်းသူအား ဒဏ်ခတ်ရန်အတွက် လူအများရှေ့တွင် ပေါ်ထွန်းလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်းကို သူ တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ကျွနု်ပ်တို့၏တံခါးကိုခေါက်လျက်ရှိသည့်သခင်၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်လာပြီး သခင်၏ပြန်လည်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကအချက်သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ဖို့ရန်ဖြစ်ကြောင်းကို နားလည်လာသည်။ သူသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ အသံကို သူကြားရသည့်အခါ နောက်ဆုံးတွင် သူ၏နှလုံးသားတံခါးကိုဖွင့်ပြီး သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုလေသည်။

ဆောင်ရွက်မှုများ

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ဘုရားသခင်၏ စကားတော် | သုံးပါးတစ်ဆူ တည်ရှိပါသလော

ခရစ်တော်, သမ္မာတရား, သမ္မာကျမ်းစာ, ယေရှု, ဘုရားသခင်

လူ့ဇာတိခံယူသော ယေရှု၏သမ္မာတရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်းရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ Read More »

ခရစ်ယာန်သီချင်း | ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

result-God-s-work-aims-to-achieve

I
ဘုရားရဲ့အမှုတော်များစွာထဲမှာ
စစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်
ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက
လူသားတို့ကို သူ့စိတ်သဘောထားအား တွေ့မြင်စေ
စိတ်နှလုံးသား၌ဘုရားကို ချစ်ကြောက်စေ
ဘုရားကို ချစ်ကြောက်နာခံရမည်
ဘုရားရဲ့ဖြစ်ခြင်းနှင့်စိတ်သဘောထားသည်
ဖန်ဆင်းခံလူသားများနဲ့ ( ခြားနားပြီး )
ဖန်ဆင်းခံလူသားများအထက်မှာ ရှိ
ဘုရားဟာ ဖန်ဆင်းခံမဟုတ်၊
ဘုရားသာ ချစ်ကြောက်ခြင်း၊ နာခံခြင်းနှင့် ထိုက်တန်၊
လူသားများ နှင့်မထိုက်တန်

Read More »

ဇာတ်လမ်းတို (၆) ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသနည်း

လူအများသည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်းဖြစ်သည်ဟု လည်းကောင်း၊ သခင့်အတွက် ဒုက္ခသုခခံ၍ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း အစစ်အမှန်ဖြစ်သည်ဟု လည်းကောင်း ယုံကြည်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ခြင်းအစစ်အမှန်၏ အဓိပ္ပါယ်ကိုမူ စေ့စေ့စပ်စပ်နားလည်သူမှာ ဘာသာရေးလောကတွင် တစ်ယောက်မျှမရှိချေ။ အနန္တတန်ခိုးရှင်ဘုရားသခင်က မြွက်ဆိုထားသည်မှာ “ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်” ဟူ၍ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏။)

အကြံပြုစာမျာ: 

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

 

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင်

ခရစ်ယာန်ဘာသာ, နာခံခြင်း, သမ္မာတရား, အသက်, အသင်းတော်

လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ စသည်တို့နှင့် မသက်ဆိုင်ပဲ သူတို့သည် သူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ နာခံခြင်းနှင့် အလေးအမြတ်ထားခြင်းတို့ကို ထိန်းသိမ်းထားသည်နှင့်အမျှ သူ၏ စုံလင်စေခြင်းကို ခံစား ရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ အစွမ်းရှိသ၍ ဘုရားသခင်၏ လုပ်ငန်းများအပေါ်တွင် သင့်ကိုယ်သင် ဆက်ကပ်ထား သည်နှင့်အမျှ သင်သည် သူ၏ စုံလင်စေခြင်းကို ရရှိနိုင်သည်။ လက်ရှိတွင် သင်တို့ တစ်ဦးတစ်ယောက်မျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် လုပ်ငန်းဆောင်တာတစ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းဆောင်တာ နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ သင်တို့၏ အစွမ်းရှိသမျှ ဆက်ကပ်သည်နှင့်အမျှ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးခံသည်နှင့်အမျှ သင်တို့ကို ဘုရားသခင် သည် စုံလင်စေပါလိမ့်မည်။Read More »

ဧဝံဂေလိ ဂီတ | လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

ကယ်တင်ခြင်း, ဓမ္မသီချင်း, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု ဒုတိယ အကြိမ် ပြန်ကြွလာခြင်း

I
ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊
ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊
ဘုရား လူသားကို ကယ်တင်ဖို့ လာသည်
ဝိညာဉ်တော်ကို ဘယ်သူမှ မမြင်နိုင်၊ မထိတွေ့နိုင်၊
လူတို့ ချဉ်းကပ်၍ မရနိုင်
ဖန်ဆင်းခံလူသားအနေဖြင့်မဟုတ်ဘဲ
ဝိညာဉ်တော်အနေဖြင့် ဘုရား လူကို ကယ်တင်ခဲ့လျှင်
ဘုရား၏ကယ်တင်ခြင်း ဘယ်သူမှ မရနိုင်၊
ဟုတ်တယ်… ဘယ်သူမှ ကယ်တင်ခြင်းမခံရနိုင်ဘူး
ဘုရားသည် ဖန်ဆင်းခံလူသားဖြစ်ကာ၊
လူ့ဇာတိ၌ ထိုသူသည် နှုတ်ကပတ်တော် ထားရှိ၏
ထို့ကြောင့် ထိုသူသည် သူ့နောက်လိုက်သူအားလုံးအထဲသို့
နှုတ်ကပတ်တော် ရိုက်သွင်းပေးနိုင်သည်
ထို့ကြောင့် လူသည် သူ့နှုတ်ကပတ်တော်ကို ကြားသိ၍
လက်ခံနိုင်သည်
ထိုနည်းဖြင့် လူတွေ အပြစ်မှ အမှန်တကယ် ကယ်တင်ခြင်းခံရနိုင်သည်

Read More »

ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း

ယုံကြည်ခြင်း, သမ္မာကျမ်းစာ, ဘုရားသခင်ကို သိခြင်း, သမ္မာတရား, အသက်

လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်ကို မည်ကဲ့သို့ အစေခံသင့်သည်၊ မည်သည့်အခြေအနေများကို ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်ကို အစေခံသူများ မည်သည့်သမ္မာတရားအား နားလည်သင့်သည်နှင့် သင်တို့အစေခံရာတွင် မည်သည့်သွေဖည်မှုများရှိသည်တို့ကို ယနေ့ ငါ အဓိကအားဖြင့် ဆွေးနွေးသွားမည်။ ဤအရာတို့ကို သင်တို့နားလည်သင့်ပေသည်။ ၎င်းကိစ္စရပ်များမှာ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြသောလမ်းတွင် သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၌ သင် အဘယ်သို့ ဆက်ကပ်အပ်နှံသည်နှင့် သက်ဆိုင်ပြီး၊ သင်တို့၌ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို ၎င်းတို့က သင်တို့အား သိမြင်စေမည်။ သင်တို့သည် ထိုအဆင့်သို့ရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်ရန် အဘယ်အရာကို ပြုသင့်သည်ကို ကောင်းစွာသဘောပေါက်လာပေမည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်ပြီး၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်၊ သင်တို့သည် အကဲဖြတ်ခြင်း၊ သို့မဟုတ် စိစစ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်လိမ့်မည်မဟုတ်၊ သုတေသနပြုဖို့ဆိုလျှင် ဝေးပေစွ။ ထို့ပြင် သင်တို့အားလုံးသည် သိုးကဲ့သို့ သင်တို့ကို ထိန်းကျောင်းရန်နှင့် အသေသတ်ဖို့ရန် ဘုရားသခင်ကို အခွင့်ပေးပြီး၊ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တို့အားလုံး ၁၉၉၀ ခုနှစ်များ၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင်ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်မည်ဖြစ်သည်။ ထိုမှသာ သင်တို့သည် ၁၉၉၀ ခုနှစ်များ၏ ပေတရုများကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။Read More »

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

သက်သေခံချက်, ယုံကြည်ခြင်း, သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်

ဂျင်းနီယန် ကနေဒါနိုင်ငံ

ကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေးအရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့ သမ္မာကျမ်းစာကို ဖတ်ရှုကာ၊ အစည်းအဝေးများ တက်ရောက်ခဲ့သည်။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီးနောက်၊ သခင်ယေရှု၏ ဧဝံဂေလိသတင်းကောင်းကို ကျွန်မ ယောက္ခမကို လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မ ယောက္ခမသည် သခင်၌ စတင်ယုံကြည်လာ၍ အရေးကိစ္စများဖြစ်သည့်အခါတွင် သို့မဟုတ် အမှုအရာများကို သူမ၏ စိတ်ကူးပေါက်ရာ လုံးလုံးလျားလျား လုပ်ဆောင်သည့်အခါတွင် သူမသည် ဒေါသထွက်ခြင်း မရှိတော့သကဲ့သို့၊ ကျွန်မတို့ မိသားစုထဲမှ ပေါင်းသင်းဆက်ဆံရေးများသည် စတင် တိုးတက်လာခဲ့ပါသည်။ ကျွန်မခင်ပွန်းသည် သူ့မိခင်၏ ပြောင်းလဲမှုကို တွေ့မြင်သောကြောင့် သူလည်း ၂၀၁၅ ခုနှစ်တွင် သခင်၌ စတင်ယုံကြည်လာပြီး၊ ကျွန်မနှင့် အသင်းတော်သို့ အပတ်စဉ် သွားရောက်ခဲ့ပါသည်။ သခင်၏ ဧဝံဂေလိတရားတော်ကို လက်ခံပြီးနောက် ကျွန်မမိသားစုသည် ငြိမ်သက်ခြင်းရှိနေခဲ့သည်ကို ကျွန်မတွေ့မြင်ခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သခင်၏ ကျေးဇူးတော်ဖြစ်ကြောင်း သိရှိခဲ့ပြီးလျှင်၊ ကျွန်မ နှလုံးသား၏နက်ရှိုင်းသည့် နေရာမှနေ သခင့်ကို ကျေးဇူးတင်ရှိခဲ့ပါသည်။Read More »

(၅) ဘုရားသခင်ဟာ သခင့်အတွက် ဒုက္ခသုခခံ၍ လုပ်ဆောင်ခြင်းဟာ သခင့်အပေါ် ယုံကြည်မှု၏ လက်တွေ့ဘဝပေလား

သခင်၏အမည်နာမတော်ကို ဖက်တွယ်၍ မကြာခဏဆုတောင်းခြင်း သမ္မာကျမ်းစာဖတ်ခြင်းနှင့် တွေ့ဆုံပွဲများလုပ်ခြင်းတို့ကို လုပ်ဆောင်နေသရွေ့၊ အရာများကို စွန့်ပစ်သုံးဆွဲကာ သခင့်အတွက် ဒုက္ခသုခခံရင်း လုပ်ဆောင်နေသရွေ့၊ သခင့်အပေါ်အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်ကာ သခင်ပြန်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်သွားခြင်းခံရမည်ဟု ယုံကြည်သူအများစုက ယုံကြည်ထားကြသည်။ ၎င်းအမြင်သည် မှန်ကန်ပါသလား။ သခင်ယေရှုမြွက်ဆိုခဲ့သည်မှာ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်ပါလော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်” (ရှင်မဿဲခရစ်ဝင် ၇:၂၂ – ၂၃) ဟုဖြစ်လေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က မြွတ်ဆိုထားသည်မှာ “သင်၏ ကြိုးစားလုပ်ဆောင်မှုသည် မည်မျှပင် ချီးမွမ်းဖွယ်ဖြစ်သည်၊ သင်၏ အရည်အချင်းများသည် မည်မျှအထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှလောက် ဂုဏ်သတင်းကျော်ကြားသည်၊ သင်၏ သဘောထားသည် မည်မျှတိုးတက်မှုရှိသည်ကို ငါဂရုမစိုက်ပါ။ သင့်အား ငါတောင်းဆိုသည့် အရာကို သင်မလုပ်ဆောင်သရွေ့၊ သင်သည် ငါ၏ချီးမွမ်းခြင်းကို လုံးဝရရှိနိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏။)

အကြံပြုစာမျာ:

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ဘုရားသခင်၏ ပြောဆိုသံ | ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း

ဘုရားသခင်၏ ပြောဆိုသံ | ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့် ယုံကြည်ခြင်းကို မည်သည့်အရာဖြင့်ဖွဲ့စည်းထားသည်ကို မသိပါ။ လူသားနားလည်သည်မှာ အလွန်နည်းပါး၍ လူသားကိုယ်တိုင်တွင် မပြည့်စုံမှု များပြားလွန်းနေပါသည်။ သူသည် မဆင်မခြင် အသိဉာဏ်မဲ့စွာဖြင့်သာ ငါ့ကို ယုံကြည်သည်။ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဆိုသည်ကိုဖြစ်စေ၊ ငါ့ကို အဘယ်ကြောင့် ယုံကြည်သည်ကိုဖြစ်စေ သူမသိသော်လည်း သဲသဲမဲမဲ ဆက်၍ယုံကြည်သည်။ ငါသည် လူသားအပေါ်တောင်းဆိုသည်မှာ ဤနည်းဖြင့် ငါ့ကို သဲသဲမဲမဲပဌနာပြုရုံ သို့မဟုတ် ငါ့ကို ရောက်တတ်ရာရာ နည်းဖြင့် ယုံကြည်ရုံတို့မျှသာ မကပါ။ ငါ၏အမှုမှာ လူသား ငါ့ကိုတွေ့၍ ငါ့ကိုသိလာရန် ဖြစ်သည်။ ငါ၏ အမှုတော်ကြောင့် လူသားသည် ငါ့ကိုအထင်ကြီး၍ အမြင်သစ်တစ်မျိုးဖြင့် ကြည့်ရန်မဟုတ်။ ငါယခင်က နိမိတ် လက္ခဏာများစွာနှင့် အံ့ဘွယ်အမှုအရာများကို ပြသခဲ့ပြီး အံ့သြဖွယ်ဖြစ်ရပ်များစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဣသရေလတို့သည် ငါ့ကို ကြီးစွာသောလေးစားမှု ပြခဲ့ပြီး ဖျားနာသူတို့၏ အနာရောဂါကို ငြိမ်းစေနိုင်ပြီး နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့် ငါ၏ထူးခြားသောအစွမ်းတို့ကို လွန်စွာကြောက်ရွံ့ခဲ့သည်။ ထိုစဉ်က ယုဒလူမျိုးတို့သည် အနာရောဂါငြိမ်းစေနိုင်သည့် ငါ၏တန်ခိုးတို့မှာ ပိုင်နိုင်လှ၍ အံ့မခန်းဟု ထင်ခဲ့ကြသည်။ ဤကဲ့သို့သော ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့အားလုံး ငါ့ကို လေးစားကြ၏။ ငါ၏တန်ခိုးအားလုံးအတွက် သူတို့ ကြီးစွာသော ကြည်ညိုလေးစားစိတ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ အံ့သြဖွယ်ဖြစ်ရပ်များ ငါလုပ်ဆောင်သည်ကို တွေ့သူ မည်သူမဆိုသည် ငါ့နောက်သို့ အနီးကပ် လိုက်ခဲ့သည့်အတွက် ဖျားနာသောသူတို့၏အနာရောဂါ ငါငြိမ်းစေသည်ကို ကြည့်ရန် ထောင်ပေါင်းများစွာသော လူတို့သည် ငါ့ကိုဝိုင်းရံခဲ့ကြသည်။ ငါသည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်အမှုအရာများစွာကို ပြသခဲ့သော်လည်း လူသားသည် ငါ့ကို ပိုင်နိုင်သည့်သမားတော်တစ်ဦးအဖြစ်မျှသာ မှတ်ယူခဲ့သည်။ ထိုအချိန်က ထိုသူတို့ကို သင်ကြားသည့် စကားများစွာ ငါပြောခဲ့သည်ဖြစ်သော်လည်း ငါ့ကို တပည့်များထက်သာသည့်ဆရာအဖြစ်မျှသာ မှတ်ယူခဲ့ကြသည်။ ယနေ့တိုင်အောင်ပင် ငါ့အမှုတော်၏သမိုင်းဝင်မှတ်တမ်းများကို လူသားများတွေ့ပြီးသည်နောက် ငါ့ကို ဖျားနာသူတို့ကို အနာရောဂါငြိမ်းစေသည့် သမားတော်ကြီးတစ်ပါးနှင့် အသိဉာဏ်မဲ့သူတို့၏ဆရာဟု ထိုသူတို့ ဆက်လက် အဓိပ္ပါယ်ကောက်ကြသည်။ ထို့နောက် ငါ့ကို သနားကြင်နာတတ်သော သခင်ယေရှုခရစ်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ကျမ်းစာကို အနက်အဓိပ္ပါယ်ပြန်သောသူတို့သည် အနာရောဂါငြိမ်းစေရာတွင် ငါ့ထက်သာလွန်၍ ကျွမ်းကျင် နိုင်ခဲ့ကြပေသည်။ သို့မဟုတ် ယခု ၎င်းတို့၏ဆရာများထက် သာလွန်သည့် တပည့်များပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဤသို့သော အလွန်ထင်ရှားကျော်ကြားသော လူများဖြစ်သည့် ၎င်းတို့၏အမည်များကို ကမ္ဘာတစ်ဝှမ်း သိကြသူများက ငါ့ကို သမားတော်တစ်ဦးမျှသာဟု အလွန်နိမ့်ကျစွာ ထင်မှတ်ကြသည်။ ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ်မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာအဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးများကို အသုံးပြုရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ငါ့ထံမှငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဓနဥစ္စာကို ငါ့ထံမှ တောင်းခံရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ဤဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး နောင်လာမည့်ဘဝတွင် ဘေးကင်းလုံခြုံရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ယာယီ နှစ်သိမ့်မှုအတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမျှ ရရန်မကြိုးစားသူ ဘယ်နှစ်ဦး ရှိသနည်း။ လူသားအပေါ် ငါ့ဒေါသကျရောက်စေပြီး သူနဂိုက ပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို သူ့အား ရောဂါငြိမ်းစေရန် တောင်းဆိုသည့်အခါ ငါသည် သူ့ကို အရေးမစိုက်ဘဲ သူ့ကိုရွံရှာခြင်းရှိ၏၊ လူသားသည် ဆိုးယုတ်သော ပယောဂအတတ်နှင့် မှော်အတတ်တို့၏ နည်းလမ်းကိုရှာရန်သာ ငါ့ထံမှ ထွက်ခွာသွားခဲ့ကြသည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားသည် အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိလက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုတွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ်သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော်ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်၎င်း၊ ငါမည်သူမည်ဝါဖြစ်ခြင်းကိုသော်၎င်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ်အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာတတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်းမရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။Read More »