(မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရှင်ဇာတ်လမ်းတို (၂) သူတော်ကြောင်ဖာရိရှဲတို့သည် အဘယ်ကြောင့် အမင်္ဂလာ ရှိကြသနည်း။

သမ္မာကျမ်းစာထဲတွင် မှတ်တမ်းသွင်းထားသည်မှာ သခင်ယေရှုသည် ဖာရိရှဲတို့ကို အမင်္ဂလာ ၇ ပါးနှင့် ရှုတ်ချခဲ့လေသည်။ ယနေ့ခေတ်တွင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ လျှောက်လှမ်းသည့် လမ်းကြောင်းမှာ ဖာရိရှဲတို့၏ လမ်းစဉ်ဖြစ်နေပြီး၊ သူတို့လည်း ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို အလားတူခံစားကြရသည်။ အဘယ်ကြောင့် သခင်ယေရှုသည် ဖာရိရှဲတို့ကို ရှုတ်ချပြစ်တင်ပြီး အမင်္ဂလာ သင့်စေခဲ့သလဲ။ အဓိကအားဖြင့် သူတို့သည် ဘုရားသခင်ကို ဘောင်ခတ်ခဲ့သော သူတော်ယောင်အနှစ်သာရရှိကြသောကြောင့်လည်းကောင်း၊ ဘာသာရေးထုံးတမ်းများနှင့် နည်းဥပဒေသတို့ကိုသာ လုပ်ဆောင်ကြရန် စိတ်နှစ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်၏ ပညတ်တော်တို့ကို မည်သို့မျှမလိုက်နာခြင်းကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်တို့ကို ပစ်ပယ်ခြင်းကြောင့်လည်းကောင်း ဖြစ်လေသည်။ သူတို့လုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်၏အလိုတော်နှင့် လိုအပ်ချက်များကို လုံးဝဆန့်ကျင်နေခဲ့သည်။ ယင်းတို့သည် ဖာရိရှဲတို့၏ သီလကြောင်အနှစ်သာရဖြစ်ပြီး၊ သူတို့ကို သခင်ယေရှုက မုန်းတီးကာ အမင်္ဂလာသင့်စေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။

များပြားသောအကြံပြုချက်များ

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ဧဝံဂေလိ ဂီတ (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်)

I
အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ
ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ
ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊
ဘုရား လမ်းပြခဲ့သော သူ၏သားများသည်
ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်
ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း
ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ
အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြေွးဘဲ ရှိသနည်း
အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း
အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့်
ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း
အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို
မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း

Read More »